
AI Summary
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ စစ်ဥပဒေချုပ်ရုံးသည် လက်နက်ကိုင်တော်လှန်ရေးတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေပါသည်။ အသက် ၆၃ နှစ်အရွယ် ဦးမောင်မောင်သည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ၎င်း၏ ရှေ့နေဘဝမှ တော်လှန်ရေး၏ ဥပဒေရေးရာယန္တရားထဲသို့ ဝင်ရောက်လာခဲ့သူဖြစ်သည်။ ၎င်းသည် နှစ်ပေါင်း ၃၀ နီးပါး ရှေ့နေအဖြစ် လုပ်ကိုင်ခဲ့ပြီး ၁၉၈၈ ခုနှစ်ကတည်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် ပါဝင်ခဲ့သူဖြစ်သည်။ ဦးမောင်မောင်သည် NUG စစ်ဥပဒေချုပ်ရုံး၏ လက်ထောက်စစ်ဥပဒေချုပ်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပြီး PDF တပ်ဖွဲ့များကို စနစ်ကျပြီး ကျင့်ဝတ်ရှိသော တပ်မတော်ဖြစ်လာစေရန် ထိန်းကျောင်းပေးနေပါသည်။ Myanmar Now က ပဲခူးတိုင်းအရှေ့ပိုင်းရှိ PDF စိုးမိုးနယ်မြေတစ်ခုတွင် ၎င်းနှင့် တွေ့ဆုံမေးမြန်းခဲ့ပြီး ၎င်း၏လုပ်ငန်းတာဝန်များ၊ စစ်ဥပဒေ၏အရေးပါမှုနှင့် ၎င်း၏ဘဝဖြတ်သန်းမှုများကို မေးမြန်းခဲ့သည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနအောက်မှာ ချေမှုန်းရေးရိုင်ဖယ် ကိုင်ဆောင်ပြီး စစ်တပ်ကို တိုက်ခိုက်နေသူတွေ ရှိသလို၊ ဥပဒေပညာနဲ့ တော်လှန်နေသူတွေလည်း ရှိပါတယ်။
အဲဒီထဲမှာ NUG စစ်ဥပဒေချုပ်ရုံးမှာ တာဝန်ထမ်းဆောင်နေသူတွေကလည်း တော်လှန်ရေးရဲ့ နောက်ကွယ်က အရေးကြီးတဲ့ အင်အားတစ်ခု ဖြစ်ပါတယ်။
အသက် ၆၃ နှစ်အရွယ် ဦးမောင်မောင်ဟာ တချိန်က တရားလွှတ်တော်ရှေ့နေတစ်ဦး ဖြစ်ခဲ့သူပါ။ ဒါပေမဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်းမှာတော့ သူဟာ လက်နက်ကိုင်တော်လှန်ရေးရဲ့ ဥပဒေရေးရာယန္တရားထဲ ပါဝင်လာခဲ့ပါတယ်။
ဥပဒေလောကထဲမှာ နှစ်ပေါင်း ၃၀ နီးပါး ကျင်လည်ခဲ့တဲ့ အမှုလိုက်ရှေ့နေတစ်ယောက်ဖြစ်သလို၊ နိုင်ငံရေးဘက်မှာလည်း ၁၉၈၈ ခုနှစ်ကတည်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) မှာ ပါဝင်လှုပ်ရှားခဲ့သူ ဖြစ်ပါတယ်။
အခုနှစ် ဖေဖော်ဝါရီလအတွင်း ပဲခူးတိုင်းအရှေ့ပိုင်းက ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF စိုးမိုးနယ်မြေတစ်ခုမှာ NUG စစ်ဥပဒေချုပ်ရုံးရဲ့ လက်ထောက်စစ်ဥပဒေချုပ် ဦးမောင်မောင်ကို Myanmar Now က တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
အဲဒီတွေ့ဆုံမှုအတွင်း ဦးမောင်မောင် တာဝန်ယူဆောင်ရွက်နေတဲ့ NUG စစ်ဥပဒေချုပ်ရုံးရဲ့ လုပ်ငန်းတာဝန်တွေ၊ လက်နက်ကိုင်တော်လှန်ရေးအတွင်းမှာ စစ်ဥပဒေရဲ့ အရေးပါမှု၊ PDF တပ်ဖွဲ့တွေကို စနစ်ကျပြီး ကျင့်ဝတ်ရှိတဲ့ တပ်မတော်တစ်ခုဖြစ်လာအောင် ထိန်းကျောင်းနေတဲ့ အခန်းကဏ္ဍတွေအပြင်၊ ရှေ့နေဘဝကနေ တော်လှန်ရေးသမားဘဝကို ရောက်ရှိလာခဲ့တဲ့ သူ့ဘဝဖြတ်သန်းမှုတွေကိုလည်း မေးမြန်းထားပါတယ်။
ကိုလှိုင်း၊ စောရယ် / Myanmar Now