# ရေမြောသီး (ဂျူး)

### (၁)

[span_0](start_span)ပိတ်ထားသောတံခါးတစ်ချပ်ကို ကြာမြင့်စွာ ငေးစိုက်ကြည့်တတ်သော အလေ့အကျင့်တစ်ခုကို မကြာသေးမီက ရခဲ့သည်[span_0](end_span)။ [span_1](start_span)အခန်းတံခါးကို ဖွင့်ထားလျှင် ဖြစ်နိုင်သော်လည်း ပိတ်ထားဖို့ကို ဆန္ဒပိုရှိသောကြောင့် အမြဲလိုလို ပိတ်ထားခဲ့၏[span_1](end_span)။ အခန်းအပြင်ဘက်လှေကားဆီမှ ဖြတ်သန်းသွားသော ခြေတောက်များစွာကို မမြင်လို သောကြောင့်ဟု ကိုယ့်ကိုယ်ကို မခိုင်လုံစွာ အကြောင်းပြခဲ့ပါသည်။ ခွာမြင့်ဖိနပ်စီးထားသော ခြေတောက်များ၊ [span_2](start_span)ခုံထူ ယိုးဒယားဖိနပ် စီးထားသော ခြေတောက်များ[span_2](end_span)။ [span_3](start_span)ဤအရာများသည် တစ်ဦးတစ်ယောက်အတွက် အနှောင့်အယှက် ဖြစ် မဖြစ် မသေချာသော်လည်း ကျွန်မကတော့ ဂုတ်ရှက်ခတ်နေသော ခြေတောက်များကို ကြည့်မိလျှင် မူးဝေလာတတ်သည်[span_3](end_span)။

[span_4](start_span)လှေကားထိပ်နှင့် ကပ်လျက်အခန်းမှာနေထိုင်မိသည့်အတွက် ခြေတောက်များစွာကို မြင်ရသောအခါ ကျွန်မကိုယ် ကျွန်မ အပြစ်တင်လိုက်မိသေးသည်[span_4](end_span)။ [span_5](start_span)သို့သော် ခြံဝင်းရှေ့ ဘယ်ဘက်လမ်းမသို့ မျက်နှာမူ နေသော အခြားအခန်းတစ်ခုခုကို မရွေးချယ်မိခဲ့သောကြောင့် ကိုယ့်ကိုယ်ကို မကြာခဏ ကျေးဇူး တင်ရပါသည်[span_5](end_span)။ ပြတင်းပေါက် မှနေ၍ စက်ဘီးများ၊ မျက်နှာများ၊ လက်များ၊ ခြေတာက်များကို မြင်ရ သည်နှင့်စာလျှင် သစ်ရွက်ခြောက်များ သစ်ရွက်စိမ်းများ၊ [span_6](start_span)ပန်းပွင့်များကို မြင်နေရသည်က ပို၍ ကျေနပ်စရာ ကောင်းသည်မဟုတ်လား[span_6](end_span)။

[span_7](start_span)ကျွန်မအခန်း၏ တစ်ခုတည်းသော ပြတင်းပေါက်သည် ခြံဝင်းအနောက်ဘက်သို့ မျက်နှာ မူ လျက်ရှိပြီး ပြတင်းပေါက်ကို ကျွန်မအကြိုက် ဇာခန်းဆီး ပါးပါးလှပ်လှပ်ကလေး တပ်ဆင်ထားသည်[span_7](end_span)။ [span_8](start_span)ကျွန်မ၏ ဇာခန်းဆီးလေးသည် အင်ဒရူးဝိုင်ယက်၏ဇာခန်းဆီးလောက် နူးညံ့ သိမ်မွေ့ခြင်းမရှိသော်လည်း အရာရာတွင် အဆင်မပြေသော လူ့တစ်ယောက်အဖို့ ရင်ခုန်ယစ်မူးဖွယ်ရာ ဖြစ်လာခဲ့၏[span_8](end_span)။

[span_9](start_span)ဇာခန်းဆီး၏ ပန်းပွင့်ပန်းနွယ် ရိပ်ရိပ်ကလေးများကို ရေတွက်နေရင်း အရယ်အပြုံး နည်းပါးသာ နှုတ်ခမ်း ပါးပါးလေးအစုံကို ပြန်လည်သတိရလာဖူးသည်[span_9](end_span)။ [span_10](start_span)နောက်ပြီး စံကားပွင့်ကလေးများ အမြင့်မှ ချာချာလည်ကာ ဝေ့ဝဲကျလာပုံကို ရိုက်ပြထားသော မြန်မာရုပ်ရှင်ကားတစ်ခုထဲမှ ချစ်စဖွယ်ပြကွက်ကလေးတစ်ခုကို ပြန်လည် မြင်ယောင်လာဖူးသည်[span_10](end_span)။ [span_11](start_span)ဇာခန်းဆီး လူးလွန့်ပွတ်တိုက်သံကို နားထောင်ရင်း ပုဇဉ်းရင်ကွဲကောင် သေးသေးကလေးများကို ဖမ်းပြီး ဖန်ဘူးထဲထည့်ခဲ့ဖူးသည့် ကလေးဘဝတုန်းက အဖြစ်အပျက်တစ်ခုကို သတိရလာဖူးသည်[span_11](end_span)။ [span_12](start_span)မိုးစွေငှက်ကလေးတစ်ကောင် မယ်ဇလီပင်ခြေရင်းမှာ အော်မြည်နေသော အသံစူးစူးကလေးတစ်ခုကို ကြားယောင်လာဖူးသည်[span_12](end_span)။

[span_13](start_span)ဇာခန်းဆီးကလေး ရွေ့လျားသံအောက်တွင် လွန်ခဲ့သည့်နှစ်အနည်းငယ်က မွှေးဖူးသော ပန်းရနံ့တစ်ခု ပြန်လည်မွှေးပျံ့လာတတ်သေး၏[span_13](end_span)။ [span_14](start_span)လွန်ခဲ့သော ဆယ်နှစ်ခန့် က အသံများလည်း ပါဝင်သည်[span_14](end_span)။ မှတ်စုရေးမနေသော အချိန်များ၊ အိမ်သို့ စာရေးမနေသော အချိန်များ၊ [span_15](start_span)စာအုပ်တစ်ခုခုကို ဖတ်မနေသာ အချိန်များတွင် ခုတင်ပေါ်မှာ ထိုင်ရင်း ပြတင်းပေါက်ကိုဖွင့်ပြီး ခန်းဆီးလေး လှုပ်ရမ်းနေသည်ကို အကြာကြီးကြည့်နေခဲ့ရသည်[span_15](end_span)။ [span_16](start_span)အဖော်ဟူ၍ မည်မည်ရရရေတွက်စရာမရှိသော ကျွန်မဘဝတွင် ခန်းဆီးစဖြူဖြူလေးနှင့် ရေနံရည်ဝနေသော နက်ကျောကျောပြတင်းပေါက်လေးသည်သာ ကျွန်မချစ်သူများဖြစ်ခဲ့သည်[span_16](end_span)။

