
“သူတို့က ဆေးပြားသုံးတဲ့အခါကျတော့ ရေရှည်ခံမှာမဟုတ်ဘူးလို့သုံးသပ်တယ် ၊ ပြန်ယူမှာပဲ ကျွန်တော်တို့က” - BUR.MIZZIMA.COM
AI Summary
ချင်းပြည်နယ်အတွင်းရှိ ဖလမ်းနှင့် တွန်းဇံမြို့များကို စစ်ကောင်စီတပ်က ဧပြီလနှင့် မေလအတွင်း ပြန်လည်ထိန်းချုပ်သွားခဲ့သည်။ စစ်ကောင်စီသည် ကန်ပက်လက်နှင့် မင်းတပ်မြို့နယ်များသို့ အင်အား ၂,၀၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးတိုက်ခိုက်နေသလို ဟားခါးမှတစ်ဆင့် ထန်တလန်မြို့ဘက်သို့လည်း လေကြောင်းနှင့် လက်နက်ကြီးများဖြင့် ထိုးစစ်ဆင်လျက်ရှိသည်။ ဤစစ်ရေးလှုပ်ရှားမှုများကြောင့် ချင်းပြည်နယ်အတွင်း တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေပြီး ဒေသခံများ ထိခိုက်နစ်နာမှုများ ရှိနေသည်။ လက်ရှိတွင် ချင်းပြည်နယ်အတွင်းရှိ မြို့အချို့ကို လက်လွှတ်လိုက်ရပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည့် အခြေအနေနှင့် ပတ်သက်၍ ချင်းအမျိုးသားတပ်ဦးမှ တာဝန်ရှိသူများက စစ်ရေးအခြေအနေများကို စောင့်ကြည့်လျက်ရှိသည်။
ပါခွီး(ဇွန်၈ရက်)
မဇ္ဈိမ ။ ။ ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်းနဲ့တွန်းဇံမြို့ကို စစ်အုပ်စုတပ်က ဧပြီလနဲ့ မေလတို့မှာ ပြန်လည် ထိန်းချုပ်သွားနိုင်ခဲ့ပါတယ်။
ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်နဲ့ မင်းတပ်မြို့နယ်တို့ကိုလည်း မေလလယ် မှ စပြီး အင်အား ၂,၀၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးတဲ့တွက် တိုက်ပွဲအပြင်းထန်ဖြစ်ပွားနေပါတယ်။
တဆက်တည်း မြို့တော်ဟားခါးက နေ ထန်တလန်မြို့ဖက်ကို လေကြောင်း ၊လက်နက်ကြီးများနဲ့ ပစ်ခတ်ပြီး စစ်ကြောင်းထိုးလာတဲ့အတွက် တိုက်ပွဲဖြစ်နေကြောင်း သိရပါတယ်။
ချင်းပြည်နယ်အတွင်း မြို့များလက်လွှတ်ခဲ့ပြီး လက်ရှိတိုက်ပွဲများဖြစ်ပွားနေတဲ့အခြေအနေ၊ စစ်အောင်နိုင်ရေးတွက်လုပ်ဆောင်သင့်တာတွေနဲ့ပတ်သက်ပြီး ချင်းအမျိုးသားတပ်ဦး(CNF) စစ်ဦးစီးချုပ် ၊ ကာကွယ်ရေးဒုဝန်ကြီး တာဝန်များထမ်း ဆောင်ခဲ့ပြီး လက်ရှိ ဗဟိုအလုပ်အမှူဆောင် ကော်မတီ ၊ ပြည်သူ့ဆက်ဆံရေးနှင့် စည်းရုံးရေးဌာန အတွင်းရေးမှူး ဖြစ်သူ ဗိုလ်မှူးကြီး ဆော်လမွန်ကို မဇ္ဈိမက ဆက်သွယ်မေးမြန်းထားပါတယ်။
မေးမြန်း – ပါခွီး တည်းဖြတ် – မင်းဇင်