
AI Summary
ဇွန် ၃ ရက်တွင် ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့၏ ခရိုင်အတော်များများရှိ အခြေခံအဆောက်အအုံများကို ဒရုန်းများက တိုက်ခိုက်ခဲ့ရာ လူအများအပြား ဒဏ်ရာရရှိပြီး ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။ ဤတိုက်ခိုက်မှုများသည် ယူကရိန်း၏ လုပ်ရပ်ဖြစ်သည်ဟု သံသယရှိပြီး နှစ်စဉ်ကျင်းပနေကျ စီးပွားရေးဖိုရမ်ကြီး စတင်မည့်အချိန်နှင့် တိုက်ဆိုင်ခဲ့သည်။ မော်စကိုမြို့တော် အနောက်မြောက်ဘက် လီနင်ဂရက်ဒေသပေါ်မှ ဒရုန်းအစင်း ၅၀ ကို ညတွင်းချင်း ပစ်ချနိုင်ခဲ့ကြောင်း အုပ်ချုပ်ရေးမှူးက ပြောကြားခဲ့သည်။ အဆိုပါ လီနင်ဂရက်ဒေသသည် အရေးပါသော စွမ်းအင်တင်ပို့မှု အခြေခံအဆောက်အအုံနှင့် အဓိက ရေနံချက်စက်ရုံတစ်ခု တည်ရှိရာနေရာဖြစ်သည်။ လက်ရှိတွင် ရုရှားသည် ယူကရိန်း၏ တိုက်ခိုက်မှုဟု သံသယရှိသော လုပ်ရပ်များကို ဆက်လက်တွန်းလှန်နေပြီး သမ္မတပူတင်၏ စီးပွားရေးညီလာခံကိုလည်း လက်ခံကျင်းပလျက်ရှိသည်။

ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့ရဲ့ ခရိုင်အတော်များများက အခြေခံအဆောက်အအုံတွေကို ဒရုန်းတွေက တိုက်ခိုက်ခဲ့ပြီး လူအများအပြား ဒဏ်ရာရခဲ့သလို ပျက်စီးဆုံးရှုံးတာတွေ ရှိခဲ့တယ်လို့ မြို့ အုပ်ချုပ်ရေးမှူးက ဇွန် ၃ ရက်မှာ ပြောပါတယ်။
မြို့ပြင်ကနေ မီးခိုးတွေ အူထွက်နေတဲ့ အူတိုင်ကို အဝေးကနေ မြင်နိုင်တယ်လို့ ရိုက်တာ သတင်းထောက်က ပြောပါတယ်။
နှစ်စဉ်ကျင်းပနေကျ စီးပွားရေးဖိုရမ်ကြီး စမဲ့အချိန်မှာ ရုရှားနိုင်ငံ မော်စကိုမြို့တော် အနောက်မြောက်ဘက် လီနင်ဂရက်ဒေသပေါ်က ဒရုန်းအစင်း ၅၀ ကို ညတွင်းချင်း ပစ်ချနိုင်ခဲ့ပြီး ယူကရိန်းရဲ့ တိုက်ခိုက်မှုလို့ သံသယရှိတဲ့ တိုက်ခိုက်မှုတွေကို ဆက်တွန်းလှန်နေတယ်လို့ အုပ်ချုပ်ရေးမှူး အလက်ဇန္ဒား ဒရိုဇ်ဒန်ကိုက ပြောပါတယ်။
အရေးပါတဲ့ စွမ်းအင်တင်ပို့မှု အခြေခံအဆောက်အအုံနဲ့ အဓိက ရေနံချက်စက်ရုံတခု တည်ရှိရာ လီနင်ဂရက်ဒေသက စိန့်ပီတာစဘတ်မြို့မှာ ဗုဒ္ဓဟူးနေ့ကစပြီး သမ္မတ ဗလာဒီမာပူတင်ရဲ့ "ရုရှားဒါဗို့စ်" စီးပွားရေးညီလာခံကို လက်ခံကျင်းပနေပါတယ်။