ရန်ကုန် ၁၉ လမ်းညဈေးတန်းကို ဖယ်ရှားရှင်းလင်းခဲ့သည့်အပေါ်  မြို့ခံများဝေဖန်

ရန်ကုန် ၁၉ လမ်းညဈေးတန်းကို ဖယ်ရှားရှင်းလင်းခဲ့သည့်အပေါ်  မြို့ခံများဝေဖန်

DVB
SourceDVB

AI Summary

ရန်ကုန်မြို့လယ် ၁၉ လမ်း ညဈေးတန်းရှိ စားသောက်ဆိုင်များကို လမ်းပေါ်တွင် ဆိုင်ခင်းကျင်းရောင်းချခြင်းမပြုရန် စစ်အာဏာရှင်အစိုးရ၏ ရက် ၁၀၀ စီမံချက်ဖြင့် တားမြစ်လိုက်သည်။ အဆိုပါလုပ်ဆောင်ချက်သည် မြို့ပြစီမံခန့်ခွဲမှုနှင့် လမ်းမများရှင်းလင်းရေးအတွက်ဟုဆိုကာ အာဏာပိုင်များက ညွှန်ကြားခဲ့ခြင်းဖြစ်သည်။ ဤကန့်သတ်ချက်ကြောင့် ၁၉ လမ်းတွင် လုပ်ကိုင်နေသော စားသောက်ဆိုင်ပိုင်ရှင်များနှင့် ဝန်ထမ်းများ ထိခိုက်နစ်နာလျက်ရှိသည်။ လမ်းပေါ်တွင် ဆိုင်မခင်းရတော့သဖြင့် အရောင်းအဝယ်ကျဆင်းလာပြီး ဆိုင်များ၏ ရေရှည်ရပ်တည်ရေးအတွက် စိုးရိမ်မှုများ မြင့်တက်လာသည်။ လက်ရှိတွင် ဆိုင်များအားလုံးသည် ဆိုင်အတွင်း၌သာ ရောင်းချနေရပြီး လာရောက်စားသုံးသူ အရေအတွက် သိသိသာသာ လျော့နည်းသွားကြောင်း သိရှိရသည်။

Photo : DVB

မြန်မာနိုင်ငံကိုလာရောက်တဲ့ နိုင်ငံတကာခရီးသွားတွေကြားမှာ လူသိများထင်ရှားတဲ့  ရန်ကုန်မြို့လယ် တရုတ်တန်းရှိ  ၁၉ လမ်း ညဈေးတန်းကို စစ်အာဏာရှင်အစိုးရရဲ့ ရက် ၁၀၀ စီမံချက်နဲ့ ရှင်းလင်းခဲ့တဲ့ အပေါ် မြို့ခံတွေက ဝေဖန်နေကြပါတယ်။

ဆယ်စုနှစ် ၂ ခုကျော်ကြာ စည်းကားခဲ့တဲ့ လသာမြို့နယ်ရှိ ၁၉ လမ်းက စားသောက်ဆိုင်တန်းတွေကို လမ်းပေါ်မှာ ဆိုင်မခင်းကြဖို့ စစ်အာဏာရှင်ဩဇာခံ ရန်ကုန်တိုင်းအစိုးရနဲ့ ဒေသအာဏာပိုင်တွေက ပြီးခဲ့တဲ့ ရက်ပိုင်းက ညွှန်ကြားခဲ့တာပါ။

၁၉ လမ်းက စားသောက်ဆိုင်တဆိုင်မှာ အလုပ်လုပ်နေတဲ့ လူငယ်တယောက်က "ဆိုင်တွေ လမ်းပေါ် ထွက်ခင်းလို့မရတော့ဘူး။ ကိုယ့်ဆိုင်ထဲမှာပဲ ကိုယ်အဆင်ပြေသလို ရောင်းမှရတယ်" လို့ ပြောပါတယ်။

စားသောက်ဆိုင်တွေ၊ ဘီယာဆိုင်တွေများစွာဖွင့်လှစ်ထားတဲ့ ၁၉ လမ်းညဈေးတန်းဟာ ရန်ကုန်မြို့ခံ တွေအပြင် နိုင်ငံတကာက လာရောက်တဲ့ နိုင်ငံခြားသားတွေအတွက်ပါ ညပိုင်းအပန်းဖြေစရာ စားသောက်စရာ နေရာတခုအဖြစ် နာမည်ကျော်ခဲ့ပါတယ်။

အခုလို ရက် ၁၀၀ စီမံချက်နဲ့ ဆိုင်တွေအပေါ် တင်းကျပ်လိုက်တာကြောင့် လာရောက် စားသုံးသူ တွေနဲ့ လမ်းသွားလမ်းလာတွေ လျော့နည်းသွားပြီး စားသောက်ဆိုင်တွေ ရေရှည် ရပ်တည်ဖို့ အခက်အခဲရှိနိုင်ကြောင်း ၁၉ လမ်း အပေါ်လမ်းမှာ စားသောက်ဆိုင်ဖွင့်ထားသူ တယောက်က ပြောပါတယ်။

"အလုပ်မရှိ (--) သန်းရှာ ဆိုသလိုပေါ့။ တခြားလုပ်စရာတွေ အများကြီးရှိတာကျ ဟုတ်တိပတ်တိ မလုပ်ကြဘူး။ အခုဆို လူအလာနည်းသွားပြီ။ ဆိုင်တွေအကုန်လုံး အရင်ကလို အပြင်မှာ ခုန်ခင်း ရောင်းလို့ မရတော့ဘူးလေ။ ကိုယ့်ဆိုင်ထဲပဲ ကိုယ်ရောင်းကြပေါ့။ ရောင်းအားကျတာပေါ့။ ကြာရင် ရပ်တည်ဖို့ ထိခိုက်လာနိုင်တာပေါ့။”

တဖက်မှာလည်း စစ်အာဏာရှင် အစိုးရရဲ့ အခုစီမံချက်ဟာ ကြာရှည်ခံမှာ မဟုတ်ဘဲ မကြာမီကာလ အတွင်း အရင်လိုပဲ ပြန်လည်စည်းကားလာနိုင်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

ဆက်စပ်သတင်းများ

AI Curated