ကမ္ဘာ့ဖလားမတိုင်မီ ကနေဒါ ရဲတပ်ဖွဲ့က ကန်ဒေါ်လာ ၂ သန်းခွဲဖိုးရှိတဲ့ ဘောလုံးဂျာစီအတုများ သိမ်းဆည်းရမိ
sports||2 MIN READ

ကမ္ဘာ့ဖလားမတိုင်မီ ကနေဒါ ရဲတပ်ဖွဲ့က ကန်ဒေါ်လာ ၂ သန်းခွဲဖိုးရှိတဲ့ ဘောလုံးဂျာစီအတုများ သိမ်းဆည်းရမိ

DVB
SourceDVB
Back to News

AI Summary

ကနေဒါနိုင်ငံ၊ တိုရွန်တိုမြို့ ရဲတပ်ဖွဲ့သည် ဇွန်လ ၁ ရက်နေ့တွင် ကနေဒါသမိုင်းတွင် အများဆုံးဖြစ်သည့် ဘောလုံးအင်္ကျီအတုများကို သိမ်းဆည်းရမိခဲ့ကြောင်း ကြေညာခဲ့သည်။ မစ်စက်စာဂါကုန်လှောင်ရုံမှ ကနေဒါဒေါ်လာ ၃ သန်းခွဲကျော် (အမေရိကန်ဒေါ်လာ ၂.၅၃ သန်း) တန်ဖိုးရှိ FIFA၊ Nike၊ Adidas နှင့် Puma အမှတ်တံဆိပ်အတုများပါဝင်သော အင်္ကျီနှင့် အလံပေါင်း ၁၆,၀၀၀ ကျော်အပြင် ကမ္ဘာ့ဖလားဆုဖလားအတု ၂ ခုကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။ မေလတွင် တိုရွန်တိုရဲတပ်ဖွဲ့ FIFA စီမံကိန်းရေးဆွဲရေးအဖွဲ့ စုံစမ်းစစ်ဆေးရေးဌာနသို့ တိုင်ကြားချက်အရ တရားခံများသည် လက်လီစတိုးဆိုင်များသို့ ကုန်ပစ္စည်းအတုများ ဖြန့်ဖြူးနေကြောင်း စွပ်စွဲထားသည်။ ကမ္ဘာ့ဖလားပွဲစဉ်များအတွက် ဧည့်သည် ၃ သိန်းကျော် လာရောက်မည်ဟု မျှော်လင့်ထားချိန်တွင် ယခုကဲ့သို့ ကုန်ပစ္စည်းအတုများ ဖြန့်ဖြူးခြင်းသည် စားသုံးသူများနှင့် အမှတ်တံဆိပ်များအတွက် ထိခိုက်မှုရှိစေနိုင်သည်။ ဤအမှုနှင့်ပတ်သက်၍ အမျိုးသား ၂ ဦးကို ဖမ်းဆီးပြီး တရားစွဲဆိုထားကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

Photo: Reuters

ကမ္ဘာ့ဖလားအိမ်ရှင်နိုင်ငံတနိုင်ငံဖြစ်တဲ့ ကနေဒါနိုင်ငံမှာ တိုရွန်တိုမြို့ ရဲတပ်ဖွဲ့က ကနေဒါသမိုင်းမှာ အများဆုံးဖြစ်တဲ့ ဘောလုံးအင်္ကျီအတုတွေကို ဇွန် ၁ ရက်က သိမ်းဆည်းရမိတယ်လို့ ကြေညာပါတယ်။

ရဲအရာရှိတွေက မစ်စက်စာဂါကုန်လှောင်ရုံ ကနေ ကနေဒါဒေါ်လာ ၃ သန်းခွဲကျော် (အမေရိကန် ဒေါ်လာ ၂ ဒသမ ၅၃ သန်း) တန်ဖိုးရှိတဲ့ ကုန်စည်အတုတွေကို သိမ်းဆည်းရမိခဲ့တာပါ။

FIFA၊ Nike၊ Adidas နဲ့ Puma အမှတ်တံဆိပ် အတုတွေ တပ်ဆင်ထားတဲ့ အင်္ကျီတွေနဲ့ အလံ ၁၆,၀၀၀ ကျော်အပြင် ကမ္ဘာ့ဖလားဆုဖလားအတု ၂ ခုလည်း သိမ်းမိတဲ့ပစ္စည်းတွေထဲမှာ ပါဝင်ခဲ့ပါတယ်။

ဒီအမှုနဲ့ပတ်သက်လို့ အမျိုးသား ၂ ယောက်ကို ဖမ်းဆီးပြီး တရားစွဲထားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ဇွန် ၁၂ ရက်နေ့ စတင်ကျင်းပမဲ့ ဘော့စနီးယား-ဟာဇီဂိုဗီးနားအသင်းနဲ့ အိမ်ရှင်ကနေဒါအသင်းတို့ရဲ့ အဖွင့်ပွဲစဉ် အပါအဝင် ကမ္ဘာ့ဖလားပွဲစဉ် ၆ ပွဲကစားတာကို ကြည့်ဖို့ တိုရွန်တိုမြို့ကို ဧည့်သည် ၃ သိန်းကျော် လာလည်မယ်လို့ မျှော်လင့်ထားကြပါတယ်။

မေလမှာ တိုရွန်တိုရဲတပ်ဖွဲ့ FIFA စီမံကိန်းရေးဆွဲရေးအဖွဲ့ စုံစမ်းစစ်ဆေးရေးဌာနဆီ တိုင်ကြားချက်ထဲမှာ တရားခံတွေဟာ လက်လီစတိုးဆိုင်တွေဆီ ထုတ်ကုန်တွေ ထောက်ပံ့ ပေးနေပြီး ကုန်ပစ္စည်းအတုတွေကို ဖြန့်ဖြူးနေတယ်လို့ စွပ်စွဲထားပါတယ်။

ပစ္စည်းတွေရဲ့ ခန့်မှန်းခြေ မှောင်ခိုတန်ဖိုးက ကနေဒါဒေါ်လာ ၃,၅၆၄,၀၀၀ ရှိတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ဆက်စပ်သတင်းများ

AI Curated
ကမ္ဘာ့ဖလားမတိုင်မီ ကနေဒါ ရဲတပ်ဖွဲ့က ကန်ဒေါ်လာ ၂ သန်းခွဲဖိုးရှိတဲ့ ဘောလုံးဂျာစီအတုများ သိမ်းဆည်းရမိ | YGN Daily