AA ထိန်းချုပ်မြို့နယ်များတွင် အာရက္ခလောင်ပေါ် စတင်ရောင်းချ
myanmar||4 MIN READ

AA ထိန်းချုပ်မြို့နယ်များတွင် အာရက္ခလောင်ပေါ် စတင်ရောင်းချ

Narinjara
SourceNarinjara

AI Summary

အာရက္ခတပ်တော်(AA)ထိန်းချုပ်ရာ ပလက်ဝခရိုင်အပါအဝင် ရခိုင်ပြည်နယ်မြို့နယ်များတွင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက အာရက္ခလောင်ပေါ် (ထီ)ကို ဇွန်လ ၁ ရက်နေ့မှစတင်ကာ ရောင်းချနေပြီဖြစ်သည်။ ထီတစ်စောင်လျှင် ကျပ်တစ်ထောင်နှုန်းဖြင့် ရောင်းချပြီး အမြင့်ဆုံးဆုမှာ ကျပ်သိန်း ၅၀၀ ဖြစ်ကာ စုစုပေါင်းဆုမဲ ၃၉ ဆု ခွဲခြားထားသည်။ ရောင်းရငွေ၏ ၅၀ ရာခိုင်နှုန်းကို ဆုမဲအဖြစ် ပြန်လည်ခွဲဝေပေးပြီး ကျန် ၅၀ ရာခိုင်နှုန်းကို ပြည်သူများ၏ ကျန်းမာရေး၊ ပညာရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ လမ်း၊ တံတား တည်ဆောက်ခြင်းများတွင် ပြန်လည်အသုံးပြုသွားမည်ဖြစ်သည်။ ထီစတင်ရောင်းချသည့်နေ့တွင် လူစည်ကားရာနေရာများ၌ ထီဝယ်ယူသူများဖြင့် ကြိတ်ကြိတ်တိုးဖြစ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ ပျက်စီးနေသော သို့မဟုတ် ပြင်ဆင်ထားသော ထီလက်မှတ်များကို ဆုငွေထုတ်ပေးမည်မဟုတ်ဘဲ ဆုပေါက်စဉ် ကြော်ငြာပြီး တစ်နှစ်အတွင်း မတောင်းခံပါက ဆုငွေကို အခွန်ဘဏ္ဍာအဖြစ် သိမ်းယူမည်ဖြစ်သည်။ လစဉ် လဆန်း ၁ ရက်နေ့တိုင်း ထီဖွင့်လှစ်ကာ ဆုပေါက်ဂဏန်းများကို ကြေညာမည်ဖြစ်ပြီး ဗဟိုအကောက်ခွန်နှင့် အခွန်ဌာန၊ အာရက္ခလောင်ပေါ်ဌာနခွဲများတွင် ဆုငွေထုတ်ယူနိုင်မည်ဖြစ်သည်။

