
ချင်းမိုင်တွင် ခွင့်ပြုချက်မရှိဘဲ အပ်ချုပ်နှင့် ရုံးသန့်ရှင်းရေးလုပ်ကိုင်သည့် မြန်မာ ၃ ဦး ဖမ်းခံရ
AI Summary
ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တရားဝင်ဗီဇာဖြင့် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား ၃ ဦးကို လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ ၎င်းတို့သည် ခွင့်ပြုထားသည့် အလုပ်အကိုင်အမျိုးအစားနှင့် မကိုက်ညီဘဲ အထည်ချုပ်လုပ်ငန်းနှင့် ရုံးသန့်ရှင်းရေးလုပ်ငန်းများတွင် လုပ်ကိုင်နေခြင်းကြောင့် ယခုကဲ့သို့ ဖမ်းဆီးခံရခြင်းဖြစ်သည်။ အဆိုပါလုပ်ဆောင်ချက်သည် ဥပဒေအရ ခွင့်ပြုထားသည့် အလုပ်နယ်ပယ်ထက် ကျော်လွန်လုပ်ကိုင်ခြင်းဖြစ်ပြီး အလုပ်ရှင်နှင့် လုပ်ငန်းခွင်အချက်အလက်များကို တရားဝင်ပြောင်းလဲ လျှောက်ထားခြင်းမရှိသည့်အတွက် အရေးယူခံရခြင်းဖြစ်သည်။ ယင်းဖြစ်စဉ်ကြောင့် ဖမ်းဆီးခံရသူများမှာ ဥပဒေအရ အရေးယူနိုင်ရန် ဆန်ကန်ဖဲန်ရဲစခန်းသို့ လွှဲပြောင်းပို့ဆောင်ခံထားရပြီး နောက်ဆုံးအခြေအနေတွင် တရားဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့အတွင်း သတ်မှတ်ထားသည့် အလုပ်အကိုင် အမျိုးအစားကိုက်ညီမှုမရှိပဲ အထည်ချုပ်လုပ်ငန်းနှင့် ရုံးသန့်ရှင်းရေးအလုပ်များ ဝင်ရောက်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ၃ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ချင်းမိုင်လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့မှ ယမန်နေ့ (ဇွန် ၂၄)ရက်တွင် သတင်းထုတ်ပြန်သည်။
ချင်းမိုင် လူဝင်မှုကြီးကြပ်ရေးဌာနမှ ရဲတပ်ဖွဲ့မှ ချင်းမိုင်ခရိုင် ဆန်ကန်ဖန်းမြို့နယ် (San Kamphaeng) အတွင်း စီးပွားရေးလုပ်ငန်းခွင်များသို့ ဝင်ရောက်စစ်ဆေးစဉ် မြန်မာနိုင်ငံသား ၃ ဦးသည် “အခြေခံလုပ်သား” အဖြစ်သာ လုပ်ကိုင်ရန် တရားဝင်ဗီဇာနှင့် လက်မှတ် ကိုင်ဆောင်ထားသူများဖြစ်သော်လည်း ဥပဒေအရ ခွင့်ပြုထားသည့် အလုပ်နယ်ပယ်ထက် ကျော်လွန်လုပ်ကိုင်နေသည့်အတွက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးခံရသော မြန်မာနိုင်ငံသား ၃ ဦးအနက် ၂ ဦးမှာ အလုပ်ရုံအတွင်း အထည်ချုပ်/အပ်ချုပ်သမား အဖြစ်လုပ်ကိုင်နေခြင်း၊ အခြား ၁ ဦးမှာ ကုမ္ပဏီအဆောက်အအုံအတွင်း၌ ရုံးသန့်ရှင်းရေးဝန်ထမ်း အဖြစ် လုပ်ကိုင်နေကြောင်းတွေ့ရှိခဲ့ရသည်။
ထို့ကြောင့် ၎င်းတို့အား “အလုပ်ရှင်၊ အလုပ်လုပ်ကိုင်ရာနေရာနှင့် အလုပ်အကိုင်အမျိုးအစားနှင့် လုပ်ငန်းခွင်အချက်အလက်များကို တရားဝင်ပြောင်းလဲ လျှောက်ထားခြင်းမရှိမှု”ဖြင့် ဖမ်းဆီးခဲ့ပြီး၊ ၁၉၇၉ ခုနှစ် လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေအရ အရေးယူနိုင်ရန် ဆန်ကန်ဖဲန် (San Kamphaeng) ရဲစခန်းသို့ လွှဲပြောင်းပို့ဆောင်ထားကြောင်း သတင်းရရှိသည်။
ကိုးကား – Chiang Mai News