
AI Summary
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်ရှိ ဒဘူဒမ်းရွာအနီး မေခမြစ်ပေါ်မှ တံတားသည် ပြီးခဲ့သည့်နှစ် ရေကြီးမှုကြောင့် ပျက်စီးခဲ့ပြီး ယခုထိ ပြန်လည်တည်ဆောက်ခြင်း မရှိသေးပါ။ ဘတ်ဂျက်မရှိသောကြောင့် ဒေသခံများက ဝါးဖောင်များဖြင့် အသက်အန္တရာယ်စိုးရိမ်ဖွယ် မြစ်ကူးနေရပြီး အထူးသဖြင့် မိုးရာသီတွင် ပိုမိုခက်ခဲအန္တရာယ်များပါသည်။ ဤအခြေအနေကြောင့် ကျောင်းသားများ၊ ခရီးသွားပြည်သူများနှင့် ဒေသခံများ အပါအဝင် ပြည်သူများစွာ အခက်အခဲများနှင့် ရင်ဆိုင်နေရပါသည်။ ရေကြီးချိန်တွင် ဝါးဖောင်မှောက်၍ အသက်အန္တရာယ် ကြုံခဲ့ရသည့် ဖြစ်စဉ်များလည်း ရှိခဲ့ပြီး၊ ဤတံတားသည် ဒေသခံများအတွက် အသက်သွေးကြောဖြစ်သောကြောင့် ပညာရေး၊ စီးပွားရေးနှင့် လူမှုဘဝ ကဏ္ဍအသီးသီးကို ထိခိုက်စေပါသည်။ တာဝန်ရှိသူများအနေဖြင့် အမြန်ဆုံး ဘတ်ဂျက်ချကာ တံတားပြန်လည်တည်ဆောက်ပေးရန် ဒေသခံများက တောင်းဆိုလျက်ရှိသည်။ အရှေ့တောင်အာရှ၏ အမြင့်ဆုံးတောင် ခါကာဘိုရာဇီတည်ရှိရာ နောင်မွန်မြို့နယ်သည် လမ်းပန်းဆက်သွယ်ရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့် ပညာရေး ကဏ္ဍများတွင် ယနေ့အချိန်ထိ ခက်ခဲနေဆဲ ဒေသတစ်ခုဖြစ်သည်။
ထင်ရှားသော ပြောကြားချက်များ
"ရေကြီးလို့ တံတားက ရေထဲပါသွားတာ၊ ခုထိ ပြန်လည်တည်ဆောက်ပေးတာ မရှိဘူး။ ခုနောက်ပိုင်း က ဘတ်ဂျက်လည်း မရှိတော့ဘူးဆိုတော့ ဝါးဖောင်လုပ်ပြီးတော့ ကျနော်တို့ကိုယ်တိုင် ကူးပေး နေရတာ ဟုတ်တယ်။ သံကြိုးတွေနဲ့ ဟိုဘက်ဒီဘက် ဆွဲပေးနေတာ။ ဒါကြောင့် အရမ်းခက်ခဲတယ်။ ကျောင်းသားလေးတွေ၊ ခရီးသွားပြည်သူတွေနဲ့ ဒေသခံပြည်သူတွေလည်း ဒီကပဲ သွားနေကြတယ်။"
"ခုမြင်ရတာက ရေကျတဲ့အချိန်ပါ။ အရင်တလောမှာ ရေကြီးတဲ့အချိန် မြစ်ကူးခဲ့တဲ့ မိန်းကလေး ၂ ဦး လည်း ဝါးဖောင်မှောက်လို့ အသက်အန္တရာယ် ကြုံခဲ့ရတယ်။ ရေကြီးတဲ့အချိန်ဆို ဝါးဖောင်လှော် ရတာလည်း မလွယ်ဘူးလေ။ ဒါကြောင့် ကြိုးတွေ ဟိုဘက်ဒီဘက်ချည်ပြီးတော့ ဆွဲပေးနေရတာ။"
"ဒါက တနှစ်ဖြစ်ပြီး နောက်တနှစ် မဖြစ်တဲ့ဟာလည်း မဟုတ်ဘူး။ နှစ်တိုင်းခက်ခဲမှာပဲ။ ခုလို ကျောင်းသားတွေ ကျောင်းသွားရမဲ့အချိန်၊ စားနပ်ရိက္ခာသယ်ယူဖို့ ဝါးဖောင်နဲ့ ကူးရတာ အရမ်းအန္တရာယ် များတယ်။ ဒါကြောင့် တာဝန်ရှိသူတွေ၊ အဖွဲ့အစည်းတွေအနေနဲ့ အမြန်ဆုံး ကူညီပေးစေချင်တယ်။"

မြန်မာပြည်မြောက်ဘက်ဆုံးက ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်ထဲက ဒဘူဒမ်းရွာ အနီး မေခမြစ်မှာ တံတားမရှိတော့လို့ ကျောင်းသားတွေနဲ့ ခရီးသွားပြည်သူတွေ အခက်တွေ့ နေကြပါတယ်။