မောင်စာဂ၊ နိရဉ္စရာ၊ ဇွန် ၁ /၂ဝ၂၆ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားသော ပလက်ဝခရိုင်အပါအဝင် ရခိုင်ပြည်အတွင်းရှိမြို့နယ်များတွင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက အာရက္ခလောင်ပေါ် (ထီ)ကို ယနေ့တွင် စတင်ရောင်းချနေပြီဟု သိရသည်။ အာရက္ခလောင်ပေါ် (ထီ)တစ်စောင်လျှင် ကျပ် တစ်ထောင်နှုန်းနှင့် ၁ဝ စောင်တွဲတစ်အုပ်လျှင် ကျပ်တစ်သောင်းဖြင့် ယနေ့ ဇွန်လ ၁ ရက်မှစတင်ကာ မြို့ပေါ်နှင့် ကျေးရွာများရှိ လူစည်ကားရာနေရာများတွင် အာရက္ခပြည်သူ့တော်လှန်းရေးအစိုးရ၏ ဗဟိုအကောက်ခွန်နှင့် အခွန်ဌာနက စတင်ရောင်းချနေခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။ ရခိုင်မှ အမျိုးသမီးတစ်ဦးက “မနက်က သင်္ဘောဆိပ်နားမှာ လူတွေထိုးနေတာ ကြိတ်ကြိတ်တိုးပဲ။ တိုးမပေါက်လို့ မထိုးခဲ့ရဘူး။ နောက်နေ့တွေမှပဲ ထိုးတော့မယ်”ဟု ပြောသည်။ အဆိုပါလောင်ပေါ်(ထီ)စာရွက်တွင် ဂဏန်းခြောက်လုံးပါရှိပြီး အမြင့်ဆုံးထီဆုမှာ ကျပ်သိန်း ၅ဝဝ ဖြစ်သည်။ ယင်းအပြင် သိန်း ၃ဝဝ ကျပ်၊ သိန်း ၁ဝဝ ကျပ်၊ သိန်း ၅ဝ ကျပ်၊ သိန်း ၂ဝ ကျပ်၊ ၁ဝ သိန်း စုစုပေါင်း ဆုမဲအရေအတွက် ၃၉ ဆု ခွဲခြားထားပြီး တစ်လလျှင် (၁)ကြိမ် ဖွင့်လှစ်သွားမည်ဖြစ်သည်။ လစဉ် လဆန်း (၁) ရက်နေ့တိုင်း ဗဟိုအကောက်ခွန်နှင့် အခွန်ဌာန၊ အာရက္ခလောင်ပေါ်ဌာနခွဲများတွင် ထီပေါက်လက်မှတ်ဂဏန်းများကို ဖွင့်လှစ်သွားမည်ဖြစ်ပြီး အွန်လိုင်းနှင့် အခြား မီဒီယာများတွင်လည်း လစဉ် ထုတ်လွှင့်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ အာရက္ခလောင်ပေါ် ဆုမဲအမျိုးအစားလိုက် ဆုငွေများကိုလည်း ဗဟိုအကောက်ခွန်နှင့် အခွန်ဌာန အာရက္ခလောင်ပေါ်ဌာနခွဲများနှင့် သက်ဆိုင်ရာ မြိုနယ် အာရက္ခလောင်ပေါ်အရောင်းဌာနများတွင် ထုတ်ယူနိုင်သည်ဟု သိရသည်။ အာရက္ခလောင်ပေါ်ဆုကို ဆုရလက်မှတ်တင်ပြနိုင်မှသာလျှင် ဆုငွေထုတ်ယူခွင့်ရှိပြီး တင်ပြတောင်းခံသည့် လောင်ပေါ် ပေါက်လက်မှတ်၏ ဂဏန်းများတစ်ဆက်တစ်စပ်တည်း မရှိ၊ ပိုင်းပြတ်စုတ်ပြဲနေသော ပေါက်လက်မှတ် များကို ဆုငွေ ထုတ်ပေးမည်မဟုတ်ဟု သိရသည်။ ဂဏန်းများတွင် ပြင်ရာ၊ ဖျက်ရာ (သို့မဟုတ်) မူလအနေအထား ချွတ်ယွင်း ပျက်စီးမှု များရှိလျှင်ဖြစ်စေ၊ ဆုငွေထုတ်ပေးခြင်းကို ဗဟို အကောက်ခွန်နှင့်အခွန်ဌာန၊ အာရက္ခလောင်ပေါ်ဌာနခွဲမှ ငြင်းပယ်ခွင့်ရှိကြောင်းလည်း သိရသည်။ အာရက္ခလောင်ပေါ်ဆုပေါက်စဉ် ကြော်ငြာထားသည့်ရက်မှ တစ်နှစ်အတွင်း တောင်းခံခြင်းမပြုသော လောင်ပေါ်ဆုငွေ များကို အခွန်ဘဏ္ဍာအဖြစ် သိမ်းယူမည်ဖြစ်ပြီး ဆုရလက်မှတ်တင်ပြသူ (သ့ိုမဟုတ်) ပိုင်ဆိုင်သူသည် ပြစ်မှု ဆိုင်ရာဥပဒေ ပြစ်မှုတစ်ခုခုကို ကျူးလွန်သည်ဟု ဗဟို အကောက်ခွန်နှင့် အခွန်ဌာန၊ အရက္ခထီ(လောင်ပေါ်) ဌာနမှူးက ယုံကြည်ရန်အကြောင်းရှိလျှင် လောင်ပေါ် ပေါက်ဆုငွေထုတ်ပေးခြင်းကို ရပ်ဆိုင်းထားမည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။ ဆက်လက်၍ အာရက္ခလောင်ပေါ် ရောင်းရငွေ၏ ၅၀ ရာခိုင်နှုန်းကို ဆုမဲအဖြစ် ပြန်လည်ခွဲဝေပေးခြင်းဖြစ်ပြီး ကျန် ၅၀ ရာခိုင်နှုန်းကို ပြည်သူများ၏ ကျန်းမာရေး၊ ပညာရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ လမ်း၊ တံတား တည်ဆောက်ခြင်းများတွင် ပြန်လည်အသုံးပြုသွားမည်ဟု အာရက္ခလောင်ပေါ်ဌာနခွဲက အသိပေးထားသည်။ ဓာတ်ပုံ - လူမှုကွန်ရက်

ဆက်စပ်သတင်းများ

AI Curated
AA ထိန်းချုပ်မြို့နယ်များတွင် အာရက္ခလောင်ပေါ် စတင်ရောင်းချ | YGN Daily