
“တကယ်တမ်း ကျွန်တော်တို့ ပစ(ပြည်သူ့စစ်)တွေ၊ ပေါ်တာဆွဲခံရတဲ့သူတွေပဲ ရှေ့ဆုံးကနေ သေရတာ”
AI Summary
အသက် ၁၉ နှစ်အရွယ် ကိုသူရအောင်သည် နိုင်ငံခြားထွက်ရန် ရန်ကုန်သို့လာစဉ် စစ်တပ်၏ ဖမ်းဆီးခြင်းခံရပြီး အဓမ္မစစ်သားစုဆောင်းခံခဲ့ရသည်။ ၎င်းသည် လုံလောက်သော စစ်ရေးလေ့ကျင့်မှုမရဘဲ ရှေ့တန်းစစ်မျက်နှာသို့ ပို့ဆောင်ခံရကာ လူသားဒိုင်းအဖြစ် အသုံးပြုခံခဲ့ရသည်။ ကိုသူရအောင်ကဲ့သို့ စစ်မှုထမ်းသင်တန်းဆင်း အများအပြားမှာလည်း သေနတ်ကိုင်ခွင့်ပင်မရဘဲ အသက်အန္တရာယ်နှင့် ရင်ဆိုင်ခဲ့ရကြောင်း ပြောပြခဲ့သည်။ စစ်မြေပြင်မှ အတွေ့အကြုံများနောက်ပိုင်း ကိုသူရအောင်သည် စခန်းပတ်လည်ရှိ မိုင်းကွင်းများကို ဖြတ်ကျော်ကာ ထွက်ပြေးလွတ်မြောက်ခဲ့သည်။ ၎င်း၏ ကိုယ်တွေ့ဖြစ်ရပ်အပြည့်အစုံကို Myanmar Now ၏ ရုပ်သံတွင် ကြည့်ရှုနိုင်ကြောင်း သိရသည်။
အသက် ၁၉ နှစ်အရွယ် ကိုသူရအောင်ဟာ နိုင်ငံခြားထွက်ပြီး မိသားစုကို ထောက်ပံ့ဖို့ ရည်ရွယ်ချက်နဲ့ အင်းတော်မြို့ကနေ ရန်ကုန်မြို့ကို ထွက်ခွာလာချိန် စစ်တပ်ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။ အဲဒီနောက် သူဟာ အဓမ္မစစ်သားစုဆောင်းခံရပြီး စစ်မှုထမ်းသင်တန်းကို တက်ရောက်ခဲ့ရပါတယ်။
ကိုသူရအောင်ရဲ့ ပြောပြချက်အရ သင်တန်းကာလအတွင်း လုံလောက်တဲ့ စစ်ရေးလေ့ကျင့်မှု မရရှိခဲ့ဘဲ သင်တန်းဆင်းပြီး မကြာခင်မှာပဲ ရှေ့တန်းစစ်မျက်နှာဆီ ပို့ဆောင်ခံခဲ့ရပါတယ်။ စစ်မှုထမ်းသင်တန်းဆင်း အများအပြားဟာ သေနတ်ကိုင်ခွင့်တောင် မရရှိဘဲ စစ်ကြောင်းတွေရဲ့ ရှေ့ဆုံးကနေ အထုပ်ထမ်းပြီး လူသားဒိုင်းလို အသေခံဘဝနဲ့ ဖြတ်သန်းခဲ့ရပါတယ်။
စစ်မြေပြင်မှာ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေ၊ စစ်မှုထမ်းသင်တန်းဆင်းတွေ ရင်ဆိုင်နေရတဲ့ အခြေအနေတွေနဲ့ စခန်းပတ်လည်က မိုင်းကွင်းတွေကို ဖြတ်ကျော်ပြီး တစ်နာရီကျော်ကြာ နောက်ပြန်မလှည့်ဘဲ အသက်လုထွက်ပြေးခဲ့ရတဲ့ ကိုသူရအောင်ရဲ့ ကိုယ်တွေ့ဖြစ်ရပ်ကို Myanmar Now ရဲ့ ဒီရုပ်သံမှာ ကြည့်ရှုနိုင်ပါတယ်။
မေးမြန်း – သဇင်လှိုင်
ရိုက်ကူး၊တည်းဖြတ် – မြတ်ကြီး