ကမ္ဘာ့ဖလားကြည့်ခွင့်ဗီဇာကိစ္စ အစိုးရဆုံးဖြတ်ချက်ကို ကျော်၍မရဟု ဖီဖာ ပြော
sports||3 MIN READ

ကမ္ဘာ့ဖလားကြည့်ခွင့်ဗီဇာကိစ္စ အစိုးရဆုံးဖြတ်ချက်ကို ကျော်၍မရဟု ဖီဖာ ပြော

DVB
SourceDVB
Back to News

AI Summary

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ဥက္ကဋ္ဌ အင်ဖန်တီနိုက ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဗီဇာကိစ္စရပ်များအား ကိုင်တွယ်ပုံနှင့်ပတ်သက်၍ ရှင်းပြခဲ့သည်။ ဆိုမာလီဒိုင်လူကြီး အာတန်သည် တရားဝင်ဗီဇာရှိသော်လည်း အမေရိကန်က နိုင်ငံဝင်ရောက်ခွင့် ကန့်သတ်ခဲ့သောကြောင့် ပြိုင်ပွဲမစမီ အိမ်ပြန်ခဲ့ရသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။ ဖီဖာအနေဖြင့် ဗီဇာကိစ္စများကို နည်းလမ်းရှာဖွေပေးရုံသာဖြစ်ပြီး အစိုးရ၏ ဆုံးဖြတ်ချက်ကို ကျော်လွန်၍ မရနိုင်ကြောင်း အင်ဖန်တီနိုက ပြောကြားခဲ့သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က မှန်ကန်သူများကိုသာ နိုင်ငံတွင်း ပေးဝင်မည်ဟု ပြောဆိုခဲ့ပြီးနောက် ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အာတန်ကို ဆိုမာလီနိုင်ငံတွင် သူရဲကောင်းတစ်ဦးကဲ့သို့ ကြိုဆိုခဲ့ကြပြီး အမေရိကန်၏ လုပ်ရပ်ကို ဆန့်ကျင်ကန့်ကွက်ခဲ့ကြသည်။ ဗီဇာပြဿနာများကြောင့် အမေရိကန်ကို အိမ်ရှင်အဖြစ် ရွေးချယ်ခဲ့ခြင်းအပေါ် နောင်တမရကြောင်း အင်ဖန်တီနိုက ပြောကြားခဲ့ပြီး ဖီဖာ၏ လက်မှတ်ဈေးနှုန်း မြင့်မားမှုကိုလည်း ကာကွယ်ပြောဆိုခဲ့သည်။

Photo: Reuters

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ရဲ့ ဗီဇာကိစ္စ ကိုင်တွယ်ပုံနဲ့ပတ်သက်ပြီး ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုက ရှင်းပြခဲ့ပါတယ်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ဟာ ဗီဇာကိစ္စတွေကို နည်းလမ်းရှာဖွေပေးတာသာ ဖြစ်ပြီး အစိုးရရဲ့ ဆုံးဖြတ်ချက်ကို ကျော်လို့မရကြောင်း အင်ဖန်တီနိုက ရှင်းပြခဲ့တာပါ။

ဆိုမာလီနိုင်ငံ ဒိုင်လူကြီး အာတန်ဟာ တရားဝင်ဗီဇာရှိပေမဲ့ အမေရိကန်က နိုင်ငံဝင်ရောက်ခွင့် ကန့်သတ်ခဲ့တာကြောင့် ပြိုင်ပွဲမစခင် အိမ်ပြန်ခဲ့ရတာက ထင်ရှားတဲ့ အဖြစ်အပျက် ဖြစ်ပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တာဝန်ထမ်းဆောင်ဖို့ သွားခဲ့ပေမဲ့ အမေရိကန်က ပြည်ဝင်ခွင့် မပေးခဲ့တာကြောင့် လှည့်ပြန်ခဲ့ရတဲ့ ဒိုင်လူကြီးကို ဆိုမာလီနိုင်ငံက လေဆိပ်မှာ သူရဲကောင်းတယောက်လို ကြိုဆိုခဲ့ကြသလို နောက်နေ့မှာ မိုဂါဒစ်ရှူးမြို့ ဘောလုံးကွင်းမှာ အခမ်းအနားနဲ့ ဂုဏ်ပြုပွဲတွေ ပြုလုပ်ပြီး အမေရိကန်ရဲ့လုပ်ရပ်ကို ဆန့်ကျင်ခဲ့ကြပါတယ်။

အင်ဖန်တီနိုက “ဆိုမာလီနိုင်ငံ ဒိုင်လူကြီးရဲ့ အဖြစ်အပျက်က ကံမကောင်းဘူးပဲ ပြောရမှာပါ။ ကျနော်တို့အဖွဲ့က အစိုးရတွေအပေါ်ကို ကျော်လွန်ပြီး ဆုံးဖြတ်နိုင်တဲ့ ကမ္ဘာ့ဘုရင်တွေ မဟုတ်ပါဘူး။ ကျနော်တို့က အားကစားအဖွဲ့အစည်းတခုပဲ ဖြစ်ပါတယ်။ ကျနော်တို့ အဖြေရှာဖွေဖို့ ကြိုးစားတယ်။ တခါတလေမှာ ပြဿနာကိုဖြေရှင်းဖို့ အဖြေရှာနေချိန်မှာ ဝေဖန်မှုတွေနဲ့လည်း ရင်ဆိုင်ရပါတယ်” လို့ ပြောပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကတော့ မှန်ကန်တဲ့သူတွေကိုပဲ အမေရိကန်နိုင်ငံထဲကို ပေးဝင်မယ်လို့ ပြောထားပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲကြည့်ဖို့ ဗီဇာမရမှာကို စိုးရိမ်မှုတွေ ရှိနေတယ်လို့ သတင်းထောက်ရဲ့ မေးမြန်းမှုကို ထရမ့်ပ်က ပြန်လည်ဖြေကြားခဲ့တာပါ။

ဗီဇာကိစ္စ ပြဿနာတွေကြောင့် အမေရိကန်ကို အိမ်ရှင်အဖြစ် ရွေးချယ်တာကို နောင်တရလားဆိုတဲ့ မေးခွန်းကို အင်ဖန်တီနိုက နောင်တမရဘူးလို့ ဖြေခဲ့ပါတယ်။

နိုင်ငံရေးအခြေအနေတွေ ရှုပ်ထွေးနေချိန်မှာ အီရန်အသင်း ပါဝင်ခွင့်ရအောင် ဖီဖာအဖွဲ့က ကြိုးစားထားတာကိုလည်း သူက ထောက်ပြခဲ့ပါတယ်။

ဒါ့အပြင် ဖီဖာရဲ့ လက်မှတ်ဈေးနှုန်းကြီးမြင့်တာကို အင်ဖန်တီနိုက ကာကွယ်ပြောဆိုခဲ့ပါတယ်။

ဆက်စပ်သတင်းများ

AI Curated
ကမ္ဘာ့ဖလားကြည့်ခွင့်ဗီဇာကိစ္စ အစိုးရဆုံးဖြတ်ချက်ကို ကျော်၍မရဟု ဖီဖာ ပြော | YGN Daily