ပေါက်တောမြို့နယ်ဂန်းကျားကျေးရွာတွင်ကျွဲ ၅ ကောင်အခိုးခံရ
general||2 MIN READ

ပေါက်တောမြို့နယ်ဂန်းကျားကျေးရွာတွင်ကျွဲ ၅ ကောင်အခိုးခံရ

Narinjara
SourceNarinjara

AI Summary

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်တွင် မေလ ၂၂ ရက်နေ့က ဒေါ်နန်ဦးခိုင်ပိုင်ဆိုင်သည့် ကျွဲ ၅ ကောင် အခိုးခံရသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။ အဆိုပါကျွဲများမှာ သိန်းရာကျော်တန်ဖိုးရှိသဖြင့် ပိုင်ရှင်မိသားစုအတွက် များစွာနစ်နာမှုရှိနေသည်။ ရခိုင်ဒေသအတွင်း ပျောက်ကွယ်သွားခဲ့သည့် ကျွဲနွားခိုးမှုများ ပြန်လည်ပေါ်ပေါက်လာခြင်းကြောင့် ဒေသခံလယ်သမားများမှာ စိုးရိမ်မှုများ မြင့်တက်လာသည်။ ကျွဲနွားများ ပြန်လည်ရရှိရေးနှင့် ခိုးယူသူများကို ထိရောက်စွာ အရေးယူပေးရန်အတွက် တာဝန်ရှိသူများနှင့် အာရက္ခတပ်တော်ထံ ပိုင်ရှင်မိသားစုက တိုင်ကြားထားသည်။ လက်ရှိတွင် ကျွဲများမှာ ပျောက်ဆုံးနေဆဲဖြစ်ပြီး သက်ဆိုင်ရာဂိတ်များတွင် စစ်ဆေးမှုများ ပြုလုပ်ပေးရန် တောင်းဆိုထားသည်။

(ရခိုင်တွင် ကျွဲနွားခိုးဂိုဏ်များပြန်ပေါ်မလာအောင် ထိထိရောက်ရောက်နှိမ်နှင်းရန်လိုဟုဆို)

နိရဉ္စရာ၊ မေ ၃၀/ ၂၀၂၆

လွန်ခဲ့သည့် မေလ ၂၂ ရက်နေ့က ပေါက်တောမြို့နယ်၊ ဂန်းကျားကျေးမှ ကျွဲပိုင်ရှင် ဒေါ်နန်ဦးခိုင်ပိုင်ဆိုင်သော ကျွဲ  ၅ ကောင်စလုံးအခိုးခံရကြောင်း သားဖြစ်သူ ကိုခင်မောင်ဝင်းက နိရဉ္စရာသို့ ပြောကြားသည်။

“ ကျွန်တော့်အမေ ဒေါ်နန်ဦးခိုင်ပါ။ကျွဲက အားလုံး ၅ ကောင်ပါ အခိုးခံရတာ။ ကျွဲပျောက်သွားတဲ့နေ့ကမေ၂၂ နေ့ဖြစ်ပါတယ်။ ရွာနီပါးစပ် ရှာကြည့်လို့ မရပါ။ကျွဲ အခိုးခံရစွာ သေချာပါတယ်။ ဒီတွက်နဲ့ ‌တပ်တော်က ပေါက်တောဖက်က ဂိတ်တွေ၊မင်းပြားဖက်က ဂိတ်တွေ၊မြောက်ဦးဖက်ကဂိတ်တွေကိုစစ်ဆေးပေးစေလိုပါတယ်။ ရေလမ်းကြောင်းနေလည်းယူသွားနိုင်ပါတယ်” ဟု ၎င်းက ပြောသည်။

ကျွဲ ၅ ကောင်တန်းဖိုးမှာ သိန်းရာကျော်ရှိသဖြင့် ကျွဲပိုင်ရှင်အမျိုးသမီတစ်ဦးအနေဖြင့် လွန်စွာ နစ်နာရသည်ဟု ပြောဆိုသည်။

“ ကျွဲနွားတွေ ခိုးလာရင် ရခိုင်ပြည်မှာလယ်သမားတွေ နစ်နာလာနိုင်ပါတယ်။ ဒီလိုကျွဲခိုး၊ နွားခိုးလူတွေကို တင်တင်ကျပ်ကျပ်အရေးယူပေးစေချင်ပါတယ်။ ကျွန်တော်ကတော့တာဝန်ရှိသူတွေကို  တိုင်ကြားပါတယ်။အာရက္ခတပ်တော်အနေနဲ့လည်း ဒီကျွဲတွေပြန်ရအောင် ကူညီစေချင်ပါတယ်” ဟုကိုခင်မောင်၀င်းကပြောသည်။ ရခိုင်ပြည်မှ မြို့နယ် အများအပြားကို အာရက္ခတပ်တော် ( AA)သိမ်းပိုက်ပြီးနောက် ပျောက်ကွယ် သွားသော ကျွဲနွားခိုးမှုများသည် ယခုတစ်ဖန်ပြန်ပေါ်လာသဖြင့် လယ်သမားများ အကြား စိုးရိမ်မှုများ ပြန်လည် ဖြစ်ပေါ်လာရသည်ဟု ၎င်းက နိရဉ္စရာသို့ ပြောသည်။

ဆက်စပ်သတင်းများ

AI Curated
ပေါက်တောမြို့နယ်ဂန်းကျားကျေးရွာတွင်ကျွဲ ၅ ကောင်အခိုးခံရ | YGN Daily