မကွေးတွင် ဗိုလ်မှူး၊ ဗိုလ်ကြီးနှင့် တပ်ကြပ်ကြီးတို့ကို တော်လှန်တပ်က လက်နက်များနှင့်အတူ အရှင်ဖမ်းမိ
politics||2 MIN READ

မကွေးတွင် ဗိုလ်မှူး၊ ဗိုလ်ကြီးနှင့် တပ်ကြပ်ကြီးတို့ကို တော်လှန်တပ်က လက်နက်များနှင့်အတူ အရှင်ဖမ်းမိ

Narinjara
SourceNarinjara

AI Summary

မကွေးတိုင်း၊ မကွေးမြို့နယ်၊ ကံပြားရွာနှင့် နတ်မောက်မြို့ကြား လမ်းပိုင်းတွင် တော်လှန်ရေးရဲဘော်များက ရှောင်တခင် စစ်ဆေးနေစဉ် အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီးနှင့် တပ်ကြပ်ကြီးတို့ကို လက်နက်များနှင့်အတူ အရှင်ဖမ်းဆီးနိုင်ခဲ့သည်။ ဖမ်းဆီးခံရသူများမှာ ရန်ကုန်၊ လှည်းကူးမြို့နယ်၊ ရဲမွန်တပ်မြို့၊ တပ်မ (၁၁) လက်အောက်ခံ၊ ခမရ - ၂၁၅ မှ ဗိုလ်မှူး အောင်ဖြိုးဝေ၊ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့၊ ခမရ ၅၉၉ မှ ဗိုလ်ကြီး ပြည့်စုံအောင်နှင့် တပ်ကြပ်ကြီးစာရေး ကိုမျိူးဦးတို့ဖြစ်ကြသည်။ ၎င်းတို့ကို ဇွန်လ ၁ ရက်နေ့ ည ၇ နာရီ ၄၀ မိနစ်ခန့်က လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ ဤဖြစ်စဉ်သည် စစ်ကောင်စီတပ်ဖွဲ့ဝင်များအတွက် ထိခိုက်နစ်နာမှုဖြစ်ပြီး တော်လှန်ရေးအင်အားစုများအတွက် အောင်မြင်မှုတစ်ခုဖြစ်သည်။ Aung San's Land Natmauk က ဤသတင်းကို ဇွန်လ ၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

နိရဉ္စရာ၊ ဇွန် ၆ /၂ဝ၂၆ မကွေးတိုင်း၊ မကွေးမြို့နယ်၊ ကံပြားရွာနှင့် နတ်မောက်မြို့ကြား လမ်းပိုင်းတနေရာတွင် တော်လှန်ရေးရဲဘော်များက ရှောင်တခင် စစ်ဆေးနေချိန် အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီးနှင့် တပ်ကြပ်ကြီးတို့ကို လက်နက်များနှင့်အတူ အရှင်ဖမ်းဆီးနိုင်ခဲ့ကြောင်း Aung San's Land Natmauk က ဇွန်လ ၆ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

လက်နက်များနှင့်အတူ အရှင်ဖမ်းမိခဲ့သည့် ဗိုလ်မှူး၊ ဗိုလ်ကြီးနှင့် တပ်ကြပ်ကြီးတို့မှာ ရန်ကုန်၊ လှည်းကူးမြို့နယ်၊ ရဲမွန်တပ်မြို့၊ တပ်မ (၁၁) လက်အောက်ခံ၊ ခမရ - ၂၁၅ မှ DSA - 51 ဆင်း ဗိုလ်မှူး အောင်ဖြိုးဝေ၊ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့၊ ခမရ ၅၉၉ မှ ဗိုလ်ကြီး ပြည့်စုံအောင်နှင့် တပ်ကြပ်ကြီးစာရေး ကိုမျိူးဦးတို့ဖြစ်ကြသည်။ ဇွန်လ ၁ ရက်နေ့ ည ၇ နာရီ မိနစ် ၄၀ ခန့်က တော်လှန်ရေးရဲဘော်များသည် လမ်းပိုင်းကို ရှောင်တခင် စစ်ဆေးနေစဉ် သူတို့ကို လက်နက်ခဲယမ်းများနှင့်အတူ အရှင်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Narinjara News Image

ဆက်စပ်သတင်းများ

AI Curated
မကွေးတွင် ဗိုလ်မှူး၊ ဗိုလ်ကြီးနှင့် တပ်ကြပ်ကြီးတို့ကို တော်လှန်တပ်က လက်နက်များနှင့်အတူ အရှင်ဖမ်းမိ | YGN Daily