### (၂)

[span_17](start_span)ချစ်သူဟူသော ဝေါဟာရတစ်ခုသည် ကျွန်မအတွေးထဲသို့ ခပ်ငယ်ငယ်အရွယ်ကတည်းက မကြာခဏ ဝင်ရောက်လာတတ်သော်လည်း ပုံသဏ္ဍာန် မထင်ရှားသော အရိပ်အရောင်တစ်ခုခုကို အဝေးက ကြည့်နေရသလိုပါပဲ[span_17](end_span)။ [span_18](start_span)အချစ်၏ပုံစံကို သရုပ်ဖေါ်ကြည့်ဖို့ စိတ်ဝင်စားသော အရွယ်တုန်းကတော့ ဘယ်လို များပါလိမ့်ဟု အမျိုးမျိုးတွေးတော ယူခဲ့ဖူး၏[span_18](end_span)။ [span_19](start_span)သို့သော် ပါကြောင်ကြောင် စိတ်လှုပ်ရှားမှု တစ်မျိုးဖြစ်နေမှာ ပါပဲလေဟု အဆုံးသတ်လိုက်ရသော အကြိမ်များစွာဖြစ်လာသောအခါ စဉ်းစားကြည့်ဖို့ စိတ်မဝင်စားတော့ချေ[span_19](end_span)။

[span_20](start_span)သူတို့က ပြောခဲ့တာကတော့ တစ်ချိန်ချိန်မှာ ချစ်သူရလာမှာပါပဲတဲ့[span_20](end_span)။ [span_21](start_span)ဤစကားကို လက်ခံဖို့ သိပ်မလွယ်ကူ သော်လည်း စိတ်ဝင်စားစရာကောင်းသော စကားတစ်ခွန်းဖြစ်သည်ကိုတော့ မငြင်းနိုင်ပါ[span_21](end_span)။ [span_22](start_span)ချစ်သူဆိုတာ... အင်း.. တစ်ယောက်တည်းသော တွယ်ရာမဲ့အမျိုးသမီးအတွက် လက်တွဲဖို့ လူတစ်ယောက်ယောက် ကို ခေါ်တာလား[span_22](end_span)။ ရုပ်ရှင်လက်မှတ်တန်းစီဖို့ ခက်ခဲသောလူတစ်ယောက်အတွက် တန်းစီပေးမည့် လူတစ်ယောက်လည်းဖြစ်နိုင်သည်။ [span_23](start_span)မိန်းကလေးတစ်ယောက်တည်း လမ်းလျှောက်သွားဖို့ မသင့်တော်သော ညချမ်းအချိန်များတွင် စောင့်ရှောက်သူအဖြစ် လိုက်ပါပေးမည့် လူတစ်ယောက်ကို ချစ်သူဟု ခေါ်လိမ့်မည်[span_23](end_span)။

[span_24](start_span)သွေးပျက်ဖွယ်ရာ စာမေးပွဲများကို ရင်ဆိုင်ရတိုင်း “ဒီလိုဖြေခဲ့တယ် မဟုတ်လား၊ ဒီလောက်ပြေနိုင်ရင် အောင်တာပဲ၊ အောင်ပါတယ်ကွာ” ဟု နှစ်သိမ့်အားပေးမည့်သူတစ်ယောက်ကို ချစ်သူဟု ခေါ်လိမ့်မည်[span_24](end_span)။ [span_25](start_span)“နေစမ်းပါဦးကွ.. မင်းက ဟိုခွေးသားကို ပြုံးပြစကားပြောရလောက်အောင် ဒီကောင်က...” ဟု မနာလိုဝန်တိုစွာ အော်ဟစ်ပစ်မည့်လူတစ်ယာက်ကို ချစ်သူဟု ခေါ်လိမ့်မည်[span_25](end_span)။

အကူအညီပေးခြင်း၊ [span_26](start_span)ဝန်တိုမှု ပေးခြင်းကို ချစ်သူဟု သတ်မှတ်ရတော့မှာလား[span_26](end_span)။ အင်းလေ.. မိန်းကလေး၏ အေးစက်သော ပါးပြင်လေးများကို နွေးထွေးလာအောင်၊ [span_27](start_span)ညှိုးနွမ်းသော နှုတ်ခမ်းလေးတို့ကို လန်းဆန်းတောက်ပလာအောင် အဲဒီ ချစ်သူဆိုတာက တတ်စွမ်းလိမ့်မည်[span_27](end_span)။ [span_28](start_span)သို့ပေမယ့် ဒီလောက်လိုအပ်ချက်လေးတွေကို ဖြည့်စွမ်းပေးတတ်ရုံမျှဖြင့် သူစိမ်းတစ်ယောက်ကို ချစ်သူဟု သတ်မှတ်ဖို့ တော့ အနည်းငယ်ငြင်းဆိုဖွယ်ရာရှိပါသေးသည်[span_28](end_span)။

[span_29](start_span)ချစ်သူ တစ်ယောက်ရရှိဖို့မှာ ထိုလူကို ကျွန်မချစ်ဖို့လည်း လိုမှာပဲမဟုတ်လား[span_29](end_span)။ ချစ်ဖို့ဆိုတာကလည်း အရိုးဆုံး ပြောရလျှင်တော့ သူ့မျက်နှာကိုကြည့်မိရင် ရယ်ချင်မနေဖို့၊ နောက်ပြီး နှာခေါင်းရှုံ့မနေချင်ဖို့၊ [span_30](start_span)နောက်ပြီး ခါးသက်သက် ခံစားမနေရဖို့ပဲပေါ့[span_30](end_span)။ [span_31](start_span)သူက ကျွန်မကို စိုက်ကြည့်လျှင် ကျွန်မ မနေတတ်မကြည့်ရဲဖြစ်ပြီး မျက်လွှာ ချပစ်ချင်လာရမည်[span_31](end_span)။ [span_32](start_span)သူ့မျက်လုံးများသည် ကျွန်မ ကြာမြင့်စွာ ရင်ဆိုင်မကြည့်ဝံ့လောက်အောင် ညှို့နိုင်စွမ်းရမည်[span_32](end_span)။ [span_33](start_span)သူကများ စကားပြောလျှင် ကျွန်မ နှလုံးခုန်မြန်စွာ အဓိပ္ပာယ်မဲ့ငေးမော မိလောက်အောင် စိတ်လှုပ်ရှားလာရမည်[span_33](end_span)။ [span_34](start_span)အို.. အဲဒီလို ကျွန်မ မိန်းမူးစွဲလမ်းရမယ့် ဆွဲဆောင်နိုင်သူ့တစ်ယောက်ယောက်ကို ဘယ်ကများ ရှာလို့ တွေ့နိုင်မှာလဲကွယ်..[span_34](end_span)။

