
AI Summary
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ရှိ ဝေဒေါခိုကျေးရွာကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ မေလ ၃၀ ရက်နေ့တွင် စစ်တပ်၏ ခမရ ၂၆၄ တပ်ရင်း၊ ပဲနွယ်ကုန်းအခြေစိုက်စခန်းမှ ၁၅၅ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် အသက် ၉ နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် ၎င်း၏ အသက် ၄၅ နှစ်အရွယ် မိခင်၊ အသက် ၄၇ နှစ်အရွယ် ဖခင်တို့ စုစုပေါင်း မိသားစုဝင် ၃ ဦး သေဆုံးခဲ့ရသည်။ ထို့ပြင် အသက် ၁၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်တစ်လုံးလည်း ပျက်စီးဆုံးရှုံးခဲ့သည်။ ဤဖြစ်ရပ်ကို Karen Peace Support Network က ဇွန်လ ၁ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ကြောင်း သိရသည်။
နိရဉ္စရာ၊ဇွန်၂/၂၀၂၆
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့်အသက်၉နှစ်အရွယ်ကလေးငယ်၁ဦးနှင့် မိဖနှစ်ပါး၊ စုစုပေါင်း မိသားစုဝင်၃ဦး သေဆုံးခဲ့ကြောင်းသိရသည်။
မေလ၃၀ရက်နေ့တွင်အကြမ်းဖက်စစ်တပ်၏ခမရ၂၆၄တပ်ရင်းပဲနွယ်ကုန်းအခြေစိုက်စခန်းမှဝေဒေါခို ကျေးရွာအတွင်းသို့၁၅၅မမလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် ထိုသို့ မိသားစု ၃ ဦး သေဆုံးရခြင်းဖြစ်ကြောင်း သKaren Peace Support Network ကဇွန်လ၁ရက်နေ့တွင်သတင်းထုတ်ပြန်ထားသည်။
အဆိုပါတိုက်ခိုက်မှုအတွင်းကျေးရွာအတွင်းကိုလက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲ ခဲ့သောကြောင့်အသက်၉နှစ်အရွယ်ကလေးငယ်၁ဦး၊အသက်၄၅နှစ်အရွယ်မိခင်ဖြစ်သူနှင့်အသက်၄၇နှစ်အရွယ်ဖခင်ဖြစ်သူတို့သေဆုံးခဲ့ပြီးအသက်၁၈နှစ်အရွယ်အမျိုးသမီး၁ဦးလည်းထိခိုက်ဒဏ်ရာရရှိကာနေအိမ်၁လုံးလည်းပျက်စီးဆုံးရှုံးခဲ့ကြောင်းသိရှိရသည်။