ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၁ နှစ်ပြည့်မွေးနေ့ လန်ဒန်တွင် ကျင်းပ
politics||2 MIN READ

ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၁ နှစ်ပြည့်မွေးနေ့ လန်ဒန်တွင် ကျင်းပ

DVB
SourceDVB
Back to News

AI Summary

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၁ နှစ်မြောက် မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် လန်ဒန်မြို့တွင် တော်လှန်ရေးရန်ပုံငွေ ဈေးရောင်းပွဲတော်ကို ဇွန်လ ၂၀ ရက်နေ့က ကျင်းပခဲ့သည်။ အဆိုပါပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးများ၊ ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကင်မ်အဲရစ်နှင့် ယူကေရောက် တော်လှန်ရေးမိသားစုများ တက်ရောက်ခဲ့ကြသည်။ ပွဲတက်ရောက်လာသူများသည် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်စေရန်နှင့် မတရားဖမ်းဆီးခံထားရခြင်းမှ လွတ်မြောက်စေရန် ဆုတောင်းပေးခဲ့ကြသည်။ ထို့အပြင် တော်လှန်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားရန် ကတိပြုခဲ့ကြပြီး မွေးနေ့ဂုဏ်ပြုသီချင်းကိုလည်း စုပေါင်းသီဆိုခဲ့ကြသည်။ ဤပွဲသည် တော်လှန်ရေးအတွက် ရန်ပုံငွေရှာဖွေခြင်းနှင့်အတူ ခေါင်းဆောင်ဖြစ်သူအား ဂုဏ်ပြုသည့် အခမ်းအနားတစ်ခုအဖြစ် တည်ရှိနေသည်။

Photo: Thet KoKo

လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၁ နှစ်မြောက် ‌‌မွေး‌နေ့အထိမ်းအမှတ် ‌‌တော်လှန်ရေးရန်ပုံ‌‌ငွေ ဈေးရောင်းပွဲတရပ်ကို ဇွန် ၂၀ ရက်က လန်ဒန်မြို့မှာ ကျင်းပခဲ့ကြပါတယ်။

ဒီပွဲကိုတော့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်၊ ဒုတိယဝန်ကြီး ဦးလဖိုင်မော်ထွန်းအောင်၊ ယူကေနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးမောင်မောင်အောင် နဲ့ ဒေါက်တာသက်ကိုကို၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကင်မ်အဲရစ် (ခ) ကိုထိန်လင်း၊ ယူကေအစိုးရ ဝန်ကြီး‌ဟောင်း  ပေါလ် စကာလီနဲ့ ယူ‌ကေရောက် တော်လှန်‌ရေး မိသားစုတွေ တက်ရောက်ခဲ့ကြပါတယ်။

ဒီပွဲကို တက်ရောက်လာသူတွေဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေကြောင်းနဲ့  မတရားဖမ်းဆီးခံရခြင်းမှ လွတ်မြောက်ဖို့ ဆုတောင်းခဲ့ကြပြီး တော်လှန်ရေးအတွက်ဆက်လက် ဆောင်ရွက်သွားကြဖို့ ကတိပြုပြောသွားကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့  ၈၁ နှစ်မြောက် မွေးနေ့ဂုဏ်ပြုသီချင်းဖြစ်တဲ့ “၈၁ တိုးလို့ချစ်” သီချင်းကိုလည်း စုပေါင်းသီဆိုခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ

AI Curated