တိုက်ရိုက်ထုတ်လွှင့်မှု, အားပြင်းငလျင်ကြောင့် ဖိလစ်ပိုင်မှာ အဆောက်အအုံတွေပြိုကျ၊ ဆူနာမီဘေးရှောင်ရန်သတိပေး
environment||4 MIN READ

တိုက်ရိုက်ထုတ်လွှင့်မှု, အားပြင်းငလျင်ကြောင့် ဖိလစ်ပိုင်မှာ အဆောက်အအုံတွေပြိုကျ၊ ဆူနာမီဘေးရှောင်ရန်သတိပေး

bbc.co.uk
Sourcebbc.co.uk

AI Summary

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း၊ မင်ဒါနာအိုကျွန်းပေါ်ရှိ ဂျင်နရယ်ဆန်းတို့စ်မြို့ ကမ်းလွန်တွင် ပြင်းအား ၇.၀ မှ ၇.၈ မဂ္ဂနီကျုရှိ အားပြင်းငလျင်တစ်ခု လှုပ်ခတ်ခဲ့သည်။ ဤငလျင်ကြောင့် အဆောက်အအုံများ ပြိုကျခဲ့ပြီး အနည်းဆုံး လူတစ်ဦး သေဆုံးကာ လေးဦး ဒဏ်ရာရရှိခဲ့သည်။ ဖိလစ်ပိုင်အပါအဝင် အင်ဒိုနီးရှားနှင့် ဂျပန်နိုင်ငံတို့တွင် ဆူနာမီရေလှိုင်းသတိပေးချက်များ ထုတ်ပြန်ထားသည်။ ဂျင်နရယ်ဆန်းတိုစ်လေဆိပ်၏ လုပ်ငန်းလည်ပတ်မှုများကို ဘေးကင်းလုံခြုံရေးစစ်ဆေးမှုများ ပြုလုပ်ရန် ယာယီရပ်ဆိုင်းထားသော်လည်း မင်ဒါနာအိုဒေသရှိ အခြားလေဆိပ်များမှာ ပုံမှန်အတိုင်း လည်ပတ်နေသည်။ ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက ပြည်သူများကို ကုန်းမြင့်ဘက်သို့ ရွှေ့ပြောင်းရန် တိုက်တွန်းပြီး အစိုးရအေဂျင်စီများကိုလည်း ညွှန်ကြားထားသည်။ ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေဆဲဖြစ်ပြီး ပြိုကျအဆောက်အအုံအရေအတွက်ကို မသိရသေးပေ။

အားပြင်းငလျင်ကြောင့် ဖိလစ်ပိုင်မှာ အဆောက်အအုံတွေပြိုကျ၊ ဆူနာမီဘေးရှောင်ရန်သတိပေးတဲ့သတင်းအပါအဝင် ဇွန် ၈ ရက် နိုင်ငံတကာနဲ့ ပြည်တွင်းထူးခြားသတင်းများကိုတိုက်ရိုက်တင်ဆက်ပေးနေပါတယ်။

အနှစ်ချုပ်

တိုက်ရိုက် ထုတ်လွှင့်ချက်

လွန်ခဲ့သော ၁၃ မိနစ် က ဖိလစ်ပိုင်မှာငလျင်ကြောင့် အနည်းဆုံး လူတစ်ဦး သေဆုံး - ဖိလစ်ပိုင်ရဲတပ်ဖွဲ့

ဖိလစ်ပိုင်မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် အနည်းဆုံး လူတစ်ဦး သေဆုံးပြီး လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း AFP သတင်းဌာနက ဂျင်နရယ် ဆန်းတိုစ် မြို့ရှိ ရဲအရာရှိတစ်ဦးကို ကိုးကားပြီးသတင်း‌ဖော်ပြပါတယ်။

ရဲတပ်ကြပ်ကြီး ရောဘတ် ဒါဂွန် က “အဆောက်အအုံအများအပြား ပြိုကျခဲ့ပါတယ်” လို့ ပြောကြားပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေတာကြောင့် ပြိုကျအဆောက်အအုံအရေအတွက် မသိရသေးကြောင်း ဆိုပါတယ်။

လွန်ခဲ့သော ၁၅ မိနစ် က ငလျင်ကြောင့် ဖိလစ်ပိုင် ဂျင်နရယ်ဆန်းတိုစ်လေဆိပ် ယာယီရပ်ဆိုင်းထား

