
AI Summary
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် (AA) တို့အကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပါသည်။ စစ်ကောင်စီဘက်က ကျောက်ဖြူ-ရမ်းဗြဲလမ်းပိုင်းကို ပြန်လည်ထိန်းချုပ်ရန် ထိုးစစ်ဆင်လာခြင်းကြောင့် တောင်မော်ဦးရေတပ်စခန်းအနီးတွင် တိုက်ပွဲများ အရှိန်မြင့်တက်လာခဲ့သည်။ ဤတိုက်ပွဲများကြောင့် အရပ်သားထိခိုက်မှုများ ပိုမိုများပြားလာပြီး လေကြောင်းနှင့် ရေကြောင်းမှ ပစ်ခတ်မှုများကြောင့် လူသေဆုံးမှုနှင့် နေအိမ်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။ လက်ရှိတွင် ကျောက်ဖြူမြို့နယ်အတွင်း စစ်ဘေးရှောင် ၆ သောင်းနီးပါးအထိ ရှိလာကာ အစားအသောက်၊ ဆေးဝါးနှင့် အရေးပေါ်အကူအညီများ အရေးတကြီး လိုအပ်နေသည်။ မဟာဗျူဟာမြောက် အရေးပါသော ကျောက်ဖြူမြို့နယ်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး AA က ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၇ ခုအနက် ၁၄ ခုကို ထိန်းချုပ်ထားပြီးဖြစ်သည်။
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် AA တို့အကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။ ကျောက်ဖြူ-ရမ်းဗြဲလမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီဘက်က ထိုးစစ်ဆင်လာတာကြောင့် တောင်မော်ဦးရေတပ်စခန်းအနီးမှာ တိုက်ပွဲအရှိန်မြင့်တက်လာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲတွေ ပြင်းထန်လာတာနဲ့အမျှ အရပ်သားထိခိုက်မှုတွေလည်း ပိုများလာနေပါတယ်။ လေကြောင်းနဲ့ ရေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ကျေးရွာတချို့မှာ လူသေဆုံးမှုနဲ့ နေအိမ်ပျက်စီးမှုတွေ ရှိနေပြီး ဒေသခံတွေက ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
လက်ရှိမှာ ကျောက်ဖြူမြို့နယ်အတွင်း စစ်ဘေးရှောင်ဦးရေ ၆ သောင်းနီးပါးအထိ ရှိလာနေပြီး အစားအသောက်၊ ဆေးဝါးနဲ့ အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။ တရုတ်စီမံကိန်းတွေရှိတဲ့ ကျောက်ဖြူဟာ မဟာဗျူဟာနဲ့ စီးပွားရေးအရ စစ်တပ်အတွက် အရေးပါတဲ့ မြို့နယ်တစ်ခု ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်အတွင်း မြို့နယ် ၁၇ ခုရှိတဲ့အနက် ၁၄ မြို့နယ်ကို အာရက္ခတပ်တော် AA က ထိန်းချုပ်ထားနိုင်ပြီး ဖြစ်ပါတယ်။ လက်ရှိမှာ ကျောက်ဖြူနဲ့ စစ်တွေမြို့နယ်တွေမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေသလို မာန်အောင်မြို့နယ်မှာလည်း စစ်ရေးတင်းမာမှုတွေ ရှိနေပါတယ်။
ညီထွေး/ Myanmar Now
Myanmar Now