ထိုင်းနှင့် ဗီယက်နမ်တို့ မိတ်ဖက်ဆက်ဆံရေး ခိုင်မာအောင် ဆောင်ရွက်ရန်သဘောတူ
general||1 MIN READ

ထိုင်းနှင့် ဗီယက်နမ်တို့ မိတ်ဖက်ဆက်ဆံရေး ခိုင်မာအောင် ဆောင်ရွက်ရန်သဘောတူ

DVB
SourceDVB
Back to News

AI Summary

ဗီယက်နမ်သမ္မတ ထိုင်းလာ၊ ဝန်ကြီးချုပ်တွေ့၊ ကုန်သွယ်ရေး၊ နိုင်ငံရေး ခိုင်မာဖို့ သဘောတူ။ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အရေးကြီး၊ ကုန်သွယ်မှု ၂၄ ဘီလီယံကနေ ၂၅ ဘီလီယံ တိုးဖို့ ရည်ရွယ်။ မူးယစ်၊ လူကုန်ကူး၊ ရာဇဝတ်မှု တိုက်ဖျက်ရေး ပူးပေါင်းဖို့ သမ္မတ တိုလမ် ပြော။

Photo: Reuters

ဗီယက်နမ်သမ္မတ တိုလမ်က မေ ၂၈ ရက်မှာ ထိုင်းနိုင်ငံဆီ တရားဝင်လာလည်ချိန်မှာ ထိုင်းဝန်ကြီးချုပ်အနုထင်း ချန်းဝီရကွန်းနဲ့ တွေ့ဆုံပြီး ၂ နိုင်ငံအကြား ကုန်သွယ်ရေးနဲ့ နိုင်ငံရေးဆိုင်ရာ ဆက်ဆံရေးကို ခိုင်မာအောင်လုပ်ဆောင်ဖို့ သဘောတူခဲ့ကြပါတယ်။

ကမ္ဘာ့မရေရာမှုတွေကြောင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုကို အာရုံစိုက်ဖို့ လိုတယ်လို့  အနုထင်းက  ပြောပါတယ်။

၂ နိုင်င်ငံစလုံးကြား လက်ရှိကုန်သွယ်မှု တန်ဖိုးက အမေရိကန်ဒေါ်လာ ၂၄ ဘီလီယံရှိပြီး ၂ နိုင်ငံအကြား ကုန်သွယ်မှုတန်ဖိုးကို အမေရိကန်ဒေါ်လာ ၂၅ ဘီလီယံအထိ တိုးမြှင့်ဖို့ ရည်ရွယ်ထားတယ်လို့ ထပ်ပြောခဲ့ပါတယ်။

တချိန်တည်းမှာ ဗီယက်နမ် သမ္မတတိုလမ်က မူးယစ်ဆေးဝါးနဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေး ရာဇဝတ်မှု ကာကွယ်ရေးတို့မှာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ အလေးပေးပြောခဲ့ပါတယ်။

ဆက်စပ်သတင်းများ

AI Curated
ထိုင်းနှင့် ဗီယက်နမ်တို့ မိတ်ဖက်ဆက်ဆံရေး ခိုင်မာအောင် ဆောင်ရွက်ရန်သဘောတူ | YGN Daily