[span_35](start_span)သူတို့က ပြောခဲ့တာကတော့ ကျွန်မ တစ်ချိန်ချိန်မှာ ချစ်သူရလာမှာပဲတဲ့[span_35](end_span)။ တစ်ခါတစ်ခါတော့ စိတ်ကူးယဉ်ကြည့်ဖူးပါသည်။ [span_36](start_span)ကျွန်မ ချစ်သူဟာ ဘယ်လိုပုံစံမျိုးရှိမှာပါလိမ့်ဟု[span_36](end_span)။

* [span_37](start_span)“ရက် ဘတ်တလာ” လို မျက်နှာကို ထွင်းဖေါက်သိမြင်တတ်ပြီး သရော်သလိုလို ထပ်ထေ့ထေ့အပြုံးနှင့် အရာရာကို အမြဲ အနိုင်ရနေတတ်သော တစ်ယောက်များလား[span_37](end_span)။

* [span_38](start_span)မျက်မှန်ဝိုင်းတတ်ထားပြီး လူမှုဆက်ဆံရေး အလွန် ညံ့ဖျင်းသော်လည်း ဟန်ဆောင်မှုကင်းမဲ့သော ဉာဏ်ထက်မြက်သည့် ခပ်ကြောင်ကြောင် လူတစ်ယောက်များလား[span_38](end_span)။

* [span_39](start_span)လူ့တကာကို လေးစားစွာ ခေါင်းညွတ်နှုတ်ဆက်တတ်သော ကဗျာဆရာဟု အမည်ခံထားသည့် ယိုင်နဲ့နဲ့ လူ့တစ်ယောက်များလား[span_39](end_span)။ (ဒါပေမယ့် ပူဒဏ်ကြောင့် ပျော့အိစကွေးညွှတ်နေသော ဖယောင်းတိုင်များကို မြင်မိလျှင်ပင် အားမလိုအားမရ စိတ်အနှောက်အယှက်ဖြစ်တတ်သော ကျွန်မအဖို့ သည်လို ပျော့ညံ့ညံ့ လူမျိုးကိုလည်း ဘယ်တော့မှ ချစ်သူအဖြစ် ခံယူလို့ရမှာ မဟုတ်ပါဘူးလေ) [span_40](start_span)။

* လေကောင်ဂျင်ဝိုင်းနှင့် ဖဲဝိုင်းတို့တွင် အမြဲကျင်လည်နေပြီး ဉာဏ်သိပ်ကောင်းသော အလုပ်သင်ဆရာဝန်တစ်ယောက်များလား[span_40](end_span)။

[span_41](start_span)တွေးတောရင်း စိတ်ကူးရင်းနှင့် နှစ်ဆယ့်လေးနှစ်မြောက်မွေးနေ့ကို လွန်မြောက်လာသောအခါ ရယ်စရာ တော်တော် ကောင်းသွားပါသည်[span_41](end_span)။ [span_42](start_span)ကျွန်မကို လာရောက်ချဉ်းကပ်ခဲ့သော ယောက်ျားအချို့ကို ချစ်သူဖြစ်ဖို့ အနည်းငယ်မျှ စိတ်ကူးမဝင်ခဲ့မိခြင်းကြောင့် ကျွန်မ နောင်တမရပါ[span_42](end_span)။ [span_43](start_span)တစ်ခါတစ်ခါတော့ (သိပ်ပျင်းလျှင်) ထိုလူများကို ပြန်လည် တွေးတောကြည့်မိသည်[span_43](end_span)။ [span_44](start_span)နာမည်အက္ခရာအစီအစဉ်အတိုင်း စဉ်းစားဖို့ ဖိုးတဝါးဖြစ်နေလျှင် နှစ်ကာလ အလိုက်စီစဉ်ပြီး ငယ်ငယ်တုန်းကအစ နည်းနည်းအသက်အရွယ်ရလာချိန်အထိ ပြန်တွေးတော့ မျက်နှာတစ်ချို့ကို မှတ်မိလာသည်[span_44](end_span)။

မျက်မှန်တပ်ထားသော မျက်နှာနှစ်ခုလား၊ [span_45](start_span)သုံးခုလား မသေချာပါ[span_45](end_span)။ တစ်ယောက်က မျက်မှန်ကို တပ်ထားလိုက်၊ [span_46](start_span)ချွတ်ထားလိုက်လုပ်တတ်သောကြောင့်ဖြစ်သည်[span_46](end_span)။ သာမန်မျက်နှာ၊ သာမန်ထက် အနည်းငယ် ရုပ်ရည် ချို့တဲ့သောမျက်နှာ၊ ပြုံးနေသော မျက်နှာ၊ ပြုံးခြင်းရယ်ခြင်းကင်းမဲ့သောမျက်နှာ၊ အနည်းငယ်ထူအမ်းသော နှုတ်ခမ်းများ၊ [span_47](start_span)ပါးလှစ်သော နှုတ်ခမ်းများ (လှပသော နှုတ်ခမ်းတစ်ခုကို ယခုထိ နှစ်သက်ဆဲဖြစ်သော်လည်း နှုတ်ခမ်းလှလှလေး ရှိနေရုံမျှဖြင့် ချစ်သူဖြစ်မလာနိုင်ဘူးလေ)[span_47](end_span)။

“စိတ်သဘောချင်း တိုက်ဆိုင်မလား” ဟူသောစကားဖြင့် လက်ထပ်ခွင့်တောင်းသူ၊ [span_48](start_span)(ကြည့်စမ်းပါဦးကွယ်၊ စိတ်သဘောထားချင်း ဘယ့်နှယ်တူနိုင်မှာလဲ[span_48](end_span)။ ကျွန်မက ဦးမညွတ်တတ်သူ၊ မိတ်ဆွေထက် ရန်လိုသူက ပေါများသူ၊ သူတို့က လေးစားသဖြင့် ဦးညွှတ်တတ်သူများ၊ [span_49](start_span)ရန်လိုသူထက် မိတ်ဆွေက ပေါများသူများ)[span_49](end_span)။ [span_50](start_span)“သနားချစ်နဲ့ ချစ်တာ” ဟု ဆိုလာသူက တစ်ယောက်နှစ်ယောက်[span_50](end_span)။ [span_51](start_span)“နင်တစ်ယောက်တည်း ရုန်းကန်ရပ်တည် အသက်ရှင်ရတာ မပင်ပန်းဘူးလား၊ မငြီးငွေ့ဘူးလား၊ ဘေးက အတူရင်ဆိုင်ဖို့” တဲ့[span_51](end_span)။ [span_52](start_span)သွားစမ်းပါ[span_52](end_span)။ [span_53](start_span)အချစ်မှာ အကူအညီဆိုတာ မရှိပါဘူး[span_53](end_span)။

