
AI Summary
ဇွန်လ ၂ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်ရေတပ်သည် စိန့်မာတင်ကျွန်းအနီး ဘင်္ဂလားပင်လယ်အော်၌ ကင်းလှည့်နေစဉ် သံသယဖြစ်ဖွယ် ငါးဖမ်းစက်လှေနှစ်စင်းကို တွေ့ရှိခဲ့သည်။ ထိုလှေနှစ်စင်းကို လိုက်လံဖမ်းဆီးပြီးနောက် 'Ma-2' နှင့် 'Nishan-2' အမည်ရှိ လှေများပေါ်မှ ရခိုင်ပြည်သို့ မှောင်ခိုတင်သွင်းရန် ရည်ရွယ်သည့် ဘိလပ်မြေအိတ် စုစုပေါင်း ၁၇၀၀ ကို ဖမ်းဆီးရမိခဲ့သည်။ ၎င်းပြင် ဘိလပ်မြေများကို တရားမဝင် သယ်ဆောင်လာသူ လူ ၂၀ ဦးကိုလည်း ဖမ်းဆီးခဲ့သည်။ ဖမ်းဆီးခံရသူများက အကျိုးအမြတ်ပိုမိုရရှိရန်အတွက် ဘိလပ်မြေများကို မြန်မာနိုင်ငံ၊ ရခိုင်ပြည်သို့ မှောင်ခိုတင်သွင်းရန် သယ်ဆောင်လာခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။ လက်ရှိတွင် သိမ်းဆည်းရမိသော ဘိလပ်မြေများနှင့် ဖမ်းဆီးခံရသူများကို တရားဥပဒေအရ အရေးယူနိုင်ရန် တက်ကနက်ရဲစခန်းသို့ လွှဲပြောင်းပေးအပ်ထားသည်။
နိရဉ္စရာ၊ ဇွန် ၃/ ၂၀၂၅
ဘင်္ဂလားဒေ့ရှ်ရေတပ်က ရခိုင်သို့ပို့ဆောင်သည့်ဘိလပ်မြေအိတ်၁၇၀၀ ကိုငါးဖမ်းစက်လှေနှစ်စင်း၊လူ ၂၀ ဦးနှင့်အတူဇွန်လ ၂ ရက်နေ့ ဖမ်းဆီးလိုက်ကြောင်းဘင်္ဂလားဒေ့ရှ်စစ်တပ် အရပ်ဘက်ဆက်ဆံရေးဌာနမှ သတင်းထုတ်ပြန်သည်။
ဘင်္ဂလားဒေ့ရှ်ရေတပ်သည် ယမန်နေ့ဇွန်လ၂ ရက်နေ့တွင် စိန့်မာတင်ကျွန်း(အုန်းကျွန်း) နှင့် ကပ်လျက် ဘင်္ဂလားပင်လယ်အော်တွင်ကင်းလှည့်နေစဉ် သံသယဖြစ်ဖွယ်အင်ဂျင်စက်တပ် ငါးဖမ်းလှေနှစ်စင်းကို တွေ့ရှိခဲ့သည်။
ထိုသို့သံသယဖြစ်ပြီးနောက်ကင်းလှည့်နေသော ရေတပ်သင်္ဘောများသည်၎င်းစက်လှေ ၂ စီးကို လိုက်လံဖမ်းဆီးရာ 'Ma-2' နှင့် 'Nishan-2' အမည်ရှိ ငါးဖမ်းစက်လှေနှစ်စင်းကိုဖမ်းဆီးမိခဲ့သည်။
ဖမ်းဆီးရမိသော လှေနှစ်စင်းကို ရှာဖွေပြီးနောက် 'Ma-2' ငါးဖမ်း စက်လှေပေါ်မှ ဘိလပ်မြေအိတ် ၉၀၀ နှင့် 'Nishan-2' စက်လှေပေါ်မှ ဘိလပ်မြေအိတ် ၈၀၀ တို့ကိုအသီးသီး ဖမ်းဆီးရရှိခဲ့သည်။
၎င်းပြင်ဘိလပ်မြေများကိုတရားမဝင် ခိုးထုတ်သူ ၂၀ ဦးကိုလည်း ဖမ်းမိခဲ့သည်ဟုဆိုသည်။
ဖမ်းဆီးခံရသူများက ၎င်းတို့သည် အကျိုးအမြတ်ပိုမိုရရှိရန် မျှော်လင့်ချက်ဖြင့် ဘိလပ်မြေကို မြန်မာနိုင်ငံ၊ ရခိုင်ပြည်သို့ မှောင်ခိုတင်သွင်းရန် သယ်ဆောင်လာခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
သိမ်းဆည်းရမိသော ဘိလပ်မြေနှင့် ဖမ်းဆီးခံရသူများကို တရားဥပဒေအရ အရေးယူရန် တက်ကနက်ရဲစခန်းသို့ လွှဲပြောင်းပေးအပ်ခဲ့သည်ဟုသတင်းတွင် ဖော်ပြထားသည်။ (PHOTO: ISPR)