COBRA ONE Pakokku ထံ အလင်းဝင်သူ ၁၅ ဦးတွင် အဓမ္မစစ်မှုထမ်းနေရသူ ၁၄ ဦးရှိ

COBRA ONE Pakokku ထံ အလင်းဝင်သူ ၁၅ ဦးတွင် အဓမ္မစစ်မှုထမ်းနေရသူ ၁၄ ဦးရှိ

DVB
SourceDVB

AI Summary

မကွေးတိုင်း၊ ပခုက္ကူအခြေစိုက် COBRA ONE Pakokku တော်လှန်ရေးတပ်ဖွဲ့ထံသို့ ၂၀၂၆ ခုနှစ်အတွင်း စစ်တပ်ဘက်မှ အလင်းဝင်ရောက်လာသူ ၁၅ ဦးရှိပြီး ၎င်းတို့အနက် ၁၄ ဦးမှာ အဓမ္မစစ်မှုထမ်းရန် ခေါ်ထားခံရသူများဖြစ်ကြောင်း သိရသည်။ အဆိုပါ ၁၅ ဦးလုံးသည် ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ လက်အောက်ခံ ခလရ ၂၅၂ တပ်မှဖြစ်ကာ အခြားအဆင့် သန္ဓေတပ်ဖွဲ့ဝင်တစ်ဦးလည်း ပါဝင်သည်။ ၎င်းတို့အများစုမှာ ရခိုင်ဘက်သို့ ပို့ဆောင်ခံရမည်ကို စိုးရိမ်ခြင်းနှင့် တပ်တွင်းလက်နက်ခဲယမ်း အလုံအလောက်မရှိခြင်းတို့ကြောင့် အလင်းဝင်ရောက်လာခြင်းဖြစ်ကြောင်း COBRA ONE Pakokku တာဝန်ခံက ပြောသည်။ အလင်းဝင်လာသူအချို့ကို မိသားစုထံ ပြန်ပို့ပေးခဲ့ပြီး၊ အချို့ကို လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးခဲ့ကာ အချို့မှာမူ COBRA ONE Pakokku တပ်ဖွဲ့နှင့် ပူးပေါင်းနေကြသည်။ အခြားအဆင့် သန္ဓေတပ်ဖွဲ့ဝင်၏ အကူအညီဖြင့် ခလရ ၂၅၂ မှ ၅ ဦးထက်မနည်းကို ကယ်ထုတ်နိုင်ခဲ့ပြီး အဆိုပါတပ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်နိုင်ခဲ့သေးသည်။ COBRA ONE Pakokku တပ်ဖွဲ့သည် အလင်းဝင်လာသူများကို ချုပ်နှောင်ထားခြင်းမရှိဘဲ လွတ်လပ်စွာ နေထိုင်ခွင့်နှင့် ကိုယ်ပိုင်ဆုံးဖြတ်ခွင့်များ ပေးထားကာ ထပ်မံဆက်သွယ်လာသူများကိုလည်း ကယ်ထုတ်ပေးရန် ကြိုးစားနေကြောင်း သိရသည်။

Photo : COBRA ONE Pakokku

မကွေးတိုင်း၊ ပခုက္ကူအခြေစိုက်၊ COBRA ONE Pakokku တော်လှန်ရေးတပ်ဖွဲ့ဆီကို အခု ၂၀၂၆ ခုနှစ်အတွင်း စစ်တပ်ဘက်က အလင်းဝင်ရောက်လာသူ ၁၅ ယောက်ရှိပြီး ၁၄ ယောက်က အဓမ္မစစ်မှုထမ်းဖို့ ခေါ်ထားခံရသူတွေ ဖြစ်တယ်လို့ အဲဒီတပ်ဖွဲ့ဆီက သိရပါတယ်။

COBRA ONE Pakokku ရဲ့ ပြန်ကြား​ရေးတာဝန်ခံက “အခုနှစ်အစကနေ မေလကုန်အထိ ကျနော်တို့ တပ်ဖွဲ့ဆီကို စစ်တပ်ဘက်ကနေ အလင်းဝင်လာသူ ၁၅ ယောက်ရှိနေပါပြီ။ အဲဒီထဲမှာ အခြားအဆင့် သန္ဓေတပ်ဖွဲ့ဝင် ၁ ယောက်လည်း ပါပါတယ်။ ကျန်တဲ့ ၁၄ ယောက်ကတော့ ပေါ်တာဆွဲခံရပြီးတော့ စစ်မှုထမ်းနေရသူတွေ ဖြစ်ပါတယ်။ သူတို့ ၁၅ ယောက်လုံးဟာ ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ လက်အောက်ခံ ခလရ ၂၅၂ တပ်ထဲက ဖြစ်ပါတယ်။ ကျနော်တို့ဆီကို အလင်းဝင်လာသူတွေထဲမှာ စစ်တပ်အုပ်ချုပ်တဲ့ မြို့နယ်တွေထဲက မိသားစုတွေရှိနေတာကြောင့်မို့လို့ သူတို့ မိသားစုဝင်တွေရဲ့ လုံခြုံရေးအခြေအနေတွေကြောင့် ၁၂ ယောက်​ကိုတော့ သတင်းမထုတ်ပြန်ဘဲ ချန်လှပ်ထားခဲ့ရတာတွေ ရှိပါတယ်” လို့ ပြောပါတယ်။