[span_54](start_span)“တစ်ယောက်က အထင်ကြီးတာက စခဲ့တာပါ” တဲ့[span_54](end_span)။ [span_55](start_span)ဘုရားရေ.. မိန်းမတစ်ယောက်ကို အထင်ကြီးကိုးကွယ်တတ်တဲ့လူတစ်ယောက်ကို အဲဒီမိန်းမက ဘာတွေများ ကောင်းချီးပေးလိုက်ရမလဲ[span_55](end_span)။ [span_56](start_span)တစ်စုံတစ်ယောက်ကို ချစ်သူလုပ်ဖို့ဆိုရာမှာ အဲဒီလူကို ကျွန်မကသာလျှင် အထင်ကြီး လေးစားဖို့ လိုအပ်မည်မဟုတ်လား[span_56](end_span)။ [span_57](start_span)ငယ်စဉ်တုန်းကတော့ “လူတစ်ဦး တစ်ယောက်ချင်းရဲ့ ရောဂါဝေဒနာကို ကုသဖို့ထက် နိုင်ငံတစ်နိုင်ငံရဲ့ ရောဂါဝေဒနာကို ကုသဖို့က အရေးကြီးပါတယ်” ဟူသော ဆရာဝန် တော်လှန်ရေးသမားလိုလူမျိုးကို အထင်ကြီးခဲ့ဖူးသည်[span_57](end_span)။ [span_58](start_span)ယခုလို အသက်အရွယ်ရလာသည့်အခါမှတော့ တစ်ယောက်ယောက်ကို အထင်ကြီးလေးစားဖို့ သိပ်ခက်ခဲသွားခဲ့ပြီ[span_58](end_span)။ [span_59](start_span)သေတမ်းစာရေးပြီး မှာကြားထားရစ်ခဲ့ဖို့ တစ်ယောက်ယောက်မျှ မကျန်ခဲ့ရင်တော့ သေရမှာ အနည်းငယ်ပျင်းခြောက်ခြောက်နိုင်မှာပဲ[span_59](end_span)။ [span_60](start_span)ဒါပေမယ့် သိပ်လိုအပ်လှတာ မဟုတ်ပါဘူးလေ[span_60](end_span)။

### (၃)

[span_61](start_span)ကျွန်မအနားမှာ စကားသင်ကာစ ချစ်စဖွယ် ကြက်တူရွေးလေးတစ်ကောင်တော့လိုအပ်မည်[span_61](end_span)။ [span_62](start_span)ကြက်တူရွေးကလေးကို ကျွန်မ၏ နာမည်ခေါ်တတ်အောင် သင်ပေးထား ရမည်[span_62](end_span)။ [span_63](start_span)သူ့ကို အများကခေါ်သလို ရွှေခဲ ဟုမခေါ် “အေလိန်း” ဟုခေါ်ရမည်[span_63](end_span)။ (ကျွန်မသိပ်သဘောကျသော ပြင်သစ်ရုပ်ရှင်မင်းသားနာမည်ကို အေလိန်းဒီလွန်ဟု ကျွန်မ အသံထွက်ပါသည်) [span_64](start_span)။

အေလိန်းက ပေါင်မုန့်မှ ကြိုက်တတ်ပါ့မလား[span_64](end_span)။ [span_65](start_span)ကျွန်မ ခုတလောထမင်းမစားပဲ ပေါင်မုန့်နှင့် ကော်ဖီပဲ သောက်နေသည်[span_65](end_span)။ [span_66](start_span)သိပ်စပ်စုတတ်သော ဘော်ဒါဆောင်နေ အမျိုးသမီးတစ်ယောက်က အံ့ဩတကြီး “ထမင်းမစားပဲ နေနိုင်တယ်နော်” ဟု အရွှတ်တုန်းက “ပိန်အောင်လို့၊ ကိုယ်အလေးချိန်လျော့အောင်လို့” ဟု ပြောလိုက်ချင်သော်လည်း အလွန်အမင်းပိန်လျသော ကိုယ့်ကိုယ်ကို ပြန်အားနာသဖြင့် ထမင်းမစားချင်လို့ဟု ဖြေလိုက်ဖူးသည်[span_66](end_span)။ [span_67](start_span)အင်းလေ.. ထမင်းစရိတ်ထက် ကော်ဖီနှင့် ပေါင်မုန့် စရိတ်က ပိုမိုသက်သာသည်ဟု ဖြေလို့ မကောင်းဘူး မဟုတ်လား[span_67](end_span)။

[span_68](start_span)နေစမ်းပါဦးလေ[span_68](end_span)။ [span_69](start_span)အေလိန်းကို ဘာစကားတွေ သင်ပေးရမလဲ[span_69](end_span)။ [span_70](start_span)“ဘယ်သူလဲ” ဟူသော စကားနှင့် “သူခိုး” ဟူသောစကားနှစ်ခုဆိုလျှင် လုံလောက်ပြီလား[span_70](end_span)။ [span_71](start_span)ရယ်မောတတ်အောင် သင်ပေးလို့ရလျှင်လည်း အေလိန်း ရယ်မောသံကို နားထောင်ချင်သေးသည်[span_71](end_span)။ [span_72](start_span)လူတွေ ရယ်မောသံလို ခပ်အောက်အောက်အသံမျိုး အေလိန်းမှာ မရှိနိုင်[span_72](end_span)။ [span_73](start_span)အေလိန်းကိုပါထည့်တွက်လျှင် ကျွန်မအခန်းကျဉ်းကလေး တော်တော်ပြည့်စုံသွားလိမ့်မည်[span_73](end_span)။

