ရေကြည်အမတ (၃၄၄) တပ်ရင်းAA နှင့်     PDF ထံကျရောက်မည့်         အခြေအနေသို့ ဆိုက်ရောက်နေ
general||3 MIN READ

ရေကြည်အမတ (၃၄၄) တပ်ရင်းAA နှင့် PDF ထံကျရောက်မည့် အခြေအနေသို့ ဆိုက်ရောက်နေ

Narinjara
SourceNarinjara

AI Summary

ရေကြည်မြို့နယ်၊ အမတ (၃၄၄) တပ်ရင်း AA/PDF လက်ထဲကျရန်နီး၊ တပ်သားများ ထွက်ပြေးနေ။ ဒုတိုင်းမှူးက တိုင်းမှူးထံ အခြေအနေစိုးရိမ်ကြောင်း အရေးပေါ်တင်ပြ။ ဧရာဝတီတိုင်း စစ်တပ် နယ်မြေများစွန့်၊ တပ်တွင်း မကျေလည်မှုများရှိပြီး သတင်းပေါက်ကြားမှုဖြင့် ၃ ဦး ဖမ်းခံရ။

“အမတ (၃၄၄) တပ်ရင်းအခြေအနေစိုးရိမ်ရ၍ ဒုတိုင်းမှူးက တိုင်းမှူးထံ လာရောက်တင်ပြဟုဆို”

နိရဉ္စရာ၊ မေ ၁၇/ ၂၀၂၆

ဧရာ၀တီတိုင်း၊ရေကြည်မြို့နယ်၊ငသိုင်းချောင်း-ဂွ လမ်းပေါ်ရှိ အမတ (၃၄၄) တပ်ရင်းသည်အာရက္ခတပ်တော်(AA)နှင့် ပြည်သူ့တော်လှန်ရေးတပ် (PDF) လက်ထဲ ကျရောက်မည့် အခြေအနေသို့ ဆိုက်ရောက်နေသည်ဟုအထူးသတင်းတပ်ဖွဲ့- ပုသိမ်မှ သတင်းဖော်ပြသည်။

၎င်းပြင် အာဏာသိမ်း စစ်တပ်မှ တပ်သားများသည် တပ်ဖျက်ထွက်ပြေးမှုရှိနေဟုလည်း သတင်းတွင် ဖော်ပြထားသည်။

ရေကြည် အမတ (၃၄၄) တပ်ရင်း အခြေအနေစိုးရိမ်ရသည့် အခြေအနေများနှင့်ပတ်သက်၍ မေလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် ဒုတိယစစ်တိုင်းမှူး ရဲလင်းအောင်ကိုယ်တိုင် စစ်သုံး Hilux ကား ၂ စီးဖြင့် နတခ တိုင်းစစ်ဌာနချုပ်သို့ ပြန်လည်ရောက်ရှိလာပြီး၊ နတခတိုင်းမှူး အောင်ကျော်ခိုင်ထံ အရေးပေါ် သွားရောက်တင်ပြခဲ့ကြောင်း တိုင်းစစ်ဌာနချုပ်ရုံးမှ သိရှိရသည်ဟုလည်း သတင်းတွင်ဖော်ပြထားသည်။

၎င်းပြင် လက်ရှိဧရာဝတီတိုင်းအတွင်း စစ်ရေးအခြေအနေမှာအာဏာသိမ်းစစ်တပ်သည်နယ်မြေအများစုကို စွန့်လွှတ်ကာ နောက်ဆုတ်နေရသည့် အခြေအနေနှင့်ရင်ဆိုင်နေရပြီး တပ်တွင်း၌လည်း မကျေလည်မှုများ အကြီးအကျယ် ဖြစ်ပွားနေကြောင်း တပ်တွင်းသတင်း‌ပေးထံမှ သိရသည်ဟုဆိုသည်။

ပုသိမ်အခြေစိုက်အနောက်တောင်တိုင်း စစ်ဌာနချုပ် (နတခ)တွင် တပ်တွင်းသတင်းပေါက်ကြားမှုဖြင့် စစ်မှုထမ်းဟောင်း မိသားစုဝင် ၃ ဦး ဖမ်းဆီးခံရပြီး သတင်းပေးအဖြစ် မတရားစွပ်စွဲထားသည်ဟုသိရသည်။

ပုသိမ်မြို့အခြေစိုက် အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ) အတွင်း တပ်တွင်းသတင်းများ သတင်းအထူးတပ်ဖွဲ့ထံ ပေါက်ကြားသည်ဟုဆိုကာ တပ်ဝင်းအတွင်း နေထိုင်သည့် စစ်မှုထမ်းဟောင်းများနှင့် ၎င်းတို့၏ မိသားစုဝင် အမျိုးသား ၃ ဦးကို စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) က မေလ ဒုတိယပတ်အတွင်း သတင်းပေးအဖြစ် မတရားစွပ်စွဲ၍ ဖမ်းဆီးသွားကြောင်းဖော်ပြထားသည်။

အထူးသဖြင့် ခလရ (၃၈) တပ်ရင်းမှ တပ်သားများနှင့် တပ်ရင်းမှူး မင်းမင်းထွန်းတို့သည် ရှေ့တန်းမှ ပြန်လည်ဆုတ်ခွာခွင့်မရဘဲ ဆက်လက်ခုခံနေရသည့်အတွက် နောက်တန်းသို့ ပြန်လည်ဝင်ရောက်လိုကြသော်လည်း စစ်တိုင်းမှူး၏ ခြေလျင်၊ ခြေမြန်တပ်ဖွဲ့များအပေါ် ခွဲခြားဆက်ဆံမှုများကြောင့် ပြန်ခွင့်မရဘဲ ဖြစ်နေကြောင်း သိရသည်။

ဆက်စပ်သတင်းများ

AI Curated
ရေကြည်အမတ (၃၄၄) တပ်ရင်းAA နှင့် PDF ထံကျရောက်မည့် အခြေအနေသို့ ဆိုက်ရောက်နေ | YGN Daily