ဆာလာအပေါ် ကာရေဂါနှင့် မီဒီယာများ၏ဆက်ဆံပုံ ရွံရှာဖွယ်ကောင်းဟု ရှုတ်ချ
sports||2 MIN READ

ဆာလာအပေါ် ကာရေဂါနှင့် မီဒီယာများ၏ဆက်ဆံပုံ ရွံရှာဖွယ်ကောင်းဟု ရှုတ်ချ

DVB
SourceDVB

AI Summary

လီဗာပူးနောက်ခံလူဟောင်း ဒီဂျန်လိုဗရန်က မိုဟာမက်ဆာလာအပေါ် အင်္ဂလန်မီဒီယာများနှင့် ဂျေမီကာရေဂါတို့၏ ဆက်ဆံပုံကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။ ဆာလာသည် ယခုရာသီတွင် ရုန်းကန်ခဲ့ရပြီး လိဂ်ဂိုး ၇ ဂိုးသာ သွင်းယူနိုင်ခဲ့ကာ၊ မကြာသေးမီက ရာထူးမှ ထုတ်ပယ်ခံရသည့် နည်းပြ ကလော့ပ်နှင့်လည်း ဆက်ဆံရေး ပျက်ပြားခဲ့သည်။ လိုဗရန်၏ ပြောကြားချက်အရ နည်းပြကလော့ပ်သာ စောစောပြုတ်ခဲ့လျှင် ဆာလာသည် လီဗာပူးတွင် ဆက်ရှိနေမည်ဖြစ်ပြီး၊ ကလော့ပ်ကပင် ဆာလာကို အသင်းမှ ထွက်ခွာရန် တွန်းအားပေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ကာရေဂါ၏ မှတ်ချက်များသည် ငွေကြေးအတွက်သာဖြစ်ပြီး ဆာလာ၏ မျက်နှာကို တည့်တည့်ပြောရဲမည်မဟုတ်ဟု လိုဗရန်က ဝေဖန်ခဲ့သည်။ ဤအခြေအနေများကြောင့် ဆာလာသည် ယခုနွေရာသီတွင် အသင်းမှ ထွက်ခွာရန် ဆုံးဖြတ်ခဲ့ပြီး၊ ၎င်း၏အနာဂတ်အတွက် ကလပ်အသင်းများစွာက စောင့်ကြည့်နေကြသည်။

Photo: Reuters

လီဗာပူးနောက်ခံလူဟောင်း ဒီဂျန်လိုဗရန်က အသင်းကနေ ထွက်ခွာတော့မဲ့ မိုဟာမက်ဆာလာ အပေါ် အင်္ဂလန်မီဒီယာတွေနဲ့ ဂျေမီကာရေဂါတို့ရဲ့ ဆက်ဆံပုံဟာ ရွံစရာကောင်းတယ်လို့ ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။

ဆာလာဟာ အခုရာသီမှာ ရုန်းကန်ခဲ့ရပြီး လိဂ်ဂိုး ၇ ဂိုးပဲ သွင်းနိုင်ခဲ့တာပါ။ ဒါ့အပြင် ပြီးခဲ့တဲ့အပတ်ကမှ ရာထူးကပြုတ်သွားတဲ့ နည်းပြ စလော့နဲ့လည်း ဆက်ဆံရေး ပျက်ပြားခဲ့ပြီး အခုနွေရာသီမှာ အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

လိုဗရန်ကတော့ ကာရေဂါဟာ တီဗီထက်မှာ ပိုက်ဆံရဖို့အတွက်ပဲ လျှောက်ပြောနေတာဖြစ်ပြီး ဆာလာရဲ့မျက်နှာကို တည့်တည့်ပြောရဲမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် နည်းပြစလော့သာ စောစောပြုတ်ခဲ့ရင် ဆာလာဟာ လီဗာပူးမှာ ၁၀၀ ရာခိုင်နှုန်း ဆက်ရှိနေမှာလို့ ဆိုပါတယ်။

စလော့ကပဲ ဆာလာကို အသင်းကထွက်အောင် တွန်းအားပေးခဲ့တာလို့ ဖွင့်ဟခဲ့ပါတယ်။ လက်ရှိမှာတော့ ဆာလာရဲ့ အနာဂတ်အတွက် ကလပ်အသင်း အများအပြားက စောင့်ကြည့်နေကြပါတယ်။

ဆက်စပ်သတင်းများ

AI Curated
ဆာလာအပေါ် ကာရေဂါနှင့် မီဒီယာများ၏ဆက်ဆံပုံ ရွံရှာဖွယ်ကောင်းဟု ရှုတ်ချ | YGN Daily