[span_74](start_span)ခုတင် သေးသေးလေးတစ်ခုသည် ပြတင်းနှင့်ကပ်လျက် အခန်းတစ်ဖက်အစွန်းတွင် ရှိနေမည်[span_74](end_span)။ [span_75](start_span)တစ်နှစ်နေမှ တစ်ခါနှစ်ခါ ကိုင်ဖြစ်သော စိပ်ပုတီးကလေးက ခုတင်ခေါင်းရင်းတွင် ချိပ်လျက်သားရှိနေမည်[span_75](end_span)။ အခန်းသည် ဘက်စွန်းမှာ စားပွဲခင်းမပါသော စားပွဲတစ်လုံး၊ သစ်သားကုလားထိုင်တစ်လုံး၊ [span_76](start_span)စားပွဲပေါ်မှာတော့ ပြင်ပစာအုပ် တစ်အုပ် တလေနှင့် မှတ်စုစာအုပ်ကလွဲပြီး ဘာမျှမရှိ[span_76](end_span)။ [span_77](start_span)ဘာသာရပ်ဆိုင်ရာ စာအုပ်ထူများကို ခုတင်ခြေရင်းက ထင်းရှူး သေတ္တာထဲမှာပဲ ထားလေ့ရှိသည်[span_77](end_span)။ ထင်းရှူးသေတ္တာပေါ်မှာ ရေနွေးဓာတ်ဘူး၊ ကော်ဖီဖျော်သည့် ပတ်ခွက်၊ နို့ဆီဗူး၊ ရေနွေးဂေါက်တစ်ခု၊ ကော်ဖီမုန့် ဘူး၊ [span_78](start_span)အချို့သောက်ပန်းကန်တစ်စုံနှင့် ပေါင်မုန့် မုန့်ကြွတ်ထည့်သည့် နို့မုန့်ဘူးခွံနှစ်ခု ရှိသည်[span_78](end_span)။ [span_79](start_span)သေတ္တာနှင့်ကပ်လျက် ခြေရင်းနံရံမှာ သေတ္တာဘေးမှာ သောက်ရေ အိုးငယ်လေး တစ်လုံး ရှိသည်[span_79](end_span)။

သူ့အောက်မှာ အရောင်ပြယ်လွင့်၍ ပင့်ကူပိုးမျှင်ရစ်တွယ်နေပြီး ရွဲ့စောင်းနေသော ပန်းချီကား တစ်ချပ်၊ [span_80](start_span)ဖွာနေသော ၁၉၇၅ ခုနှစ်ထုတ် ပြက္ခဒိန် အဟောင်းတစ်ခုရှိသည်[span_80](end_span)။ ကျွန်မအရင် သည်အခန်းမှာ နေသွားသူသည် ဝါသနာပါသူဖြစ်ချင်ဖြစ်မည်၊ [span_81](start_span)ပန်းချီနှစ်သက်သူ ဖြစ်ချင်ဖြစ်မည်[span_81](end_span)။ [span_82](start_span)အရပ်အင်မတန်နိမ့် သော ကျွန်မအဖို့ ပန်းချီကားကို ပြန်လည်တည့်မတ်ဖို့ အကြိမ်ကြိမ် စိတ်ကူးဖူးသော်လည်း ကုလားထိုင်ကို ရွှေ့နေရမှာ သေချာ သောကြောင့် သည်အတိုင်းပဲ ထားခဲ့မိသည်[span_82](end_span)။ [span_83](start_span)တစ်ခါတစ်ခါတော့ ရွဲ့စောင်းနေသောအရာတစ်ခုကို ကြည့်ရတာကိုက ပျော်ရွှင်ဖို့ ကောင်း၏[span_83](end_span)။

[span_84](start_span)နံရံတွင် “ဘဝဆိုတာ ရုန်းကန်မှုပဲ” ဟု အဓိပ္ပာယ်ရှိသည့် စာကြောင်းတစ်ခုရှိသည်[span_84](end_span)။ သူသည် ကျွန်မနည်းတူ အဆင်မပြေသူ၊ [span_85](start_span)ရုန်းကန်ရသူ ဖြစ်နိုင်ပါသည်[span_85](end_span)။ [span_86](start_span)“တောင်ထိပ်ကိုမရောက်ခင် တောင်အောက်ကို မကြည့်နဲ့” ဟူသော မြန်မာစာကြောင်းတစ်ခုလည်းရှိသည်[span_86](end_span)။ [span_87](start_span)သူသည် တောင်ပေါ်မရောက်ခင် လမ်းတစ်ဝက်မှာ လိမ့်ကျဖူးသူ ဖြစ်ချင်ဖြစ်မည်[span_87](end_span)။ [span_88](start_span)နာမည်နှစ်ခုကိုလည်း နံရံမှာရေးထားသည်[span_88](end_span)။ စိတ်ဝင်စားဖွယ် နာမည်များ မဟုတ်ပါ၊ ရုပ်ရှင် မင်းသားနာမည်များလည်း ဖြစ်နိုင်မည်မထင်ပါ၊ [span_89](start_span)သူ့ချစ်သူတွေဖြစ်ချင်ဖြစ်နိုင်၏[span_89](end_span)။

[span_90](start_span)အေလိန်းရောက်လာလျှင် သူ့ လှောင်ချိုင့်ကို ဘယ်မှာ ချိပ်ရပါ့[span_90](end_span)။ [span_91](start_span)စာကြည့်စားပွဲအထက်မှာ ချိတ်ထားလျှင် ကျွန်မ မှတ်စုရေးနေချိန်၌ သူက ငုံ့ကြည့်ပြီး ရယ်မောနေမလား[span_91](end_span)။ ပျင်းရိဖွယ်ရာမိုးပေါက်များ၏ အသံအောက်တွင် ကျဉ်းမြောင်းသော အခန်းကလေးထဲ၌ ဖန်မီးလုံး၏ ဝါဖျော့ဖျော့အလင်းရောင်၊ ငိုက်မြည်းနေသော ကြက်တူရွေးတစ်ကောင်၊ [span_92](start_span)တဖျတ်ဖျတ် လှုပ်ခတ်လျက်ရှိသော ဇာခန်းဆီးတစ်ခုနှင့် ခုတင်ပေါ်မှာ မလှုပ်မယှက်ထိုင်ငေးနေသော ညှက်ညှက် အမျိုးသမီးတစ်ယောက်[span_92](end_span)။ [span_93](start_span)သော့ပေါက်မှ ချောင်းကြည့်နေသူတစ်ဦးသည် သည်မြင်ကွင်းမျိုးကို တစ်မိနစ်ထက်ပို၍ ကြာအောင် ကြည့်ချင်ပါ့မလား[span_93](end_span)။

### (၄)

[span_94](start_span)ကျွန်မ အကြောင်းကို သူ့တစ်ပါးအားပြန်လည်ပြောပြလိုသူတစ်ယောက်သည် “အရပ်အလွန်နိမ့်သော” “စကား အလွန်ရှားပါးသော” “အားမနာတတ်သော” ဟူသည့် နာမဝိသေသနများကို အသုံးပြုလိမ့်မည်ထင်သည်[span_94](end_span)။ [span_95](start_span)ထိုစကားများထက် ပြည့်စုံဖို့လိုအပ်သေး၏[span_95](end_span)။ ဂစ်တာတွင် အောက်ဆုံးကသေးမျှင်သော၊ တင်းမာသော၊ [span_96](start_span)စူးရှသော “တစ်”ကြိုးသည် ကျွန်မ ဖြစ်၏[span_96](end_span)။ [span_97](start_span)ဖဲကြိုးတပ်ဆံပင်နှင့် ဘယ်တော့မှ ဦးမညွှတ်သော ကော်ပတ်ရုပ်ကလေးသည် ကျွန်မ ဖြစ်၏[span_97](end_span)။

