ချင်းမိုင်တွင် သျှမ်းအမျိုးသမီးတစ်ဦးကို သတ်ဖြတ်ပြီး မြန်မာနိုင်ငံသို့ ထွက်ပြေးသွားသည့် “စိုင်းဆု” ကို ဖမ်းဆီးရမိ
myanmar||2 MIN READ

ချင်းမိုင်တွင် သျှမ်းအမျိုးသမီးတစ်ဦးကို သတ်ဖြတ်ပြီး မြန်မာနိုင်ငံသို့ ထွက်ပြေးသွားသည့် “စိုင်းဆု” ကို ဖမ်းဆီးရမိ

AI Summary

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ တိုက်ခန်းတစ်ခုတွင် သျှမ်းအမျိုးသမီးငယ်တစ်ဦးကို သတ်ဖြတ်ပြီး အလောင်းစွန့်ပစ်ခဲ့သည့် စိုင်းဆု (Jai Su) ကို ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။ မေလ ၁၈ ရက်နေ့တွင် ရေချိုးခန်းအတွင်း အလောင်းတွေ့ရှိခဲ့ပြီး မှုခင်းဆေးပညာစစ်ဆေးချက်များအရ မေလ ၁၆ ရက်နေ့ကတည်းက သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။ ထိုသို့ ရက်ပိုင်းအတွင်း တရားခံ စိုင်းဆုသည် ထိုင်း-မြန်မာ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် မြန်မာနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မှုကြောင့် ဇွန်လ ၁ ရက်နေ့တွင် ၎င်းကို ဖမ်းဆီးနိုင်ခဲ့သည်။ နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် ညှိနှိုင်းမှုများပြုလုပ်ပြီးနောက် ဖမ်းဆီးရမိသူ စိုင်းဆုအား ထိုင်းနိုင်ငံဘက်သို့ ပြန်လည်လွှဲပြောင်းပေးခဲ့ပြီး ဖြစ်သည်။

ချင်းမိုင်မြို့ရှိ တိုက်ခန်းတစ်ခုအတွင်း သျှမ်းအမျိုးသမီးငယ်တစ်ဦးကို သတ်ဖြတ်ပြီး အလောင်းစွန့်ပစ်ခဲ့ပြီးနောက် နယ်စပ်ဖြတ်ကျော် ထွက်ပြေးလွတ်မြောက်နေသည့်  စိုင်းဆု (Jai Su) ကို ဖမ်းဆီးရမိကြောင်း  သတင်းရရှိသည်။

ပြီးခဲ့သည့် မေလ ၁၈ ရက် က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ San Phi Suea တိုက်နယ်ရှိ တိုက်ခန်းတစ်ခု၏ ရေချိုးခန်းအတွင်း၌ သျှမ်း (တိုင်းယိုင်) အမျိုးသမီးငယ်တစ်ဦး၏ ရုပ်အလောင်းကို အာဏာပိုင်များက စတင်တွေ့ရှိခဲ့ရာမှ စုံစမ်းစစ်ဆေးမှုများ ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

မှုခင်းဆေးပညာ စစ်ဆေးချက်များအရ အဆိုပါအမျိုးသမီးငယ်မှာ ရုပ်အလောင်းမတွေ့ရှိမီ နှစ်ရက်အလို (မေလ ၁၆ ရက်နေ့) ကတည်းက သတ်ဖြတ်ခြင်းခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ရက်ပိုင်း ကွာဟချက်ကြောင့် အသက် ၄၆ နှစ်အရွယ် တရားခံ “စိုင်းဆု” သည် ထိုင်း-မြန်မာ တောတွင်း နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် မြန်မာနိုင်ငံဘက်သို့ ထွက်ပြေးသွားခဲ့သည်။

ထိုနယ်စပ်ဖြတ်ကျော်မှုကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့များနှင့် ပူးပေါင်းပြီး ဇွန်၁ရက်တွင် ၎င်းကို ဖမ်းဆီးနိုင်ခဲ့သည်။

နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် ညှိနှိုင်းမှုများပြုလုပ်ခဲ့ပြီး ဖမ်းဆီးရမိသူ တရားခံပြေး “စိုင်းဆု”အား ထိုင်းနိုင်ငံဘက်သို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည်။

ကိုးကား – Chiang Mai News

The post ချင်းမိုင်တွင် သျှမ်းအမျိုးသမီးတစ်ဦးကို သတ်ဖြတ်ပြီး မြန်မာနိုင်ငံသို့ ထွက်ပြေးသွားသည့် “စိုင်းဆု” ကို ဖမ်းဆီးရမိ appeared first on သျှမ်းသံတော်ဆင့်.

ဆက်စပ်သတင်းများ

AI Curated
ချင်းမိုင်တွင် သျှမ်းအမျိုးသမီးတစ်ဦးကို သတ်ဖြတ်ပြီး မြန်မာနိုင်ငံသို့ ထွက်ပြေးသွားသည့် “စိုင်းဆု” ကို ဖမ်းဆီးရမိ | YGN Daily