
နယူးဇီလန်ကို အနိုင်ရသည့်ပွဲ၌ အင်္ဂလန်ကစားသမားများကို နည်းပြတူချယ် အလှည့်ကျစမ်းသပ်
AI Summary
အင်္ဂလန်အသင်းသည် ကမ္ဘာ့ဖလားအကြို ခြေစမ်းပွဲအဖြစ် နယူးဇီလန်အသင်းကို မနေ့ညက ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ အသင်းခေါင်းဆောင် ဟာရီကိန်းက ပထမပိုင်းပြီးခါနီးတွင် အနိုင်ဂိုးကို ခေါင်းတိုက်သွင်းယူခဲ့ခြင်းဖြစ်သည်။ နည်းပြ တူချယ်သည် ကစားသမားများကို စမ်းသပ်ရန်အတွက် ပထမပိုင်းနှင့် ဒုတိယပိုင်းတို့တွင် ကစားသမား ၁၁ ယောက်စီ သီးခြားစီခွဲ၍ ပွဲထုတ်ခဲ့သည်။ ထို့အပြင် လီဗာပူးလူငယ်ကစားသမား ရီယိုငူမိုသည်လည်း အင်္ဂလန်စီနီယာအသင်းအတွက် ပထမဆုံးအကြိမ် ပါဝင်ကစားခွင့်ရခဲ့ပြီး အသင်း၏ ၅ ယောက်မြောက် အသက်အငယ်ဆုံး ကစားသမား ဖြစ်လာခဲ့သည်။ ဤပွဲစဉ်သည် အင်္ဂလန်အသင်းအတွက် ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ ပြင်ဆင်မှုကောင်းတစ်ခုဖြစ်ခဲ့ပြီး လာမည့် ဇွန် ၁၇ ရက်တွင် ခရိုအေးရှားနှင့် အဖွင့်ပွဲစဉ် ကစားရမည်ဖြစ်သည်။
နည်းပြ တူချယ်ရဲ့ အင်္ဂလန်အသင်းဟာ ကမ္ဘာ့ဖလားအကြို ခြေစမ်းပွဲအဖြစ် မနေ့ညက နယူးဇီလန်နဲ့ ယှဉ်ပြိုင်ခဲ့တာမှာ ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။
အင်္ဂလန်အတွက် တလုံးတည်းသော အနိုင်ဂိုးကို ပထမပိုင်းပြီးခါနီးမှာ အသင်းခေါင်းဆောင် ဟာရီကိန်းက ခေါင်းတိုက်သွင်းယူခဲ့ပါတယ်။ ဒါဟာ ကိန်းအတွက် အင်္ဂလန်အသင်းနဲ့အတူ ၇၉ ဂိုးမြောက် သွင်းဂိုး ဖြစ်ပါတယ်။
ဒုတိယပိုင်းမှာတော့ နည်းပြ တူချယ်က ကစားသမားတွေ အများကြီး ပြောင်းလဲခဲ့ပါတယ်။ သူဟာ ပထမပိုင်းနဲ့ ဒုတိယပိုင်းအတွက် ကစားသမား ၁၁ ယောက်စီ သီးခြားစီခွဲပြီး စမ်းသပ်ပွဲထုတ်ခဲ့တာပါ။
အဲဒီထဲမှာ လီဗာပူးလူငယ်ကစားသမား ရီယိုငူမိုဟာလည်း အင်္ဂလန်စီနီယာအသင်းအတွက် ပထမဆုံးအကြိမ် ပါဝင်ကစားခွင့် ရခဲ့ပြီး သူဟာ အသင်းရဲ့ ၅ ယောက်မြောက် အသက်အငယ်ဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။
အင်္ဂလန်အသင်းဟာ လာမဲ့ ဇွန် ၁၇ ရက်မှာ ခရိုအေးရှားနဲ့ ကမ္ဘာ့ဖလား အဖွင့်ပွဲစဉ် ကစားရမှာ ဖြစ်ပါတယ်။