AI Summary
ထိုင်းနိုင်ငံ ချင်းမိုင်မြို့နယ်ရှိ ဇိမ်ခံဗီလာတစ်ခုတွင် တရားမဝင် အွန်လိုင်းငွေလိမ်လည်မှုလုပ်ငန်း လုပ်ကိုင်နေသည့် တရုတ်ဂိုဏ်းခွဲတစ်ခုကို အာဏာပိုင်များက ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့သည်။ အဆိုပါအဖွဲ့သည် ထိုင်းနိုင်ငံမြောက်ပိုင်းကို အခြေစိုက်စခန်းအဖြစ် အသုံးပြုကာ တရုတ်နိုင်ငံသားအချင်းချင်းကို ပစ်မှတ်ထား၍ ငွေလိမ်လည်မှုများ ကျူးလွန်နေခြင်းဖြစ်သည်။ ဤစစ်ဆင်ရေးအတွင်း တရုတ်နိုင်ငံသား သံသယရှိသူများကို ဖမ်းဆီးရမိခဲ့ပြီး ငွေလိမ်လည်ရာတွင် အသုံးပြုသည့် Laptop ကွန်ပျူတာနှင့် စမတ်ဖုန်း အလုံးရေ ၁၀၀ ကျော်အပါအဝင် နည်းပညာဆိုင်ရာ ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်။ လက်ရှိတွင် ဖမ်းဆီးရမိသူများကို ဥပဒေအရ အရေးယူနိုင်ရန်နှင့် ဆက်စပ်နေသည့် ရာဇဝတ်မှုကွန်ရက်တစ်ခုလုံးကို ဖော်ထုတ်ရန်အတွက် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမေးမြန်းလျက်ရှိသည်။
ချင်းမိုင်၊ ဆာရဖီ (Saraphi) မြို့နယ် အတွင်းရှိ အိမ်ယာ တစ်ခုအတွင်း အခြေစိုက်၍ ထိုင်းနိုင်ငံအတွင်း၌ တရားမဝင် အွန်လိုင်းငွေလိမ်လည်မှုလုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်ကျားဖြန်းဂိုဏ်းခွဲတစ်ခုကို အာဏာပိုင်များက အရေးပေါ် ဝင်ရောက်စီးနင်း နှိမ်နင်းခဲ့ကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။
ချင်းမိုင်ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်များအရ ယနေ့ (ဇွန်လ ၈) ရက်တွင် အာဏာပိုင်များသည် ဆာရဖီ၊ နောင်ဖိန်း (Nong Phueng) တိုက်နယ်အတွင်းရှိ တရုတ်နိုင်ငံသားအုပ်စုတစ်စု ငှားရမ်းနေထိုင်သည့် ဇိမ်ခံဗီလာကြီးတစ်ခုကို ပစ်မှတ်ထား၍ ရှောင်တခင် ဝင်ရောက်စီးနင်းခဲ့ခြင်း ဖြစ်သည်။
ချင်းမိုင်တွင် အိမ်ယာတစ်ခုအတွင်း တရုတ်ငွေလိမ်ဂိုဏ်း တစ်ခုဖမ်းမိ
အဆိုပါ သံသယရှိသူတရုတ်နိုင်ငံသားများ ကွန်ရက်သည် ထိုင်းနိုင်ငံမြောက်ပိုင်းတွင် အခြေစိုက်စခန်းဖွင့်ကာ တရုတ်နိုင်ငံသားအချင်းချင်း ပြန်လည်ပစ်မှတ်ထား၍ အွန်လိုင်းငွေလိမ်လည်မှု (Scam Center) များ လုပ်ကိုင်နေကြောင်း ထောက်လှမ်းသိရှိရပြီးနောက် ယခုကဲ့သို့ စီးနင်းမှုကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ စစ်ဆင်ရေးအတွင်း ရဲတပ်ဖွဲ့သည် ငွေလိမ်လည်မှုလုပ်ငန်းများတွင် အသုံးပြုသည့် အဓိက သက်သေခံပစ္စည်းများဖြစ်သော Laptop ကွန်ပျူတာများနှင့် စမတ်ဖုန်း အလုံးရေ ၁၀၀ ကျော်အပြင်၊ ဆင်းကတ်များနှင့် အခြားသော နည်းပညာဆိုင်ရာ ဆက်စပ်ပစ္စည်း အမြောက်အမြားကိုပါ သိမ်းဆည်းရမိခဲ့သည်။
လက်ရှိတွင် ဖမ်းဆီးရမိသူ တရုတ်နိုင်ငံသား သံသယရှိသူများကို ဥပဒေကြောင်းအရ အရေးယူနိုင်ရန်နှင့် ၎င်းတို့နှင့် ဆက်စပ်နေသည့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုကွန်ရက်တစ်ခုလုံးကို ဖော်ထုတ်နိုင်ရန်အတွက် သက်ဆိုင်ရာ ရဲစခန်း၌ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးမေးမြန်းလျက် ရှိသည်။
ကိုးကား – Chiang Mai News
The post ချင်းမိုင် အိမ်ယာတစ်ခုအတွင်း တရုတ်ငွေလိမ်ဂိုဏ်း တစ်ခုဖမ်းမိ appeared first on သျှမ်းသံတော်ဆင့်.