စိန်ပွင့်များပါသည့် ဒေါ်လာ ၈၁,၀၀၀ တန် LEGO ကမ္ဘာ့ဖလားပုံတူ ဒူဘိုင်းတွင် ပြသ
entertainment||2 MIN READ

စိန်ပွင့်များပါသည့် ဒေါ်လာ ၈၁,၀၀၀ တန် LEGO ကမ္ဘာ့ဖလားပုံတူ ဒူဘိုင်းတွင် ပြသ

DVB
SourceDVB
Back to News

AI Summary

ဒူဘိုင်းနိုင်ငံမှ လက်ဝတ်ရတနာပြုလုပ်သူ ကာရမ်ချန်ဒါနီသည် ၎င်း၏သားဖြစ်သူ ဖန်တီးထားသော LEGO ကမ္ဘာ့ဖလားပုံတူကို စိန်ပွင့်အလုံး ၉၀၀ နှင့် ၁၈ ကာရက်ရွှေတို့ဖြင့် အဖိုးတန်အောင် ပြုပြင်မွမ်းမံခဲ့သည်။ မျိုးဆက်သစ်လူငယ်များ စိတ်အားတက်ကြွစေရန် ရည်ရွယ်ချက်ဖြင့် ၃၅ ရက်ကြာ အချိန်ယူဖန်တီးခဲ့ခြင်းဖြစ်ပြီး အဆိုပါဖလားကို ရောင်းချမည်မဟုတ်ဘဲ လှူဒါန်းမှုများအတွက် သို့မဟုတ် ပြတိုက်တွင် ပြသရန် စီစဉ်ထားသည်။ ဤလုပ်ဆောင်ချက်ကြောင့် အဖိုးတန်ရတနာများဖြင့် စီခြယ်ထားသည့် ထူးခြားသော ကမ္ဘာ့ဖလားပုံတူတစ်ခု ပေါ်ထွက်လာခဲ့သည်။ လက်ရှိတွင် အဆိုပါဖလားကို ပြသရန် သို့မဟုတ် လှူဒါန်းရန်အတွက်သာ ရည်ရွယ်ထားပြီး အများပြည်သူကြည့်ရှုနိုင်မည့် အခြေအနေသို့ ရောက်ရှိနေသည်။

ထင်ရှားသော ပြောကြားချက်များ

"ကျနော်တို့ ဒီပုံတူကမ္ဘာ့ဖလားကို ရောင်းချမှာ မဟုတ်ပါဘူး။ ဖလားပုံတူ ပြုလုပ်ခဲ့တာက မျိုးဆက်သစ်တွေအတွက် ရည်ရွယ်ပါတယ်။ လူငယ်တွေ ဒီဖလားပုံကိုကြည့်ပြီး စိတ်အားတက်ကြွမှုတွေ ဖြစ်ပေါ်စေဖို့ပါ။ ဒီပုံတူဖလားကို လှူဒါန်းမှုတွေအတွက် အသုံးပြုဖို့ ဒါမှမဟုတ် ဒူဘိုင်းမှာရှိတဲ့ ပြတိုက်မှာ ထားရှိဖို့ စဉ်းစားသွားမှာပါ"

Photo: Reuters

ဒူဘိုင်း လက်ဝတ်ရတနာပြုလုပ်သူတယောက်ဟာ သားဖြစ်သူ ပြုလုပ်ထားတဲ့ LEGO ကမ္ဘာ့ဖလားပုံတူကို စိန်ပွင့်တွေနဲ့စီပြီး ပုံစံပြောင်းလဲခဲ့ပါတယ်။

ကမ္ဘာ့ဖလားပုံတူမှာ ဒေါ်လာ ၈၁,၀၀၀ တန်  စိန်ပွင့် အလုံး ၉၀၀ ပါဝင်ပြီး ဖလားကိုလည်း ၁၈ ကာရက် ရွှေတွေနဲ့ အလှဆင်ခဲ့တာပါ။

ဒူဘိုင်းနိုင်ငံမှာရှိတဲ့ ကာရမ် ချန်ဒါနီလို့ ခေါ်တဲ့ လက်ဝတ်ရတနာ ပြုလုပ်သူတယောက်က ၃၅ ရက် အချိန်ယူပြီး သားဖြစ်သူ ဖန်တီးထားတဲ့ ကမ္ဘာ့ဖလားပုံတူ LEGO ရုပ်တုကို အဖိုးတန်ရတနာတွေနဲ့ ဖန်တီးခဲ့တာပါ။

ကာရမ်ချန်ဒါနီက “ကျနော်တို့ ဒီပုံတူကမ္ဘာ့ဖလားကို ရောင်းချမှာ မဟုတ်ပါဘူး။ ဖလားပုံတူ ပြုလုပ်ခဲ့တာက မျိုးဆက်သစ်တွေအတွက် ရည်ရွယ်ပါတယ်။ လူငယ်တွေ ဒီဖလားပုံကိုကြည့်ပြီး စိတ်အားတက်ကြွမှုတွေ ဖြစ်ပေါ်စေဖို့ပါ။ ဒီပုံတူဖလားကို လှူဒါန်းမှုတွေအတွက် အသုံးပြုဖို့ ဒါမှမဟုတ် ဒူဘိုင်းမှာရှိတဲ့ ပြတိုက်မှာ ထားရှိဖို့ စဉ်းစားသွားမှာပါ” လို့ ပြောပါတယ်။

ကာရမ်ချန်ဒါနီဟာ ကမ္ဘာ့ဖလားပုံစံတူပြုလုပ်ချိန်မှာ FIFA World Cup ဆိုတဲ့ နာမည်နေရာမှာ စိန်တွေစီချယ်ဖို့ ဆန္ဒရှိခဲ့ပေမဲ့ အခုလို ဒီဇိုင်းပြုလုပ်ဖို့ကို ဆုံးဖြတ်ခဲ့တာဖြစ်ပြီး စိန်တုံးအမြောက်အမြား သုံးစွဲခဲ့တာပါ။

လက်ရှိ ကမ္ဘာ့ဖလားကို ၁၉၇၀ ခုနှစ်က ၇ နိုင်ငံရဲ့  ကျွမ်းကျင်ပညာရှင်တွေက နိုင်ငံ ၅၃ နိုင်ငံက တင်သွင်းတဲ့ ဒီဇိုင်းတွေကို အကဲဖြတ်ခဲ့ပြီး အီတလီဒီဇိုင်နာ ဆာဗီယိုဂတ်ဇာနီဂါရဲ့ ဒီဇိုင်းကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

၁၄ ဒသမ ၂ လက်မ အမြင့်ရှိတဲ့ ကမ္ဘာ့ဖလားဟာ ၁၈ ကာရက်ရွှေ ၇၅ ရာခိုင်နှုန်း ပါဝင်ပြီး အလေးချိန် ၁၃ ဒသမ ၆ ပေါင် ရှိပါတယ်။

ကမ္ဘာ့ဖလားဒီဇိုင်းအသစ်ကို ၁၉၇၄ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကနေ အခုအချိန်အထိ အသုံးပြုနေတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

AI Curated