
AI Summary
ရခိုင်ပြည်နယ် ကျောက်တော်မြို့တွင် မြန်မာလေတပ်၏ ဂျက်ဖိုက်တာများဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူများ ထိခိုက်သေဆုံးခဲ့ရသည်။ ဇွန်လ ၁၇ ရက်နေ့က ဖြစ်ပွားခဲ့သော အဆိုပါတိုက်ခိုက်မှုမှာ လေတပ်က အရပ်သားနေထိုင်ရာ ရပ်ကွက်များနှင့် ဈေးဆိုင်တန်းများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ယင်းဖြစ်စဉ်ကြောင့် ကလေးငယ်တစ်ဦးအပါအဝင် ရှစ်ဦးမှာ ဖြစ်ပွားသည့်နေ့တွင်ပင် သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၁၉ ဦးအနက် ဒေါ်မအေးလှဆိုသူမှာ ဆေးကုသမှုခံယူနေစဉ် ထပ်မံသေဆုံးသွားခဲ့သည်။ လက်ရှိတွင် စုစုပေါင်း သေဆုံးသူ ကိုးဦးအထိ ရှိလာပြီဖြစ်ကာ ကျန်ရှိနေသည့် ဒဏ်ရာရသူ ၁၈ ဦးထဲတွင်လည်း အခြေအနေစိုးရိမ်ရသူများ ပါဝင်နေသည်။ အပြစ်မဲ့ပြည်သူများအပေါ် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုကြောင့် ဒေသခံများမှာ ထိခိုက်နစ်နာမှုများစွာ ကြုံတွေ့နေရသည်။
(ကျောက်တော်ဖြစ်စဉ်အတွင်း သေဆုံးသူ ကိုးဦးအထိရှိလာ) မောင်စာဂ၊ နိရဉ္စရာ၊ ဇွန် ၂ဝ / ၂၀၂၆ ရခိုင်ပြည်၊ ကျောက်တော်မြို့ မကြာသေးမီရက်ပိုင်းက ဗုံးကြဲခံရမှုဖြစ်စဉ်အတွင်း ဒဏ်ရာရရှိသွားသူများအနက် ဒဏ်ရာပြင်းထန်သည့်အမျိုးသမီးတစ်ဦးသည် ထပ်မံသေဆုံးသွားခဲ့သည်ဟု သိရသည်။ သေဆုံးသွားသူမှာ ကျောက်တော်မြို့၊ ပိုက်သည်ရပ်ကွက် (ဒုံးချောင်းပိုင်း)မှ ဒေါ်မအေးလှ (၆၂)နှစ်ဖြစ်သည်။ သူမသည် ဗုံးကြဲခံရမှုကြောင့် ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီးနောက် အရေးပေါ်ဆေးကုသမှုခံယူနေစဉ် ယမန်နေ့ ဇွန်လ ၁၉ ရက်၊ ညနေပိုင်းတွင် သေဆုံးသွားခြင်းဖြစ်သည်။ အကြမ်းဖက် မြန်မာလေတပ်သည် ဂျက်ဖိုက်တာလေးစီးဖြင့် ပြီးခဲ့သည့် ဇွန်လ (၁၇) ရက်နေ့၊ ညနေ (၃) နာရီအချိန်ခန့်မှစ၍ ကျောက်တော်မြို့ပေါ်ရှိ အပြစ်မဲ့ အရပ်သားပြည်သူများနေထိုင်ရာ ရပ်ကွက်များနှင့် လမ်းမတော်ကျေးရွာ ဈေးဆိုင်တန်း ကျောက်ကွင်းအနီးတစ်ဝိုက်ကို တစ်နာရီနီးပါးကြာအောင် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ အဆိုပါတိုက်ခိုက်ခံရမှုကြောင့် ယင်းနေ့တွင်ပင် လေးနှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူ ရှစ်ဦးသေဆုံးခဲ့ပြီး ဒေါ်မအေးလှအပါအဝင် (၁၉)ဦးသည် ဒဏ်ရာများအသီးသီးရရှိခဲ့သည်။ ယင်းအနက် ဒေါ်မအေးလှသည် အခြားသူများနှင့်အတူ ဆေးကုသမှုခံယူနေစဉ် ယမန်နေ့တွင် သေဆုံးသွားခဲ့ရခြင်းဖြစ်သည်။ ယင်းကြောင့် လက်ရှိတွင် အဆိုပါဖြစ်စဉ်အတွင်း သေဆုံးသူ ကိုးဦးဖြစ်သွားပြီဖြစ်သည်။ နောက်ထပ် ကျန်ရှိသေးသည့် ဒဏ်ရာရသူ ၁၈ ဦးတွင်လည်း ဒဏ်ရာပြင်းထန်သူများပါဝင်သည်ဟု သိရသည်။