ဒဘူဒမ်းရွာအနီး မေခမြစ်တံတားဟာ ပြီးခဲ့တဲ့နှစ် ရေကြီးတုန်းက တံတားပျက်စီးခဲ့တာဖြစ်ပြီး မိုးရာသီမှာ အရမ်းခက်ခဲနေတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
"ရေကြီးလို့ တံတားက ရေထဲပါသွားတာ၊ ခုထိ ပြန်လည်တည်ဆောက်ပေးတာ မရှိဘူး။ ခုနောက်ပိုင်း က ဘတ်ဂျက်လည်း မရှိတော့ဘူးဆိုတော့ ဝါးဖောင်လုပ်ပြီးတော့ ကျနော်တို့ကိုယ်တိုင် ကူးပေး နေရတာ ဟုတ်တယ်။ သံကြိုးတွေနဲ့ ဟိုဘက်ဒီဘက် ဆွဲပေးနေတာ။ ဒါကြောင့် အရမ်းခက်ခဲတယ်။ ကျောင်းသားလေးတွေ၊ ခရီးသွားပြည်သူတွေနဲ့ ဒေသခံပြည်သူတွေလည်း ဒီကပဲ သွားနေကြတယ်။”
မေခမြစ်အထက်ပိုင်းမှာတော့ မိုးရွာတာနဲ့ ရေကြီးတာဖြစ်လို့ ရေကြီးတဲ့အချိန် မြစ်ကူးရတာ အသက် အန္တရာယ်ရှိတယ်လို့ မြစ်ကူးတဲ့နေရာမှာ ကူညီပေးနေတဲ့ ဒေသခံတယောက်က ပြောပါတယ်။
"ခုမြင်ရတာက ရေကျတဲ့အချိန်ပါ။ အရင်တလောမှာ ရေကြီးတဲ့အချိန် မြစ်ကူးခဲ့တဲ့ မိန်းကလေး ၂ ဦး လည်း ဝါးဖောင်မှောက်လို့ အသက်အန္တရာယ် ကြုံခဲ့ရတယ်။ ရေကြီးတဲ့အချိန်ဆို ဝါးဖောင်လှော် ရတာလည်း မလွယ်ဘူးလေ။ ဒါကြောင့် ကြိုးတွေ ဟိုဘက်ဒီဘက်ချည်ပြီးတော့ ဆွဲပေးနေရတာ။"
မေခမြစ်တံတားမရှိပေမဲ့ ဝါးဖောင်နဲ့ မြစ်ကူးသူတွေဟာ တရက်ကို ၁၀ ယောက်အထက် ရှိနေပြီး ဝါးဖောင်လှော်သူတွေလည်း ကျွမ်းကျင်နေလို့သာ ဘေးကင်းနေတာလို့ အကူအညီပေးနေသူက ပြောပါတယ်။
မေခမြစ်ကူးတံတားဟာ ဒေသခံပြည်သူလူထုအတွက် မရှိမဖြစ် အမြဲတမ်းသွားလာရတဲ့ နေရာဖြစ်လို့ တာဝန်ရှိသူတွေအနေနဲ့ အမြန်ဆုံး အကူအညီပေးစေချင်တယ်လို့ နောင်မွန်ဒေသခံ လူငယ် တယောက်က ပြောပါတယ်။
"ဒါက တနှစ်ဖြစ်ပြီး နောက်တနှစ် မဖြစ်တဲ့ဟာလည်း မဟုတ်ဘူး။ နှစ်တိုင်းခက်ခဲမှာပဲ။ ခုလို ကျောင်းသားတွေ ကျောင်းသွားရမဲ့အချိန်၊ စားနပ်ရိက္ခာသယ်ယူဖို့ ဝါးဖောင်နဲ့ ကူးရတာ အရမ်းအန္တရာယ် များတယ်။ ဒါကြောင့် တာဝန်ရှိသူတွေ၊ အဖွဲ့အစည်းတွေအနေနဲ့ အမြန်ဆုံး ကူညီပေးစေချင်တယ်။"
ခုမြင်နေရတဲ့ မေခမြစ်ကူးတံတားက ဒေသခံပြည်သူတွေအတွက် အသက်သွေးကြောဖြစ်ပြီး တောင်ပေါ်ဒေသဟာ ကဏ္ဍစုံ မရှိဆင်းရဲနေတာဖြစ်လို့ တာဝန်ရှိသူတွေအနေနဲ့ အမြန်ဆုံး ဘတ်ဂျက် ချကာ တံတားတည်ဆောက်ပေးစေချင်တယ်လို့ နောက်ထပ်ဒေသခံတယောက်ကလည်း ပြောပါတယ်။
အရှေ့တောင်အာရှရဲ့ အမြင့်ဆုံးတောင် ခါကာဘိုရာဇီတည်ရှိရာ မြန်မာပြည်မြောက်ဖျားပိုင်း နောင်မွန်မြို့နယ်ဟာ လမ်းပန်းဆက်သွယ်ရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ အားလုံး ယနေ့အချိန်ထိ ခက်ခဲနေဆဲဖြစ်တဲ့ ဒေသတခု ဖြစ်ပါတယ်။