
AI Summary
ကေအဲန်ယူထိန်းချုပ်နယ်မြေ သထုံမြို့နယ်အတွင်းရှိ ပဏ္ဍိကုန်းကျေးရွာကို အာဏာသိမ်းစစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှုများ ဖြစ်ပေါ်ခဲ့သည်။ အဆိုပါပစ်ခတ်မှုကြောင့် ကိုယ်ဝန်ခုနစ်လလွယ်ထားရသည့် အမြွှာကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးနှင့် ၁၁ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး သေဆုံးခဲ့ရပြီး အခြားသူများလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားနေထိုင်ရာကျေးရွာကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နေအိမ်များ မီးလောင်ပျက်စီးကာ တိရစ္ဆာန်များလည်း သေဆုံးခဲ့သည်။ စစ်တပ်၏ အကြမ်းဖက်ပစ်ခတ်မှုများကြောင့် အပြစ်မဲ့ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ဆက်လက်ဆုံးရှုံးနေရကြောင်း ကေအဲန်ယူက ထုတ်ပြန်ထားသည်။ လက်ရှိတွင် ထိခိုက်ဒဏ်ရာရရှိသူများအတွက် ဆေးဝါးကုသမှုနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လိုအပ်လျက်ရှိသည်။
ထင်ရှားသော ပြောကြားချက်များ
"အာဏာသိမ်းစစ်တပ်၏ အကြမ်းဖက်တပ်ဖွဲ့များသည် တိုက်ပွဲဖြစ်ပွားမှုမရှိသည့်အချိန်များတွင်ပင် အရပ်သားပြည်သူများနေထိုင်ရာ ကျေးရွာများအား လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်လျက်ရှိပြီး အပြစ်မဲ့အရပ်သားပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ထိခိုက်ဆုံးရှုံးမှုများ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း KNU ကဆိုသည်။"
နိရဉ္စရာ၊ဇွန်၂၆/ ၂၀၂၆
KNU ထိန်းချုပ်နယ်မြေ၊ဒူးသထူခရိုင်၊ သထုံမြို့နယ်အတွင်း အာဏာသိမ်း မြန်မာစစ်တပ်ကလက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့သောကြောင့်အမြွှာကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးနှင့်မိန်းခငယ်တစ်ဦးသေဆုံး ခဲ့ရကြောင်းဇွန်လ၂၅ရက်နေ့တွင်ကေအဲန်ယူ-ကရင် အမျိုးသားအစည်းအရုံးမှထုတ်ပြန်သည်။
သေဆုံးသူများမှာကိုယ်ဝန် အမြွှာသမီးငယ်၂ ဦးကို ကိုယ်ဝန် ၇ လွယ်ထားရသူ ဒေါ်ဇင်မာစိုး (၄၁)နှစ်နှင့် မိစနေ(၁၁)နှစ်တို့ဖြစ်ကြသည်။
၂၀၂၆ခုနှစ်ဇွန်လ (၂၂) ရက်နေ့ညနေ၅နာရီအချိန်တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်အမှတ် (၄၄) ခြေမြန်တပ်မဌာနချုပ်လက်အောက်ခံခမရ (၃) မှအရပ်သားပြည်သူများနေထိုင်သည့်ကျေးရွာကိုပစ်မှတ်ထား၍လက်နက်ကြီး (၂) လုံးပစ်ခတ်ခဲ့ရာ သထုံမြို့နယ်၊ကဒီပုကျေးရွာအုပ်စု၊ပဏ္ဍိကုန်းကျေးရွာအတွင်းကျရောက်ပေါက်ကွဲခဲ့သည်။
လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့်ပဏ္ဍိကုန်းကျေးရွာနေကိုငယ်၏နေအိမ်ထိမှန် မီးလောင်ပျက်စီးခဲ့ပြီးဇနီးဖြစ်သူဒေါ်ဇင်မာစိုးသည်လက်နက်ကြီးကျည်စထိမှန်သေဆုံးခဲ့သည်။
ဒေါ်ဇင်မာစိုး လွယ်ထားရသည့် ကိုယ်ဝန် (၇) လ အမြွှာသမီး (၂) ဦးမှာလည်းအသက် ဆုံးရှုံးခဲ့ကြောင်းသိရသည်။
ထို့အပြင်ပဏ္ဍိကုန်းကျေးရွာနေကိုမောင်လေး(၃၂)နှစ်သည်ဘယ်ဘက်ပေါင်တွင်လက်နက်ကြီး ကျည်စထိမှန်ဒဏ်ရာရရှိခဲ့ပြီးသမီးဖြစ်သူမိစနေ (၁၁)နှစ်မှာလက်နက်ကြီးကျည်စထိမှန်သေဆုံးခဲ့ကာအခြားသမီးဖြစ်သူမိယွန်း (၅)နှစ်သည်ကျောပြင်တွင်လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာရရှိခဲ့သည်။
အဆိုပါပစ်ခတ်မှုကြောင့်ပဏ္ဍိကုန်းကျေးရွာနေဦးမောင်မောင်ပိုင်ဆိုင်သည့်နွား (၁) ကောင်သေဆုံးခဲ့ပြီးဦးတက်တိုးပိုင်ဆိုင်သည့်နွား (၁) ကောင်လည်းလက်နက်ကြီးကျည်စထိမှန်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
အာဏာသိမ်းစစ်တပ်၏အကြမ်းဖက်တပ်ဖွဲ့များသည်တိုက်ပွဲဖြစ်ပွားမှုမရှိသည့်အချိန်များတွင်ပင်အရပ်သားပြည်သူများနေထိုင်ရာကျေးရွာများအားလက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်လျက်ရှိပြီးအပြစ်မဲ့အရပ်သားပြည်သူများ၏အသက်အိုးအိမ်စည်းစိမ်များထိခိုက်ဆုံးရှုံးမှုများဆက်လက်ဖြစ်ပွားလျက်ရှိကြောင်းKNUကဆိုသည်။