
စာချုပ်သစ်ညှိနှိုင်းမှု ပျက်ပြယ်ခဲ့ပြီးနောက် ကိုနာတေး လီဗာပူးမှ ထွက်ခွာမည်
AI Summary
လီဗာပူးနောက်ခံလူ ကိုနာတေး၊ စာချုပ်သစ်မရ၊ နွေရာသီ အလွတ်ပြောင်းရွှေ့မည်။ ဇူလိုင် ၁ ရက် စာချုပ်ကုန်၊ PSG ခေါ်ယူရန် အလားအလာရှိ။ ပရီးမီးယားလိဂ်၊ ပြည်တွင်းဖလား ၃ လုံး ရခဲ့။
လီဗာပူးအသင်းရဲ့ ပြင်သစ်နောက်ခံလူ အီဘရာဟီမာ ကိုနာတေးဟာ အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ သဘောတူညီမှု မရရှိခဲ့တာကြောင့် လာမဲ့ နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာတော့မှာ ဖြစ်ပါတယ်။
အသက် ၂၇ နှစ်အရွယ် ကိုနာတေးရဲ့ လက်ရှိစာချုပ်ဟာ လာမဲ့ ဇူလိုင် ၁ ရက်မှာ ကုန်ဆုံးမှာဖြစ်ပြီး သူဟာ မိုဟာမက်ဆာလာ၊ ရောဘတ်ဆင်တို့ နည်းတူ အသင်းကနေ ထွက်ခွာမဲ့စာရင်းထဲ ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။
ကိုနာတေးကို ခေါ်ယူဖို့ ပြီးခဲ့တဲ့ရာသီက ရီးရဲလ်မက်ဒရစ်က စိတ်ဝင်စားခဲ့ဖူးပေမဲ့ လက်ရှိမှာတော့ သူ့ရဲ့ဇာတိမြေက ပဲရစ်စိန့်ဂျာမိန်း (PSG) အသင်းက ခေါ်ယူဖို့ အလားအလာအကောင်းဆုံး ဖြစ်နေပါတယ်။
လီဗာပူးနဲ့အတူ ပရီးမီးယားလိဂ်နဲ့ ပြည်တွင်းဖလား ၃ လုံး ရရှိခဲ့တဲ့ ကိုနာတေးဟာ လာမဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ ပြင်သစ်မြေကို ပြန်လည်ပြောင်းရွှေ့ကစားဖွယ် ရှိနေပါတယ်။