ဂျင်နရယ်ဆန်တိုစ် လေဆိပ်

ဖိလစ်ပိုင် နိုင်ငံမြို့ပြလေကြောင်းအာဏာပိုင်အဖွဲ့ (CAAP) ရဲ့ ပြောကြားချက်အရ ဖိလစ်ပိုင်မှာ ငလျင်လှုပ်ခတ်မှုအပြီး ဘေးကင်းလုံခြုံရေး စစ်ဆေးအကဲဖြတ်တွေ ပြုလုပ်နိုင်ရေး အတွက် ဂျင်နရယ်ဆန်းတိုစ် လေဆိပ်ရဲ့ လုပ်ငန်းလည်ပတ်မှုများကို ယာယီရပ်ဆိုင်းထားမယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနရဲ့ အဆိုအရ မင်ဒါနာအိုဒေသက အခြားလေဆိပ် တွေမှာတော့လုပ်ငန်းလည်ပတ်မှုများ ပုံမှန်အတိုင်း ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

လွန်ခဲ့သော ၁၉ မိနစ် က ဖိလစ်ပိုင်မှာ အားပြင်းငလျင်လှုပ်၊ အဆောက်အဦတွေပြိုကျ

ဖိလစ်ပိုင်မှာကျောင်းစဖွင့်တဲ့‌နေ့မှာ အားပြင်းငလျင်လှုပ်

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းမှာ ပြင်းအား ၇.၀ မဂ္ဂနီကျုရှိတဲ့ အားပြင်း ငလျင်တစ်ခု ဒီနေ့မနက်ပိုင်း ဒေသစံတော်ချိန် ၇ နာရီခွဲခန့်မှာ လှုပ်ခတ်သွားပါတယ်။​

ငလျင်ဟာ ဖိလစ်ပိုင် တောင်ပိုင်းက အဓိကကျွန်းမကြီးဖြစ်တဲ့ မင်ဒါနာအို ကျွန်းပေါ်က ဂျန်နရယ် ဆန်းတို့စ်မြို့ ကမ်းလွန်ကို ဗဟိုပြုလှုပ်ခတ်သွားတာဖြစ်ပါတယ်​။ဖိလစ်ပိုင်နိုင်ငံတလွှား အစိုးရကျောင်းတွေ စဖွင့်တဲ့ ဒီနေ့မှာ ငလျင်လှုပ်ခတ်မှု ဖြစ်လာတာပါ။

ဒီငလျင်ကြောင့် ဖိလစ်ပိုင်အပါအဝင် ဒေသတွင်းက အင်ဒိုနီးရှားနဲ့ ဂျပန်နိုင်ငံတို့မှာလည်း ဆူနာမီရေလှိုင်းသတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

ငလျင်ဟာ ပြင်းအား ၇.၀ မဂ္ဂနီကျုရှိပြီး မြေအောက် အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုလှုပ်ခတ်သွားတာလို့ ဖိလစ်ပိုင် မီးတောင်နဲ့ ငလျင်စောင့်ကြည့်ရေးအင်စတီကျုက ပြောပါတယ်။​

ဒါပေမဲ့ တခြားငလျင်စောင့်ကြည့်ရေးစင်တာတွေကတော့ ငလျင်ပြင်းအားဟာ ၇.၈ မဂ္ဂနီကျုရှိတယ်လို့ မှတ်တမ်းတင်ပါတယ်။

ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာကတော့ လူထုကို ကုန်းမြင့်ဘက်ကို ရွှေ့ပြောင်းဖို့ တိုက်တွန်းပြီး အစိုးရ အေဂျင်စီတွေကိုလည်း သူကိုယ်တိုင် ညွှန်ကြားထားတယ်လို့ ပြောပါတယ်။​

လွန်ခဲ့သော ၂၀ မိနစ် က

မင်္ဂလာပါ။ ဘီဘီစီမြန်မာပိုင်းရဲ့ ဇွန် ၈ ရက်နောက်ဆုံးရ ကမ္ဘာနဲ့ မြန်မာက ထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်ပေးနေပြီဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

AI Curated
တိုက်ရိုက်ထုတ်လွှင့်မှု, အားပြင်းငလျင်ကြောင့် ဖိလစ်ပိုင်မှာ အဆောက်အအုံတွေပြိုကျ၊ ဆူနာမီဘေးရှောင်ရန်သတိပေး | YGN Daily