စလင်းတွင် ရဲကွန်မန်ဒိုတပ်သား ၁ ဦး လက်နက်ခဲယမ်းဖြင့် အလင်းဝင်

စလင်းတွင် ရဲကွန်မန်ဒိုတပ်သား ၁ ဦး လက်နက်ခဲယမ်းဖြင့် အလင်းဝင်

DVB
SourceDVB

AI Summary

မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ လင်းဇင်းတိုက်နယ် ရဲစခန်းမှ အထူးကွန်မန်ဒို ရဲတပ်သား ကိုစိုးလွင်လွင်သည် ဇွန်လ ၁ ရက်နေ့တွင် G3 သေနတ်၊ ကျည် ၂၆၃ တောင့် အပါအဝင် လက်နက်ခဲယမ်းများနှင့်အတူ ဒေါင်းညီနောင် ပြောက်ကျားတပ်ဖွဲ့ထံ အလင်းဝင်ရောက်ခဲ့သည်။ ၎င်းသည် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သောကြောင့် တော်လှန်ရေးတပ်ဖွဲ့နှင့် ချိတ်ဆက်ခဲ့ခြင်း ဖြစ်သည်။ ဤဖြစ်ရပ်ကြောင့် စစ်ကောင်စီဘက်မှ လက်နက်နှင့် လူအင်အား ဆုံးရှုံးခဲ့ရပြီး တော်လှန်ရေးတပ်ဖွဲ့ဘက်တွင် အင်အားတိုးလာခဲ့သည်။ လက်ရှိတွင် ကိုစိုးလွင်လွင်အား ဒေါင်းညီနောင် ပြောက်ကျားတပ်ဖွဲ့က ကောင်းမွန်စွာ စောင့်ရှောက်ထားပြီး ဆုကြေးငွေ ကျပ်သိန်း ၄၀ ပေးအပ်ထားသည်။ ၎င်း၏ဇာတိဖြစ်သော လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးရန်လည်း စီစဉ်လျက်ရှိသည်။ ဒေါင်းညီနောင် ပြောက်ကျားတပ်ဖွဲ့က ကျန်ရှိနေသေးသည့် စစ်တပ်လက်အောက်ခံများအားလုံးကိုလည်း နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့များနှင့် အမြန်ဆုံး ချိတ်ဆက် အလင်းဝင်ရောက်ကြရန် တိုက်တွန်းထားသည်။

Photo: ဒေါင်းညီနောင်ပြောက်ကျားတပ်ဖွဲ့

မကွေးတိုင်း စလင်းမြို့နယ်မှာ ရဲတပ်ဖွဲ့ဝင် အထူးကွန်မန်ဒိုတပ်သားတယောက်ဟာ ဇွန် ၁ ရက်က လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ ဒေါင်းညီနောင် ပြောက်ကျားတပ်ဖွဲ့ဆီ ကနေ သိရပါတယ်။

ဒေါင်းညီနောင် ပြောက်ကျားတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက “အလင်းဝင်လာတဲ့သူက လင်းဇင်း တိုက်နယ် ရဲစခန်းမှာ တာဝန်ကျနေတဲ့ မကွေးတိုင်း အထူးကွန်မန်ဒိုရဲတပ်က ရဲတပ်သား ကိုစိုးလွင်လွင် ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ကိုယ်ပိုင်အမှတ် လ/၂၉၂၁၃၉ ရဲတပ်သား ကိုစိုးလွင်လွင်ဟာ G3 သေနတ်တလက်၊ G3 ကျည် ၂၆၃ တောင့်၊ မဂ္ဂဇင်းကျည်ဘောက် ၂ ဘောက်၊ စစ်ကျောပိုးအိတ်တလုံး၊ အီ‌ကွေ့မန့်တထည်နဲ့ လက်ထိပ် တခုတို့ ယူဆောင်လာပြီး အလင်း၀င်ရောက်လာလို့ ဆုကြေးငွေလည်း ပေးအပ်ထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

ဒေါင်းညီနောင် ပြောက်ကျားတပ်ဖွဲ့ရဲ့တာဝန်ခံ ဗိုလ်သတ္တိက “ကိုစိုးလွင်လွင် အလင်းဝင်ချင်လို့ ဆက်သွယ်လာတာကြောင့် အဲဒီနေ့မနက် အစောပိုင်းမှာ လင်းဇင်းတိုက်နယ် ရဲစခန်းနားအထိ သွားရောက်ခေါ်ဆောင်ခဲ့ရပါတယ်။ လက်နက်ခဲယမ်းတွေ ပါလာတာကြောင့်မို့လို့ ဆုကြေးငွေ သိန်း ၄၀ ပေးအပ်ထားပါတယ်” လို့ DVB ကို ပြောပါတယ်။

လက်ရှိမှာတော့ အလင်းဝင်ရောက်လာတဲ့ ကိုစိုးလွင်လွင်ကို ​ဒေါင်းညီနောင် ပြောက်ကျားတပ်ဖွဲ့ကပဲ ကောင်းကောင်းမွန်မွန် စောင့်ရှောက်ထားပြီး သူ့ရဲ့ဇာတိဖြစ်တဲ့ လွတ်မြောက်နယ်မြေကို ပို့ဆောင် ပေးဖို့လည်း စီစဥ်နေတယ်လို့ သူက ဆက်ပြောပါတယ်။

ကျန်ရှိနေသေးတဲ့ စစ်တပ်လက်အောက်ခံတွေ အနေနဲ့လည်း နီးစပ်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အမြန်ဆုံး ချိတ်ဆက် အလင်းဝင်ရောက်ကြဖို့ ဒေါင်းညီနောင် ပြောက်ကျားတပ်ဖွဲ့က တိုက်တွန်း ထားပါတယ်။

ဆက်စပ်သတင်းများ

AI Curated
စလင်းတွင် ရဲကွန်မန်ဒိုတပ်သား ၁ ဦး လက်နက်ခဲယမ်းဖြင့် အလင်းဝင် | YGN Daily