ယဥ်ကျေးမှုနှင့်အညီ ဝတ်ဆင်လာရန် ကန့်သတ်သည့် စင်ကာပူရှိ စစ်အာဏာရှင်သံရုံး ဝေဖန်ခံရ
politics||3 MIN READ

ယဥ်ကျေးမှုနှင့်အညီ ဝတ်ဆင်လာရန် ကန့်သတ်သည့် စင်ကာပူရှိ စစ်အာဏာရှင်သံရုံး ဝေဖန်ခံရ

DVB
SourceDVB
Back to News

AI Summary

စင်ကာပူနိုင်ငံရှိ စစ်ကောင်စီသံရုံးက နိုင်ငံကူးလက်မှတ်ကိစ္စရပ်များအတွက် လာရောက်သူများအား မြန်မာ့ယဉ်ကျေးမှုနှင့် ကိုက်ညီသည့် အဝတ်အစားများသာ ဝတ်ဆင်ရန် ဇွန်လ ၁၇ ရက်နေ့တွင် ထုတ်ပြန်ကန့်သတ်လိုက်သည်။ အဆိုပါလုပ်ရပ်သည် စစ်အုပ်စု၏ ခေတ်နောက်ပြန်ဆွဲသော အမျိုးသားရေးဝါဒကို အခြေခံသည့် လုပ်ဆောင်ချက်ဖြစ်ကြောင်း စင်ကာပူရောက် မြန်မာများက ဝေဖန်လျက်ရှိသည်။ ဤကန့်သတ်ချက်ကြောင့် သံရုံးသို့ လာရောက်သူများမှာ အဝတ်အစား အပိုဆောင်သွားရမည့် အခက်အခဲများနှင့် ကြုံတွေ့နေရသည်။ စင်ကာပူနိုင်ငံ၏ လွတ်လပ်သော ဝတ်စားဆင်ယင်မှု ပတ်ဝန်းကျင်နှင့် ဆန့်ကျင်နေသည့်အတွက် ပြည်ပရောက် မြန်မာများကြားတွင် မကျေမနပ်ဖြစ်မှုများ မြင့်တက်လာသည်။ လက်ရှိတွင် သံရုံးက နိုင်ငံကူးလက်မှတ်ကိစ္စများကို Whatsapp မှတစ်ဆင့် ရက်ချိန်းယူစေပြီးမှသာ လာရောက်ခွင့်ပြုသည့် စနစ်ကို ကျင့်သုံးလျက်ရှိသည်။

ထင်ရှားသော ပြောကြားချက်များ

"ခေတ်နောက်ပြန်ဆွဲတဲ့ အယူအဆတွေအောက်က မထွက်နိုင် ဖြစ်နေတာလေ။ သူများတွေ တိုးတက်အောင် လုပ်နေချိန်မှာ သူ​တို့က အမျိုးသားရေးအမြင်အောက်မှာပဲ ပိတ်မိနေတာ"

"သံရုံးထဲသွားဖို့ကို အဝတ်အစား အပိုဆောင်သွားရမလို ဖြစ်တာလေ။ သူတို့လုပ်နေတာက မြန်မာနိုင်ငံထဲက ဘုရားဂေါပကတွေနဲ့ မခြားဘူး"

Photo: Global New Light Of Myanmar

စင်ကာပူရောက် မြန်မာတွေ ယဥ်ကျေးမှုနဲ့ ကိုက်ညီတာ ဝတ်ဆင်လာရမယ်လို့ စစ်အာဏာရှင်ရဲ့ သံရုံးက ထုတ်ပြန်လိုက်တဲ့ ကြေညာချက်နဲ့ပတ်သက်ပြီး အဲဒီနိုင်ငံရောက်နေတဲ့ မြန်မာတွေကြားမှာ ဝေဖန် တုံ့ပြန်နေကြပါတယ်။

