စစ်အုပ်စု၏လက်နက်တိုက်ပုံ အွန်လိုင်းပေါ်တင်သည့် လက်နက်တိုက်တာဝန်ခံအပါအဝင် စစ်သားသုံးဦးကို ထောင် ခုနစ်နှစ်ချမှတ်
politics||1 MIN READ

စစ်အုပ်စု၏လက်နက်တိုက်ပုံ အွန်လိုင်းပေါ်တင်သည့် လက်နက်တိုက်တာဝန်ခံအပါအဝင် စစ်သားသုံးဦးကို ထောင် ခုနစ်နှစ်ချမှတ်

Narinjara
SourceNarinjara
Back to News

AI Summary

မွန်ပြည်နယ် ရေးမြို့နယ်ရှိ အမှတ် ၅၈၇ ခြေမြန်တပ်ရင်းမှ လက်နက်တိုက်တာဝန်ခံ တပ်ကြပ်ကြီး မျိုးအောင်နှင့် တပ်သားနှစ်ဦးတို့အား စစ်တပ်၏ လက်နက်တိုက်ပုံများကို အွန်လိုင်းပေါ်တွင် ဖြန့်ဝေခဲ့သည့်အတွက် စစ်ခုံရုံးက ထောင်ဒဏ် ခုနစ်နှစ်စီ ချမှတ်လိုက်သည်။ အဆိုပါ စစ်သားသုံးဦးသည် တပ်မတော်၏ လုံခြုံရေးဆိုင်ရာ အချက်အလက်များကို ခွင့်ပြုချက်မရှိဘဲ လူမှုကွန်ရက်တွင် ဖော်ပြခဲ့ခြင်းကြောင့် ယခုကဲ့သို့ အရေးယူခံရခြင်းဖြစ်သည်။ ဤဖြစ်စဉ်ကြောင့် အဆိုပါ တပ်ရင်းမှ တာဝန်ရှိသူများ ထိခိုက်နစ်နာမှုများ ရှိခဲ့ပြီး လက်ရှိတွင် ပြစ်ဒဏ်ချမှတ်ခံရသူများမှာ ထောင်ဒဏ်ကျခံနေရပြီဖြစ်သည်။

မောင်စာဂ၊ နိရဉ္စရာ၊ ဇွန် ၁၉/ ၂ဝ၂၆ မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် စစ်အုပ်စုတပ်၏လက်နက်တိုက်ပုံကို အွန်လိုင်းပေါ်သို့ဖြန့်ဝေသည့် လက်နက်တိုက်တာဝန်ခံ တပ်ကြပ်ကြီးအပါအဝင် အကြမ်းဖက်မြန်မာစစ်သားသုံးဦးအား ထောင်ဒဏ် ခုနစ်နှစ်ချမှတ်လိုက်သည်ဟု သိရသည်။ ထောင်ဒဏ်ပြစ်ဒဏ်ချမှတ်ခံရသူများသည် မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ အာယုတောင်ကျေးရွာတွင် အခြေစိုက်သည့် အကြမ်းဖက်စစ်အုပ်စု၏ အမှတ် ၅၈၇ ခြေမြန်တပ်ရင်းမှ လက်နက်တိုက် တာဝန်ခံ တပ်ကြပ်ကြီး မျိုးအောင်နှင့် တာဝန်ကျ တပ်သားနှစ်ဦးတို့ဖြစ်သည်။

Narinjara News Image

ဆက်စပ်သတင်းများ

AI Curated