အင်္ဂလန်ကစားသမားဟောင်း  စတာလင် မူးယစ်ဆေးသုံးပြီး ယာဉ်မောင်းနှင်မှုဖြင့် ဖမ်းဆီးခံရ

အင်္ဂလန်ကစားသမားဟောင်း  စတာလင် မူးယစ်ဆေးသုံးပြီး ယာဉ်မောင်းနှင်မှုဖြင့် ဖမ်းဆီးခံရ

DVB
SourceDVB

AI Summary

အင်္ဂလန်လက်ရွေးစင်ကစားသမားဟောင်း ရာဟင်မ်စတာလင်သည် မူးယစ်ဆေးဝါးသုံးစွဲကာ အန္တရာယ်ရှိစွာ မောင်းနှင်မှုနှင့် မူးယစ်ဆေးဝါးလက်ဝယ်ထားရှိမှုတို့ဖြင့် မေလ ၂၈ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရသည်။ ၎င်းသည် မိမိ၏ လမ်ဘိုဂီနီကားဖြင့် အဝေးပြေးလမ်းအတားအဆီးများကို ဝင်တိုက်မိခဲ့ခြင်းဖြစ်ပြီး ကစားသမားဘဝ ကျဆင်းလာမှုနှင့်အတူ စိတ်ပိုင်းဆိုင်ရာ ဖိအားများပြင်းထန်စွာ ခံစားနေရခြင်းက အဓိကအကြောင်းရင်းဖြစ်နိုင်သည်။ ဤဖြစ်ရပ်ကြောင့် စတာလင်ကိုယ်တိုင် ထိခိုက်မှုရှိခဲ့ခြင်းမရှိသော်လည်း ၎င်း၏ဂုဏ်သိက္ခာနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းအပေါ် ဆိုးရွားစွာ သက်ရောက်မှုရှိခဲ့သည်။ လက်ရှိအခြေအနေတွင် စတာလင်သည် အာမခံဖြင့် ပြန်လည်လွတ်မြောက်လာပြီဖြစ်သည်။

Photo:Reuters

အင်္ဂလန်လက်ရွေးစင်ကစားသမားဟောင်း ရာဟင်မ်စတာလင်ဟာ သူ့ရဲ့ လမ်ဘိုဂီနီကားနဲ့ အဝေးပြေးလမ်းအတားအဆီးတွေကို ဝင်တိုက်မိခဲ့ပြီးနောက် မူးယစ်ဆေးသုံးစွဲကာ အန္တရာယ်ရှိစွာ မောင်းနှင်မှု၊ မူးယစ်ဆေးဝါးလက်ဝယ်ထားရှိမှုတို့နဲ့ မေ ၂၈ ရက်က ဖမ်းဆီးခံခဲ့ရပါတယ်။

အသက် ၃၁ နှစ်အရွယ် စတာလင်ဟာ ထိခိုက်ဒဏ်ရာရမှုမရှိဘဲ လက်ရှိမှာတော့ အာမခံနဲ့ ပြန်လည် လွတ်မြောက်နေပါတယ်။

မန်စီးတီးကနေ ချဲလ်ဆီးသို့ ပြောင်းရွှေ့ခဲ့ပြီးနောက်ပိုင်း စတာလင်ရဲ့ ကစားသမားဘဝဟာ ပုံမှန်ခြေစွမ်း ပျောက်ဆုံးကာ အကျဘက်သို့ ရောက်ရှိခဲ့ပြီး ချဲလ်ဆီးအသင်းရဲ့ ပထမအသင်းနဲ့ပါ ၆ လ ကျော်အထိ သီးခြားခွဲထုတ်ခြင်း ခံခဲ့ရပါတယ်။

အာဆင်နယ်မှာ အငှားသွားကစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘဲ ပြီးခဲ့တဲ့ ဖေဖော်ဝါရီက ဒတ်ချ်ကလပ် ဖီယင်နုအသင်းဆီ ပြောင်းရွှေ့ခဲ့ရာမှာလည်း ရုန်းကန်ခဲ့ရတာကြောင့် သူ့အတွက် စိတ်ပိုင်းဆိုင်ရာ ဖိအားတွေအပြင်းအထန် ကြုံတွေ့နေရချိန်မှာ အခုလို ဖြစ်ရပ်မျိုး ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

AI Curated
အင်္ဂလန်ကစားသမားဟောင်း  စတာလင် မူးယစ်ဆေးသုံးပြီး ယာဉ်မောင်းနှင်မှုဖြင့် ဖမ်းဆီးခံရ | YGN Daily