နိုင်ငံကူးလက်မှတ် သက်တမ်းတိုးတာ၊ ကောင်စစ်ဆိုင်ရာကိစ္စရပ်အတွက် လာရောက်မဲ့သူတွေ အနေနဲ့ သံရုံးပရဝဏ်အတွင်း ဝင်ရောက်ချိန်မှာ မြန်မာ့ယဥ်ကျေးမူနဲ့ လိုက်လျောညီထွေတဲ့ အဝတ်အစားတွေ ဝတ်ဆင်လာဖို့ စစ်အာဏာရှင်သြဇာခံ သံရုံးက ဇွန် ၁၇ ရက်မှာ ထုတ်ပြန်လိုက်တာပါ။

ဒါ့အပြင် အမြင်မသင့်တော်တဲ့အင်္ကျီ လည်ဟိုက်/စွပ်ကျယ်၊ ဘောင်းဘီအတို/အပြဲ၊ စကတ်အတိုတွေ ဝတ်မလာဖို့ကိုလည်း တဆက်တည်း ထည့်သွင်း အသိပေးထားပါတယ်။

အဲဒီလိုကြေညာတာဟာ အစွန်းရောက် အမျိုးသားရေးဝါဒကို လက်ကိုင်ဆွဲထားတဲ့ စစ်အုပ်စုရဲ့ ခေတ်နောက်ပြန်ဆွဲတဲ့လုပ်ရပ် ဖြစ်တယ်လို့ စင်ကာပူရောက် မြန်မာ့အရေးလှုပ်ရှားသူတွေက ဝေဖန်ခဲ့ကြပါတယ်။

နွေဦးတော်လှန်ရေးလှုပ်ရှားမှုမှာ ပါဝင်နေတဲ့  စင်ကာပူမှာ အခြေချနေသူတယောက်က  “ခေတ်နောက်ပြန်ဆွဲတဲ့ အယူအဆတွေအောက်က မထွက်နိုင် ဖြစ်နေတာလေ။ သူများတွေ တိုးတက်အောင် လုပ်နေချိန်မှာ သူ​တို့က အမျိုးသားရေးအမြင်အောက်မှာပဲ ပိတ်မိနေတာ” လို့ ပြောပါတယ်။

စင်ကာပူနိုင်ငံမှာ နိုင်ငံတကာက ရောက်ရှိနေသူတွေ လွတ်လွတ်လပ်လပ်၊ ဝတ်စားဆင်ယင် သွားလာလို့ ရပေမဲ့ စစ်အုပ်စုသံရုံးက ​မြန်မာနိုင်ငံသား​တွေကို ကန့်သတ်လာတာ ဖြစ်ပါတယ်။

စင်ကာပူရောက် မြန်မာနိုင်ငံသားတယောက်က “သံရုံးထဲသွားဖို့ကို အဝတ်အစား အပိုဆောင်သွားရမလို ဖြစ်တာလေ။ သူတို့လုပ်နေတာက မြန်မာနိုင်ငံထဲက ဘုရားဂေါပကတွေနဲ့ မခြားဘူး” လို့ ပြောပါတယ်။

စင်ကာပူမှာရှိတဲ့ စစ်အုပ်စုသံရုံးက မြန်မာနိုင်ငံသားတွေ နိုင်ငံကူးလက်မှတ် သက်တမ်းတိုး၊ ပျောက်ဆုံး၊ ပျက်စီးတာတွေကို Whatsapp ကတဆင့် ရက်ချိန်းလျှောက်ထားဖို့ သတ်မှတ်ထားပြီး ခွင့်ပြုရက်ရောက်မှ လာရောက်ဖို့ ကြေညာထားပါတယ်။

ရက်ချိန်းလျှောက်သူများတာကြောင့် မြန်မာနိုင်ငံသားတွေရဲ့ အချက်အလက် ပျောက်ဆုံးမှုရှိခဲ့တဲ့ အတွက် အသစ်ပြန်ခိုင်းတဲ့ဖြစ်ရပ် ပေါ်ပေါက်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

AI Curated