
AI Summary
အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်အစိုးရသစ်သည် နယ်စပ်လုံခြုံရေးနှင့် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများကို နှိမ်နင်းရန်အတွက် အထောက်အထားမဲ့သူ ၃၈၆ ဦးကို ဖမ်းဆီးထိန်းသိမ်းကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန် စီစဉ်နေသည်။ အဆိုပါလုပ်ဆောင်ချက်သည် ရွေးကောက်ပွဲကတိကဝတ်များအရ နိုင်ငံသားပြင်ဆင်ချက်ဥပဒေကို အကောင်အထည်ဖော်ခြင်းနှင့် တရားမဝင်ဝင်ရောက်လာသူများကို နှင်ထုတ်ရန် ရည်ရွယ်ခြင်းဖြစ်သည်။ ဤဖြစ်စဉ်ကြောင့် အမျိုးသမီးများနှင့် ကလေးငယ်များအပါအဝင် ရွှေ့ပြောင်းနေထိုင်သူများမှာ ထိန်းသိမ်းရေးစခန်းများတွင် ရောက်ရှိနေကြသည်။ ဘင်္ဂလားဒေ့ရှ်ဘက်ကမူ ၎င်းသည် အိန္ဒိယ၏ ပြည်တွင်းရေးသာဖြစ်ကြောင်း တုံ့ပြန်ထားပြီး နယ်စပ်တွင် လုံခြုံရေးကို တိုးမြှင့်ထားသည်။ လက်ရှိတွင် ဖမ်းဆီးခံထားရသူများကို နယ်စပ်ခရိုင်များရှိ ထိန်းသိမ်းရေးစခန်း ၁၃ ခုတွင် ထားရှိကာ ပြန်လည်ပို့ဆောင်ရေးလုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
နိရဉ္စရာ၊ မေ ၃၀/၂၀၂၆
နယ်စပ်လုံခြုံရေးနှင့်တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများအပေါ် ပြင်းထန်သော နှိမ်နင်းမှုကို အိန္ဒိယမှဆောင်ရွက်နေရာအမျိုးသမီးများနှင့် ကလေးများအပါအဝင် "အထောက်အထား စာရွက်စာတမ်းမဲ့ရွှေ့ပြောင်းနေထိုင်သူ" ၃၈၆ ဦးကို ဘင်္ဂလားဒေ့ရှ်သို့ ပြန်ပို့ရန် စီစဉ်နေသည်ဟုအစီရင်ခံစာ တစ်ခုတွင် ဖော်ပြထားသည်။
The Hindustan Times သတင်းစာက သောကြာနေ့တွင် ဖော်ပြရာတွင် "အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူများ" ကို တနင်္လာနေ့မှစ၍ အနောက်ဘင်္ဂလားတစ်ဝှမ်းတွင် ထိန်းသိမ်းနေသည်ဟုဖော်ပြသည်။
၎င်းတို့ကို ဘင်္ဂလားဒေ့ရှ်သို့ ပြန်ပို့ခြင်းမပြုမီ နယ်စပ်ခရိုင်၈ခုရှိ ထိန်းသိမ်းရေးစခန်း ၁၃ ခုသို့ ပို့ဆောင်ခဲ့ကြောင်း အစီရင်ခံစာတွင် အရာရှိများကို ကိုးကား၍ ဖော်ပြထားသည်။
Bharatiya Janata Party (BJP) အစိုးရသည် မကြာသေးမီက ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲတွင် အာဏာရရှိခဲ့သော အနောက်ဘင်္ဂလား၏ ရွေးကောက်တင်မြှောက်ခံထားရသော အနောက်ဘင်္ဂလာပြည်နယ်ဝန်ကြီးချုပ်သစ် ဆူဗန်ဒူ အာဒီကာရီ(Suvendu Adhikari)သည် ၎င်း၏ ပထမဆုံးအစိုးရအဖွဲ့အစည်းအဝေးအပြီးတွင် နိုင်ငံသားပြင်ဆင်ချက်ဥပဒေ (CAA) ကို ပြဋ္ဌာန်းရန်နှင့် တရားမဝင်ဝင်ရောက်လာသူများကို “ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများ" ဟု တံဆိပ်ကပ်ကာ ချက်ချင်းနှင်ထုတ်မည့်ခြေလှမ်းများကို ကြေညာခဲ့သည်။
မေလ ၂၁ ရက်နေ့တွင် ဒါကာက ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) သည် တရားမဝင် ဖိအားပေးနှင်ထုတ်သူများကို နိုင်ငံတွင်းသို့ဝင်ရောက်မလာရန် ကာကွယ်ရန် အမြင့်ဆုံးသတိရှိနေသည်ဟု ပြောကြားခဲ့သည်။
အိန္ဒိယရဲအရာရှိတစ်ဦးက သတင်းစာသို့ ပြောကြားရာတွင် Basirhat ရှိ စင်တာသုံးခုတွင် အများဆုံးထိန်းသိမ်းထားပြီး အရေအတွက်မှာ ၃၃၅ ဦးခန့်ဖြစ်ကြောင်း ပြောဆိုသည်။
နောက်ထပ် စင်တာ ၁၉ ခုဖွင့်လှစ်ထားပြီး ၎င်းတို့မှာ Murshidabad တွင်၊ Malda တွင် ကိုးခုနှင့် South Dinajpur တွင် ရှစ်ခုဖြစ်သည်။
ပြီးခဲ့သည့်အပတ်က အနောက်ဘင်္ဂလားအစိုးရသစ်သည် ရွေးကောက်ပွဲကတိနှင့်အညီ အိန္ဒိယပြည်နယ်တစ်ဝှမ်းရှိ ခရိုင်အားလုံးတွင် စင်တာများဖွင့်လှစ်ကြောင်း ကြေညာခဲ့သည်။
အနောက်ဘင်္ဂလာ ဝန်ကြီးချုပ်က "ဆူဗန်ဒူ အာဒီကာရီက အင်္ဂါနေ့တွင် “အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူများ” ကို အမြန်ဆုံးထွက်ခွာရန် သတိပေးခဲ့ပြီး၊ မဟုတ်ပါက အစိုးရက “လိုအပ်သည်” များကို လုပ်ဆောင်ရမည်ဖြစ်သည်ဟုဆိုသည်။
၎င်းပြင်ဝန်ကြီးချုပ်က “သူတို့က ကျွန်တော်တို့ရဲ့ ယောက္ခမတွေလား၊ သူတို့ရဲ့ အစားအစာ၊ အဝတ်အစားနဲ့ ဆေးဝါးတွေအတွက် အိန္ဒိယက ပေးဆောင်ရမှာလား” ဟု ပြောကြားခဲ့သည်။
ယခု နှင်ထုတ်မှုများနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး Salahuddin Ahmed က မေလ ၂၁ ရက်နေ့တွင် “ဒါက အိန္ဒိယရဲ့ ပြည်တွင်းရေးကိစ္စပါ။ သူတို့ရဲ့ CAA ဒါမှမဟုတ် အာသံရဲ့ အမျိုးသားနိုင်ငံသားမှတ်ပုံတင်စာရင်း (NRC) က သူတို့ရဲ့ နိုင်ငံသားတွေနဲ့ ပတ်သက်တဲ့ သူတို့ရဲ့ ပြည်တွင်းဥပဒေတွေပါ။ဒီအပေါ်မှာ မှတ်ချက်ပေးဖို့ ကျွန်တော်တို့မှာ အခွင့်အရေးမရှိပါဘူး" ဟု ၎င်းက ပြောကြားခဲ့သည်။