[span_98](start_span)ဖုံးကွယ်ထားသော အရာတစ်ခုကို အလွန်အမင်းဖွင့်ကြည့်လိုသော လူအမျိုးအစားထဲတွင် ကျွန်မ မပါဝင်ပါ[span_98](end_span)။ ခိုများကို အစာကျွေးဖို့နှစ်သက်သည်၊ [span_99](start_span)သို့သော် ခိုညည်းသံကို အလွန်မုန်း၏[span_99](end_span)။ [span_100](start_span)တစ်ချိန်တုန်းက နှင်းဆီပန်းများကို ချစ်တတ်ခဲ့သော်လည်း ယခုအချိန်တွင် ပေါများလွန်းသော နှင်းဆီပန်းတို့ကို မုန်းနေပြီဖြစ်၏[span_100](end_span)။ [span_101](start_span)ကျွန်မသည် ရှားပါးသောအရာကိုသာ ချစ်တတ်သူဖြစ်ပါသည်[span_101](end_span)။ [span_102](start_span)လွဲချိန်ညီညီလှုပ်ရမ်းနေသော နာရီချိန်သီးတစ်ခုကို ငေးမောရင်း လက်ဖက်ရည်သောက်ချင်သူဖြစ်၏[span_102](end_span)။ [span_103](start_span)ဘတ်စ်ကားစီးဖို့ထက် ခြေကျင်လမ်းလျှောက်ဖို့ စိတ်ဝင်စားသူ ဖြစ်၏[span_103](end_span)။

[span_104](start_span)သို့သော် လမ်းလျှောက်ဖို့ထက် အခန်းကျဉ်းကျဉ်းလေးထဲမှာ ထိုင်နေဖို့ ပို၍ ပို၍ ဆန္ဒရှိသည်[span_104](end_span)။ (အမှန်စင်စစ် လမ်းလျှောက်သည့်အခါ ကျွန်မနောက်က အရိပ်တစ်ခု ဖြစ်ပေါ်မနေအောင် မည်သို့ ကာကွယ်ရမည်နည်းဟု စဉ်းစားရင်း အခန်းထဲမှာ ထိုင်နေသည့် အကျင့်ကိုရခဲ့သည်) [span_105](start_span)။ ကျွန်မ အရိပ်များကို မုန်းတတ်၏[span_105](end_span)။ ကျွန်မ မုန်းသော အရိပ်များသည် ကျွန်မနောက်မှ ရှည်လျားလျားပုံစံ၊ ပုဝိုင်းဝိုင်းပုံစံ၊ [span_106](start_span)စွေစောင်းစောင်းပုံစံဖြင့် လိုက်ပါ လာတတ်သောကြောင့် ဖြစ်ပါသည်[span_106](end_span)။

[span_107](start_span)ကျွန်မသည် ဒူးယားစီးကရက်၏ မီးစွဲလောင်နေသောရနံ့ ကို သဘောကျသည်[span_107](end_span)။ [span_108](start_span)မဆုံးဖြတ်ရဲသောကြောင့် ဆုံးရှုံးရခြင်းထက် အဆုံးအဖြတ်မှား၍ ဆုံးရှုံးရခြင်းကို လိုလားသည်ဆိုသော ဇာတ်လိုက် များကို သဘောကျသည်[span_108](end_span)။ [span_109](start_span)တစ်ခုခုကို လိမ်ညာဖို့ စိတ်မဝင်စားသော်လည်း လျှို့ဝှက်ဖို့ စိတ်ဝင်စားတတ်သည်[span_109](end_span)။ [span_110](start_span)ရင်းနှီးမှုဒဏ်ကို မခံနိုင်သော ယောက်ျားသားများအတွက် ဝမ်းနည်းစကားဆိုဖို့ ဝန်လေးတတ်သူဖြစ်သည်[span_110](end_span)။ ရံဖန်ရံခါတွင် လျစ်လျူရှုတတ်သူ၊ သည်းခံစိတ်ရှည်နိုင်စွမ်းသူ၊ [span_111](start_span)သို့သော် ရံဖန်ရံခါတွင် လက်စား ချေတတ်သူဖြစ်သည်[span_111](end_span)။

[span_112](start_span)ကျွန်မကို နားလည်သည်ဟု ပြောသူသည် အကြီးအကျယ်လိမ်ညာနေခြင်းသာ ဖြစ်လိမ့်မည်[span_112](end_span)။ [span_113](start_span)ကျွန်မသည် တစ်စုံတစ်ယောက်အတွက် ပြဌာန်းစာအုပ် မဟုတ်[span_113](end_span)။ [span_114](start_span)ကျွန်မကို ဖတ်ရှုရန် ဘယ်သူ့မှာမှ အဘိဓာန်မရှိ[span_114](end_span)။ [span_115](start_span)ကျွန်မ၏ အကြီးမားဆုံးသော ချွတ်ယွင်းချက်တစ်ခုမှာ ပျော်ရွှင်နှစ်သိမ့်ဖွယ်ရာ ကာလများထက် နာကြည်းဖွယ်ရာ ကာလများကို ပိုမိုမှတ်မိတတ်ခြင်းဖြစ်သည်[span_115](end_span)။

[span_116](start_span)ရုပ်ရှင်ထဲက လေဆာရောင်ခြည်သေနတ်ကို မကြာခဏ သတိရနေတတ်သည်[span_116](end_span)။ [span_117](start_span)လက်ဖက်ရည်စားပွဲတစ်ခုတွင်လူတစ်ယောက်မျက်နှာကို ဂငယ်ပုံစံ ကွဲသွားအောင် လက်ဖက်ရည် ပန်းကန်ပြားဖြင့် ပေါက်ရိုက်ပစ်ခဲ့သော ပန်းချီဆရာတစ်ဦးကို ကျွန်မ ချီးကျူးပါ၏[span_117](end_span)။ [span_118](start_span)လူဆိုသည်မှာ ကိုယ့် လွတ်လပ်ခွင့်ကို ထိပါး၍ စော်ကားလာလျှင်တော့ လက်တုံ့ပြန်ဖို့ လိုအပ်သည်မဟုတ်လား[span_118](end_span)။ [span_119](start_span)ခက်နေသည်မှာ ကျွန်မက သွေးမြင်လျှင် မူးတတ်ခြင်းပင်ဖြစ်သည်[span_119](end_span)။

