ရွှေကူမြို့တွင်း လက်နက်ကြီးကျပြီး အရပ်သား ၃ ဦး သေဆုံး
politics||2 MIN READ

ရွှေကူမြို့တွင်း လက်နက်ကြီးကျပြီး အရပ်သား ၃ ဦး သေဆုံး

DVB
SourceDVB
Back to News

AI Summary

ကချင်ပြည်နယ် ရွှေကူမြို့နယ်တွင် စစ်တပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အရပ်သားသုံးဦး သေဆုံးပြီး ငါးဦး ဒဏ်ရာရရှိခဲ့သည်။ စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းနှင့် စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်နေခြင်းကြောင့် ဒေသခံပြည်သူများ ထိခိုက်သေဆုံးမှုများ ဖြစ်ပေါ်ခဲ့သည်။ အဆိုပါဖြစ်စဉ်တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် လင်မယားနှစ်ဦးအပြင် ဆယ်တန်းကျောင်းသူတစ်ဦးတို့ ပါဝင်သေဆုံးခဲ့ပြီး ဒဏ်ရာရသူများကို ဆေးရုံသို့ ပို့ဆောင်ထားသည်။ စစ်တပ်သည် KIA နှင့် KPDF ဝတ်စုံများ ဝတ်ဆင်ကာ သတင်းရယူခြင်းနှင့် တိုက်ပွဲဖော်ဆောင်ခြင်းများ လုပ်ဆောင်နေသဖြင့် ပြည်သူများ သတိထားနေထိုင်ကြရန် တော်လှန်ရေးတပ်ဖွဲ့များက သတိပေးထားသည်။ လက်ရှိတွင် ရွှေကူမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများနှင့် စစ်ကြောင်းထိုးမှုများကြောင့် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲဖြစ်သည်။

ထင်ရှားသော ပြောကြားချက်များ

"လက်နက်ကြီးနဲ့ ပစ်ခံရတာ ရွှေကူမြို့ အမှတ် ၁ ခုံခမ်းရပ်ကွက် မူကြိုကျောင်းနားကို တလုံးကျတယ်။ နောက်ပြီး ၁၉ လမ်းကို တလုံးကျတယ်။ ကလေးတယောက်အပါ အားလုံး ၅ ယောက်ထိတယ်။ ၃ ယောက်ကတော့ သေတယ်။ ၁၉ လမ်းမှာတော့ ခေါင်းပြတ်သွားတဲ့ အမျိုးသမီးက ဗန်းမော်မြို့က စစ်ဘေးရှောင်ပါ"

တိုက်ပွဲပြင်းထန်လာတဲ့ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ အာဏာရှင်စစ်တပ်က လက်နက်ကြီးတွေနဲ့ တိုက်ခိုက်နေတဲ့အပြင် စစ်ရေးအခြေအနေတွေကြောင့် ပြည်သူတွေ သတိထားနေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေဘက်က ထုတ်ပြန်အသိပေးထားပါတယ်။

ရွှေကူမြို့နယ် အမှတ် ၁ ခုံခမ်းရပ်ကွက်ကို စစ်တပ်က မနေ့ ဇွန်လ ၁၇ ရက် ညနေပိုင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခံရတာကြောင့် အရပ်သား ၃ ယောက် သေဆုံးသလို ကလေးတယောက် အပါအဝင် ၅ ယောက် ထိမှန်ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

တော်လှန်ရေးရဲဘော်တယောက်က “လက်နက်ကြီးနဲ့ ပစ်ခံရတာ ရွှေကူမြို့ အမှတ် ၁ ခုံခမ်းရပ်ကွက် မူကြိုကျောင်းနားကို တလုံးကျတယ်။ နောက်ပြီး ၁၉ လမ်းကို တလုံးကျတယ်။ ကလေးတယောက်အပါ အားလုံး ၅ ယောက်ထိတယ်။ ၃ ယောက်ကတော့ သေတယ်။ ၁၉ လမ်းမှာတော့ ခေါင်းပြတ်သွားတဲ့ အမျိုးသမီးက ဗန်းမော်မြို့က စစ်ဘေးရှောင်ပါ” လို့ DVB ကို ပြောပါတယ်။

လက်နက်ကြီးကျလို့ ကိုယ်ဝန်ဆောင်မိခင်အပါ လင်မယား ၂ ယောက်လည်း သေဆုံးသွားသလို ဆယ်တန်းကျောင်းသူ မိန်းကလေးတယောက်လည်း သေဆုံးသွားပြီး ဒဏ်ရာရသူတွေကိုတော့ ရွှေကူပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားပါတယ်။

KIA ဘက်ကတော့ ရွှေကူမြို့နယ်ထဲမှာ စစ်ရေးလှုပ်ရှားနေတဲ့ စစ်တပ်ဟာ မြို့အဝင်၊ အထွက်တွေမှာ KIA၊ KPDF ဝတ်စုံတွေ ဝတ်ဆင်ပြီး သတင်းရယူနေတာ၊ တိုက်ပွဲဖော်တာ၊ စစ်ရေးလှုပ်ရှားတာတွေ လုပ်နေလို့ အရပ်သားတွေ သတိထားကြဖို့ ဇွန် ၁၇ ရက်မှာပဲ အသိပေးထားပါတယ်။

ရွှေကူမြို့မှာတော့ ဇွန်  ၁၂ ရက်ကစပြီး စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်တာတွေအပြင် ရွှေကူအထက်ပိုင်း စင်းခန်းကျေးရွာကို စစ်ကြောင်းထိုးတာတွေကြောင့် တော်လှန်ရွာအနီးမှာ တိုက်ပွဲတွေ ဖြစ်နေတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

AI Curated