အလင်းဝင်​ရောက်လာသူတချို့ကို သူတို့ရဲ့ဆန္ဒတွေအတိုင်း မိသားစုဆီကို ပြန်လည်ပို့ဆောင်ပေးခဲ့ပြီး တချို့ကိုလည်း လွတ်မြောက်နယ်မြေတွေအထိ​ရောက်အောင် ပို့ဆောင်ပေးခဲ့သလို တခြားအဆင့် သန္ဓေတပ်ဖွဲ့ဝင်အပါအဝင် အလင်းဝင်ရောက်လာသူ တချို့ဟာလည်း COBRA ONE Pakokku တပ်ဖွဲ့နဲ့အတူ ပူးပေါင်းနေကြတယ်လို့ ဆိုပါတယ်။

COBRA ONE Pakokku ရဲ့ တာဝန်ခံ ကိုမြွေဟောက် က “သူတို့ ၂၅၂ တပ်ထဲမှာတုန်းက လူ ၅ ယောက်ကိုမှ သေနတ် ၁ လက်နဲ့ ကျည် ၅ တောင့်ပဲ ပေးကိုင်ခိုင်းတာဆိုတော့ အခု အလင်းဝင်လာကြသူတွေက လက်နက်ခဲယမ်း ယူမလာနိုင်ကြဘူး။ အဲဒီအပြင် အဲဒီတပ်ရဲ့ ပတ်ချာလည်မှာလည်း မိုင်းကွင်းတွေ ထောင်ထားသေးတယ်။ သူတို့တွေကို ကယ်ထုတ်ဖို့လို့ ကျနော်ကိုယ်တိုင်လိုက်ပြီး ကျနော့်ရဲဘော်တွေနဲ့ ခက်ခက်ခဲခဲ ကယ်ထုတ်ခဲ့ရတယ်။ နောက်ပြီး ကျနော့်တပ်ဖွဲ့ဆီကို အလင်းဝင်သူတွေထဲက အခြားအဆင့်သန္ဓေတပ်ဖွဲ့ဝင်ကလည်း အခုထိ ကျနော်တို့ အဖွဲ့ထဲမှာပါပဲ။ သူ့ရဲ့ဆက်သွယ်ပေးမှုကြောင့်လည်း အဲဒီတပ်ထဲကနေ ၅ ယောက်ထက်မနည်း ကယ်ထုတ်နိုင်ခဲ့ပြီးတော့ နောက်ထပ်လည်း ကယ်ထုတ်ပေးဖို့ ဆက်သွယ်လာသူတွေ ရှိတယ်။ သူ့ရဲ့အကူအညီနဲ့ပဲ ပြီးခဲ့တဲ့ရက်ပိုင်းက ခလရ ၂၅၂ ထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နိုင်ခဲ့သေးတယ်။ ကယ်ထုတ်ပေးဖို့ ဆက်သွယ်လာသူတွေ ဘာလို့ များတာလဲဆိုရင် ခလရ ၂၅၂ ကနေ ရခိုင်ဘက်ကို ပို့တာများတယ်။ ရခိုင် အပို့ခံရရင် ပြန်လမ်းမရှိဘူးလေ။ အဲဒါကြောင့်ပါ” လို့ DVB ကို ပြောပါတယ်။

ဆက်သွယ်လာတဲ့သူတွေကို ထပ်​ပြီးကယ်ထုတ်ပေးသွားဖို့ ကြိုးစားနေသလို အလင်းဝင်လာသူအားလုံးကို ချုပ်နှောင်ထားတာမရှိဘဲ လွတ်လပ်စွာ နေထိုင်ခွင့်နဲ့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်တွေ ပေးထားတယ်လို့လည်း သူက ဆက်ပြောပါတယ်။

ဆက်စပ်သတင်းများ

AI Curated