### (၅)

[span_120](start_span)မိုးသက်လေနှင့်အတူ လွင့်နေသော မာလကာရွက်ခြောက်လို ခပ်လိမ်လိမ်မျက်နှာတစ်ခုကို ပြန်လည်မြင်ယောင်သွား၏[span_120](end_span)။ [span_121](start_span)အဲဒီ မာလကာရွက်နှင့်တူသောမျက်နှာသည် သူ့မျက်မှန်တပ်ထားသည်[span_121](end_span)။ [span_122](start_span)ပြတင်းခန်းဆီးအောက်မှ ဖြတ်လျက် မာလကာရွက်ခြောက်တစ်ခု ဝဲလွင့်ကျလာချိန်၌ ကျွန်မအပေါ်မှာ မလိုမုန်းထားစိတ်ဖြင့် အတင်းပြောခဲ့သူ၏ မျက်နှာ ဖြစ်သည်[span_122](end_span)။ [span_123](start_span)မျက်မှန်တပ်ထားပြီး ဘာမှ မမြင်တတ်သူတစ်ယောက်နှင့် စကားပြိုင်ဆိုင်ပြောဖို့ ကျွန်မစိတ်မဝင်စားပါ[span_123](end_span)။ [span_124](start_span)လူတစ်ယောက်ကို နောက်မှနေ၍ အလစ်ချောင်းရိုက်တတ်သော သတ္တဝါအမျိုးအစားကို လူဟုခေါ်ရမှာ နည်းနည်းစဉ်းစားဖို့ကောင်း၏[span_124](end_span)။

[span_125](start_span)အရည်အချင်းတစ်ခုကို လက်ခံဖို့ ယှဉ်ပြိုင်ကစားပွဲတစ်ခု လိုအပ်မည်ထင်လျှင် ယှဉ်ပြိုင်ဖို့ သဘောတူပါသည်[span_125](end_span)။ [span_126](start_span)အားကစားစိတ်ဓာတ်ဆိုတာ ရှုံးနိမ့်သူများ၏ လက်သုံးစကားပါတဲ့လေ[span_126](end_span)။ ရှုံးသူကို လက်ဖြတ်ကြေး၊ သို့မဟုတ် ကျွန်ခံကြေး၊ သို့မဟုတ် သတ်သေကြေး၊ [span_127](start_span)ဘယ့်နှယ်လဲ[span_127](end_span)။ [span_128](start_span)လွင့်စင်လာသော မာလကာရွက်ခြောက်ကို ဆုပ်ခြေပစ်လိုက်သောအခါ လက်ထဲမှာ ကြေမွသွားလေသည်[span_128](end_span)။ [span_129](start_span)ထိုအခိုက် ပြတင်း ခန်းဆီးကြားမှ မိုးရေစက်ကို တွေ့ရသည်[span_129](end_span)။ [span_130](start_span)မိုးရွာပြန်ပြီလား[span_130](end_span)။

[span_131](start_span)မိုးရွာနေစဉ် အပြင်ထွက်လမ်းလျှောက်ရခြင်းသည် အင်မတန် စိတ်ဝင်စားဖွယ် ကောင်းသည်[span_131](end_span)။ [span_132](start_span)မိုးစက်မိုးပေါက်များ ကျွန်မထံပြေးဝင်လာပုံကို သဘောကျ၏[span_132](end_span)။ [span_133](start_span)လှိုင်းများ ပြေးလာသလို မိုးဖွဲကလေးများပြေးလာလျှင် အသံတစ်ခု တွဲပါလာတတ်သည်[span_133](end_span)။ [span_134](start_span)“နေကောင်းရဲ့လား...” တဲ့[span_134](end_span)။ [span_135](start_span)ကျွန်မ သိပ်နှစ်သက်သော နှုတ်ခမ်းပါးတစ်စုံမှ နှုတ်ဆက်လေ့ရှိသော အနည်းငယ်အာ၍ တိမ်ချင်သော အသံတစ်ခု ဖြစ်သည်[span_135](end_span)။ [span_136](start_span)အဲဒီလူတစ်ယောက်သည် ကျွန်မထံ စာရေးလျှင်လည်း နေကောင်းရဲ့လားဟု အရင် ရေးတတ်သည်[span_136](end_span)။ [span_137](start_span)သူ့အသံကြားလျှင် လမ်းလျှောက်ရတာ ပို၍ ပျော်စရာကောင်းလာသည်[span_137](end_span)။ [span_138](start_span)အရိပ်ဖြစ်ပေါ်ခြင်းမှ ကင်းလွတ် သောကြောင့်လည်း မိုးရေထဲမှာ လမ်းလျှောက်ခြင်းကို ကျွန်မ နှစ်သက်ပါသည်[span_138](end_span)။

[span_139](start_span)သို့သော် ခုနေလမ်းလျှောက်လျှင် ကျွန်မ မတွေ့ချင်သူများကို လမ်းမှာဖြစ်ဖြစ်တွေ့သွားနိုင်သည်[span_139](end_span)။ ညနေခြောက်နာရီကျော်လျှင် လက်ဖက်ရည် ဆိုင်ထိုင်တတ်သူများ ဖြစ်၏၊ [span_140](start_span)နှုတ်ဆက်မည့်သူများဖြစ်၏[span_140](end_span)။ “မမြင်တာကြာပြီနော်” ဟု ဖြစ်စေ၊ [span_141](start_span)“ဘယ့်နှယ်လဲ ဖြေနိုင်တယ် မဟုတ်လား” ဟု ဖြစ်စေ နှုတ်ဆက်မည့် ခပ်ကြောင်ကြောင်လူတစ်ယောက်နှင့် တွေ့နိုင်သေးသည်[span_141](end_span)။ [span_142](start_span)အဲဒီလူကို ပြုံးပြဖို့ သိပ်ခက်ခဲတာပါပဲ[span_142](end_span)။ [span_143](start_span)သူ့ကိုမြင်လျှင် ကျွန်မမျက်နှာကိုက အလိုလို ရှုံ့တွသွားမည်ထင်သည်[span_143](end_span)။

[span_144](start_span)ကံဆိုးလျှင် “မိမိ အထက်အရာရှိနှင့် ပတ်သက်သမျှ အောက်ခြေသိမ်းဆောင်ကြဉ်းပေးခြင်းကို ဂါရဝတရားဖြစ်သည်” ဟု အရသာထွေးပြောခဲ့ဖူး သူတစ်ယောက်နှင့်ပင် ဆုံနိုင်သည်[span_144](end_span)။ [span_145](start_span)ကျွန်မတွေ့ ဖူးသော ပါးစပ်များထဲမှာတော့ သူ့ပါးစပ်သည် အနံဆုံးဖြစ်၏[span_145](end_span)။ [span_146](start_span)သူ့ကိုတွေ့လျှင်တော့ ကျွန်မ ခပ်ဝေးဝေးမှ ခွာ၍ သွားပါသည်[span_146](end_span)။ [span_147](start_span)(အညစ်အကြေးများသည် အသားချင်းထိလျှင်၊ အကျီစချင်းထိလျှင် အခြားတစ်ယောက်ထံ လျင်မြန်စွာ ကူးစက်တတ်ကြောင်း ကျွန်မသိ၏[span_147](end_span)။ [span_148](start_span)တစ်စုံတစ်ယောက်နှင့် ထိမိတိုင်းထိမိတိုင်း ထိမိသည့် အရေပြားကို ဆပ်ပြာဖြင့် လေးငါးခါ ထပ်ဆေးကြော ပစ်တတ်သော စိတ်ရောဂါ သည်မလေးတစ်ဦးကို ကျွန်မ အများနည်းတူ မရယ်မောခဲ့တာသေချာပါသည်)[span_148](end_span)။

