စစ်တွေတွင် မွတ်ဆလင်၄ ယောက် ထပ်မံဖမ်းဆီးခံရ
general||3 MIN READ

စစ်တွေတွင် မွတ်ဆလင်၄ ယောက် ထပ်မံဖမ်းဆီးခံရ

Narinjara
SourceNarinjara

AI Summary

ရခိုင်ပြည်၊ စစ်တွေမြို့တွင် အာဏာသိမ်းစစ်တပ်က မွတ်ဆလင်လူလတ်ပိုင်း လေးဦးကို အကြောင်းမဲ့ ထပ်မံဖမ်းဆီးသွားသည်။ ဖမ်းဆီးခံရသူများကို စစ်တပ်စစ်ကြောရေးသို့ တိုက်ရိုက်ပို့ဆောင်ကာ မိသားစုများနှင့် တွေ့ခွင့်မပေးဘဲ ညှဉ်းပမ်းနှိပ်စက်မှုများ ပြုလုပ်နေကြောင်း သိရသည်။

နိရဉ္စရာ မေ ၂၈/၂၀၂၆

ရခိုင်ပြည်၊စစ်တွေမြို့တွင် အာဏာသိမ်းစစ်တပ်က ဒေသခံမွတ်ဆလင်လူလတ်ပိုင်း လေးယောက်ကို ထပ်မံဖမ်းဆီးသွားခဲ့သည်ဟု သတင်းရရှိသည်။

ဖမ်းဆီးခံရသူများမှာ မောင်မောင်(၂၉) နှစ်၊ အာရိုချီတာ(၃၅)နှစ်၊ ဂေါ်နီ(၃၈)နှစ်နှင့် ရွှေမောင်(၃၂)နှစ်တို့ဖြစ်ပါတယ်။

"သူ့ကို စျေးဆိုင်ရောင်းနေတာမှာလာဖမ်းတာ။စစ်တပ်နဲ့ရဲ့ အင်အား ၄၀ ကျော်ပါတယ်။လာဖမ်းတာ တကယ့်ကို ကြောက်စရာကောင်းတယ်။ သေနတ်တွေနဲ့ ချိန်ပြီးဖမ်းတယ်။ရိုက်ပုတ်တာတွေရှိတယ်"ဟုဒေသခံမွတ်ဆလင်အမျိုးသားတစ်ယောက်က နိရဉ္စရာကိုပြောသည်။

မေလ ၂၄ ရက်နေ့က နေ့လယ် ၁ နာရီဝန်းကျင်တွင် စစ်တွေမြို့ သဲချောင်းစျေးသို့ စစ်တပ်၊စရဖ၊ရဲ အပါအဝင်အင်အား ၄၀ ကျော်ဝင်ရောက်လာပြီးဓားပိုင်ရွာနေ ဦးမာမောက်တာဟစ်၏သားဂေါ်နီကို သူ၏ဆေးဆိုင်​ခန်းအတွင်းမှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု၎င်းကပြောဆိုသည်။

အလားတူ မေလ ၂၃ ရက်နေ့ကလည်း အုန်းတောကြီးကယ်ဆယ်ရေးစခန်းရှိ ရွှေမောင်နှင့် မောင်မောင်တို့ကို စရဖတပ်ဖွဲ့ဝင် ​ ၅ ယောက်မှလာရောက်ပြီးဖမ်းဆီးသွားခဲ့သည်ဟု သိရသည်။

"လာဖမ်းချိန်က နေ့ခင်းဖက် ၂ နာရီဝန်းကျင်လောက်ရှိမယ်။ဘာအကြောင်းပြချက်မရှိ ကယ်ဆယ်ရေးစခန်းထဲကသူ့တို့ရဲ့နေအိမ်ကနေဖမ်းသွားတယ်"ဟုပြောသည်။

တဆက်တည်း၎င်းနေ့ ည ၉ နာရီအချိန်တွင် သက်ကယ်ပြင်ရွာမှ အဖဉီးဇာရိုစ့်၏သားဖြစ်သူ အာရိုချီတာကို မှန်စီလမ်းဆုံရဲစခန်းက တပ်ဖွဲ့ဝင်များလာရောက်ပြီးသူ့နေအိမ်ကဖမ်းဆီးသွားသည်ဟုသိရသည်။

အာဏာသိမ်းမြန်မာအကြမ်းဖက်စစ်တပ်သည် စစ်တွေမြို့တွင် မွတ်ဆလင်နှင့် ရခိုင်လူငယ်များကို အကြောင်းမဲ့ဖမ်းဆီးခြင်းကိုဆက်တိုက်လုပ်ဆောင်နေပြီး မေလ ၂၁ ရက်နေ့ကလည်း ဆတ်ရိုးကျ ကယ်ဆယ်ရေးစခန်းကရခိုင်လူငယ်တစ်ဦးဖြစ်သူ ကိုချစ်လှိုင် ကိုဖမ်းဆီးသွားခဲ့သည်။

ယခုလို မတရားဖမ်းဆီးခံရသူများကို ဥပဒေနှင့် အညီ ရဲစခန်းတွင်မထားဘဲ စစ်တပ်စစ်ကြောရေးသို့တိုက်ရိုက်ပို့ဆောင်ကာ မိသားစုများနှင့်တွေ့ခွင့်မပေးဘဲညှဉ်းပမ်းနှိပ်စက်မှုများ ပြုလုပ်နေကြောင်း သိရှိရသည်။

ယခုကဲ့သို့ညှဉ်းပမ်းနှိပ်စက်မှုများ ရှိနေသဖြင့် မိသားစုများအနေဖြင့်အထူး စိုးရိမ်နေကြသည်ဟုသိရသည်။

ဆက်စပ်သတင်းများ

AI Curated
စစ်တွေတွင် မွတ်ဆလင်၄ ယောက် ထပ်မံဖမ်းဆီးခံရ | YGN Daily