တွင်းထွက်သယံဇာတထုတ်ယူမှု ပွင့်လင်းမြင်သာရေး ပူးပေါင်းဆောင်ရွက်ရန် လုပ်ငန်းရှင်များကို NUG ဖိတ်ခေါ်

တွင်းထွက်သယံဇာတထုတ်ယူမှု ပွင့်လင်းမြင်သာရေး ပူးပေါင်းဆောင်ရွက်ရန် လုပ်ငန်းရှင်များကို NUG ဖိတ်ခေါ်

DVB
SourceDVB

AI Summary

NUG MOEEC တွင်းထွက်ကုမ္ပဏီများ ပွင့်လင်းမြင်သာမှု ပူးပေါင်းရန် ဖိတ်ခေါ်။ ကုမ္ပဏီများ စာချုပ်၊ ငွေပေးချေမှု၊ ပိုင်ဆိုင်မှု EITI, OCDS စံနှုန်းအတိုင်း ထုတ်ဖော်။ ဤသည် ရေရှည် သယံဇာတ စီမံခန့်ခွဲမှု။

Photo : NUG

တွင်းထွက်သယံဇာတ ထုတ်ယူရေးကဏ္ဍမှာ ပါဝင်နေကြတဲ့ ကုမ္ပဏီတွေနဲ့ လုပ်ငန်းရှင်တွေကို ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေးအစီအစဉ်မှာ ပူးပေါင်းပါဝင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန (MOEEC) က မေ ၂၉ ရက်က ဖိတ်ခေါ် လိုက်ပါတယ်။

ဒီဖိတ်ခေါ်ချက်မှာ လက်ရှိ လုပ်ငန်းလည်ပတ်နေသူတွေသာမက အတိတ်က ပါဝင်ခဲ့ဖူးသူတွေ၊ မိတ်ဖက်ကုမ္ပဏီတွေ၊ ပိုက်လိုင်းသယ်ယူပို့ဆောင်သူတွေနဲ့ ဘဏ္ဍာငွေ ထောက်ပံ့သူတွေအားလုံး အကျုံးဝင် ပါတယ်။

လုပ်ငန်းရှင်တွေအနေနဲ့ မိမိတို့ရဲ့ စာချုပ်တွေ၊ ငွေပေးချေမှုတွေနဲ့ ပိုင်ဆိုင်မှုပုံစံတွေကို နိုင်ငံတကာ စံနှုန်းတွေဖြစ်တဲ့ သယံဇာတလုပ်ငန်းများ ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေးအစီအစဉ် (EITI) နဲ့ ပွင့်လင်းတဲ့ စာချုပ်ချုပ်ဆိုမှု အချက်အလက်စံနှုန်း (OCDS) တို့အတိုင်း ပွင့်လင်းစွာ ထုတ်ဖော်ပြသဖို့ ဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။

ပွင့်လင်းမြင်သာမှုဆိုတာ ရန်ဘက်သဘော မဟုတ်ဘဲ ရေရှည်ရင်းနှီးမြှုပ်နှံမှုအတွက် အခြေခံ အုတ်မြစ်ဖြစ်တယ်လို့ NUG ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပွင့်လင်းစွာ ပူးပေါင်းပါဝင်တဲ့ ကုမ္ပဏီတွေကိုတော့ အပြုသဘောဆောင်တဲ့ မိတ်ဖက်အဖြစ် သတ်မှတ်သွားမှာဖြစ်ပေမဲ့ တဖက်မှာလည်း ဒီကဏ္ဍတခုလုံးကို ဝန်ကြီးဌာနက အနီးကပ် စောင့်ကြည့်နေမှာဖြစ်ကြောင်း အသိပေးထားပါတယ်။

လုပ်ငန်းရှင်တွေအပြင် ပြည်သူ၊ မီဒီယာ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ ကိုပါ ပူးပေါင်းဆောင်ရွက်ဖို့ NUG က ဖိတ်ခေါ်ထားတာပါ။

ဒီလုပ်ငန်းစဉ်ဟာ ရေတိုလုပ်ဆောင်ချက်မျိုး မဟုတ်ဘဲ မြန်မာ့သယံဇာတတွေကို တာဝန်ခံမှုရှိရှိ စီမံခန့်ခွဲနိုင်တဲ့အထိ ရေရှည်လုပ်ဆောင်သွားမဲ့ အစီအစဉ်ဖြစ်ပြီး စေတနာမှန်နဲ့ ပူးပေါင်းပါဝင်လိုတဲ့ လုပ်ငန်းရှင်တွေအနေနဲ့ ဝန်ကြီးဌာနနဲ့ တိုက်ရိုက် ဆက်သွယ်ဆောင်ရွက်နိုင်တယ်လို့လည်း ထုတ်ပြန် ထားပါတယ်။

မြန်မာနိုင်ငံဟာ ၂၀၂၁ ခုနှစ်အထိ ထုတ်ယူရေးလုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး အစီအစဉ် (EITI) ရဲ့ စံနှုန်းလိုက်နာဆောင်ရွက်နေတဲ့ အဖွဲ့ဝင်တဦး ဖြစ်ခဲ့ဖူးပါတယ်။

ကေခိုင်

ဆက်စပ်သတင်းများ

AI Curated