[span_149](start_span)ဒါ့ထက် ကံဆိုးလျှင် “ကျွန်တော်က ဆင်းရဲသားတွေ၊ တောင်သူတွေအကြောင်းရေးတဲ့ ဘဝသရုပ်ဖော် ဝတ္ထုမျိုးမှ သဘောကျတာ” ဟု ယောင်တိယောင်ကန်း ပြောတတ်သူတစ်ယောက်နှင့်ပင် တွေ့နိုင်သည်[span_149](end_span)။ [span_150](start_span)“ဆင်းရဲတာ တစ်ခုတည်းဟာ ဘဝမဟုတ်ပါဘူး” ဟု ကျွန်မက ဆွေးနွေးလျှင်လည်း နားလည်မည့်လူအမျိုးအစားမျိုးမဟုတ်ပါ[span_150](end_span)။ [span_151](start_span)အင်းလေ.. ဘယ်မှ မထွက်တော့ပါဘူး[span_151](end_span)။ [span_152](start_span)စာဖတ်ဖို့အကြွေးတွေ ကျန်သေးသည်[span_152](end_span)။

[span_153](start_span)ခုတင်ပေါ်မှ ကြမ်းပြင်ပေါ်ခြေချလိုက်စဉ်မှာပင် လှေကားမှ တက်လာသော ခပ်ဖွဖွခြေသံတစ်ခု ကြားလိုက်သည်[span_153](end_span)။ ခွာမြင့် ဖိနပ်သံမဟုတ်၊ ယိုးဒယား ဖိနပ်သံမဟုတ်၊ [span_154](start_span)ရာဘာခံ သားရေဖိနပ်သံမျိုးဖြစ်နိုင်သည်[span_154](end_span)။ [span_155](start_span)ယောက်ျား ဖိနပ်သံ ဖြစ်လိမ့်မည်[span_155](end_span)။ [span_156](start_span)ဘယ်လိုပါလိမ့်[span_156](end_span)။ [span_157](start_span)မီးပြင်သမားလာရအောင်ကလည်း မီးပြတ်မနေပါ[span_157](end_span)။ [span_158](start_span)မီတာဖတ်ဖို့ လူတစ်ယောက် ယောက်များလား[span_158](end_span)။ [span_159](start_span)နွားနို့ပို့သည့် လူငယ်လေး၏ ဖိနပ်သံလည်း မဟုတ်ပါ[span_159](end_span)။ [span_160](start_span)ညနေခြောက်နာရီ စာပို့သမားလည်း မလာပါဘူးလေ[span_160](end_span)။

[span_161](start_span)ခြေသံသည် ပျဉ်ခင်းကြမ်းပေါ် နင်းလာရင်း ဟိုဘက်က အခန်းများရှိရာသို့ မသွားဘဲ ကျွန်မ အခန်းဘက်သို့ ကွေ့လာသည့်အခါ ကျွန်မ ရုတ်တရက် မတ်တပ်ရပ်လိုက်မိတော့၏[span_161](end_span)။ [span_162](start_span)ခြေသံသည် ရွံ့ရည်ထဲမှ ဖြတ်သန်း လာခဲ့ရသော ဖိနပ်၏အသံမျိုးဖြစ်၏[span_162](end_span)။ [span_163](start_span)စိုစွတ်သည့် ဖိနပ်သံဖြစ်သည်[span_163](end_span)။ [span_164](start_span)တံခါးဖွင့်ပေးလိုက်လျှင် ဘယ်လိုမျက်လုံးမျိုးကို တွေ့ရမလဲ[span_164](end_span)။ [span_165](start_span)ခြေသံသည် အခန်းရှေ့မှာ ရပ်သွား၏[span_165](end_span)။ [span_166](start_span)သို့သော် တံခါးခေါက်သံ ထွက်မလာပါ[span_166](end_span)။ [span_167](start_span)အပြင်ဘက်ကလည်း ငြိမ်သက်နေပြီး ကျွန်မအခန်းထဲမှာလည်း ငြိမ်သက်နေသည်[span_167](end_span)။ [span_168](start_span)သူ့ သော့ပေါက်မှ ချောင်းကြည့် သလား[span_168](end_span)။

[span_169](start_span)ခဏကြာတော့ ခြေသံကို ကြားရပြန်သည်[span_169](end_span)။ [span_170](start_span)ပြန်လှည့်ထွက်သွားသော ခြေသံဖြစ်လေသည်[span_170](end_span)။ [span_171](start_span)ကျွန်မသည် နေရာမှာ မလှုပ်မယှက် ရပ်နေဆဲဖြစ်သည်[span_171](end_span)။ [span_172](start_span)တံခါးဖွင့်ပေးလိုက်ဖို့ ကောင်းသည်လားဟု စဉ်းစားမိသော်လည်း သူ့ခြေသံလှေကားဆီမရောက်မီပင် ကျွန်မ ခုတင်ပေါ်ပြန်ထိုင်လိုက်ပါသည်[span_172](end_span)။

### (၆)

[span_173](start_span)ကျွန်မ ငယ်ငယ်တုန်းက မိုးရေထဲတွင် စက္ကူလှေကလေးတစ်ခုလုပ်ပြီး ရေထဲချလွှတ်လိုက်စဉ် ရေမြောင်းထဲမှာ မျောပါနေသော အသီးခြောက်ကလေးတစ်ခုကို မြင်၍ အကြာကြီး ရပ်ကြည့်နေ လိုက်ဖူးသည်[span_173](end_span)။ [span_174](start_span)လှမ်းဆယ် ယူကြည့်ဖို့ စိတ်မဝင်စားခဲ့ပါ[span_174](end_span)။

[span_175](start_span)အခုလည်း ကျွန်မ ရေ ထဲမှာ တလိမ့်လိမ့်မျောပါနေခြင်းမဟုတ်ဟု ဘယ်သူ ငြင်းနိုင်မလဲလေ[span_175](end_span)။