
AI Summary
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်ရှေ့တွင် ဇွန်လ ၁၉ ရက်နေ့က မြန်မာ့အရေးဆောင်ရွက်သူများက ဒေါ်အောင်ဆန်းစုကြည်အတွက် Proof of Life အသံတိတ်ဆန္ဒထုတ်ဖော်ပွဲကို ပြုလုပ်ခဲ့ကြသည်။ ကုလသမဂ္ဂအထွေထွေညီလာခံတွင် မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ဂျူလီဘစ်ရှော့၏ တင်ပြမှုနှင့် တိုက်ဆိုင်၍ ယခုလှုပ်ရှားမှုကို ပြုလုပ်ခြင်းဖြစ်သည်။ မတရားဖမ်းဆီးခံထားရသူများ လွတ်မြောက်ရေးနှင့် မြန်မာ့အရေးကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းပေးရန် တောင်းဆိုခြင်းဖြစ်သည်။ ဤလှုပ်ရှားမှုသည် မြန်မာ့နိုင်ငံရေးအကျဉ်းသားများ၏ အခြေအနေကို နိုင်ငံတကာအာရုံစိုက်လာစေရန် ရည်ရွယ်သည်။ လာမည့် ဇွန်လ ၂၀ ရက်နေ့တွင်လည်း ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၁ နှစ်ပြည့်မွေးနေ့ အခမ်းအနားကို နယူးယောက်မြို့၌ ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။

ဒေသစံတော်ချိန် ဇွန် ၁၉ ရက်နေ့က အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ ကုလသမဂ္ဂ ရုံးချုပ်ရှေ့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အတွက် Proof of Life လှုပ်ရှားမှုအဖြစ် မြန်မာ့အရေးဆောင်ရွက်သူတွေက အသံတိတ်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
မွန်းလွဲ ၃ နာရီမှာ ကျင်းပနေတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံ UNGA မှာ ကုလ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ဂျူလီဘစ်ရှော့က မြန်မာ့အရေးကိစ္စရပ် တွေကို ရှင်းလင်းတင်ပြချိန်နဲ့ကိုက်ပြီး လှုပ်ရှားမှုကိုပြုလုပ်ခဲ့တာဖြစ်ပါတယ်။
အထူးသံတမန် ဂျူလီဘစ်ရှော့အနေနဲ့ မြန်မာ့အရေးကိစ္စရပ်တွေနဲ့ပတ်သက်ပြီး ထိရောက် မှန်ကန်တဲ့ အချက်အလက်တွေကို တင်ပြပြောဆိုပေးဖို့၊ မတရားဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ပေးရေး ကုလမှာ တိုက်တွန်းပေးဖို့၊ ကုလအဖွဲ့ဝင်နိုင်ငံတွေက မြန်မာ့အရေးကို အရေးကြီးကိစ္စအဖြစ်သတ်မှတ်ပြီး ထိရောက်တဲ့ နည်းလမ်းတွေနဲ့ အမြန်ဆုံးအကောင်အထည်ဖော် ကူညီပေးဖို့စတဲ့ လိုလားချက်တွေအတွက် မြန်မာ့အရေးဆောင်ရွက်သူတွေက အသံတိတ်ဆန္ဒထုတ်ဖော်ပွဲကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ဒေသစံတော်ချိန် ဇွန် ၂၀ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့အသက် ၈၁ နှစ်ပြည့်မွေးနေ့ အခမ်းအနားကို နယူးယောက်မြို့မှာ ကျင်းပသွားမှာဖြစ်ပြီး မြန်မာနွယ်ဖွားတွေ ပူးပေါင်းပါဝင်ကြ ဖို့ အခမ်းအနားစီစဉ်သူတွေက မေတ္တာရပ်ခံ တိုက်တွန်းထားပါတယ်။