ကမ္ဘာ့ဖလားပွဲကစားမည့်ကွင်း မြက်ခင်းကို ဟိုက်ဘရစ်မြေလွှာနည်းပညာ အသုံးပြုထား

ကမ္ဘာ့ဖလားပွဲကစားမည့်ကွင်း မြက်ခင်းကို ဟိုက်ဘရစ်မြေလွှာနည်းပညာ အသုံးပြုထား

DVB
SourceDVB

AI Summary

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာသည် ၂၀၂၆ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကျင်းပမည့် ကစားကွင်းများတွင် ဟိုက်ဘရစ် မြေလွှာနည်းပညာကို အသုံးပြုမည်ဖြစ်သည်။ ဤနည်းပညာသည် မြက်ခင်း ၉၅ ရာခိုင်နှုန်းနှင့် ဓာတုပစ္စည်း ၅-၁၀ ရာခိုင်နှုန်း ပေါင်းစပ်ထားပြီး သဘာဝမြက်ခင်းများထက် ၃ ဆ ပိုမိုခံနိုင်ရည်ရှိကာ ကစားသမားများ ဒဏ်ရာရခြင်းမှ ကာကွယ်ပေးနိုင်သည်။ မတူညီသော ရာသီဥတုအခြေအနေများရှိသည့် အမေရိကန်၊ မက္ကဆီကိုနှင့် ကနေဒါနိုင်ငံတို့ရှိ ကွင်းများ၏ မြက်ခင်းပြင်များကို တစ်ပုံစံတည်းဖြစ်အောင် ပြင်ဆင်ရန် ရည်ရွယ်သည်။ ၎င်းသည် မည်သည့်ရာသီဥတုမျိုးတွင်မဆို ကစားရန် အဆင်ပြေစေပြီး ဘောလုံးကစားချိန်တွင် မြက်ခင်းများ အဖုတ်လိုက်ကျွတ်ထွက်ခြင်းကို ကာကွယ်ပေးကာ ရေနုတ်မြောင်းနှင့် လေဝင်လေထွက်ကောင်းမွန်စေသည်။ ဖီဖာသည် တန်နက်ဆီတက္ကသိုလ်မှ ပရော်ဖက်ဆာ ဂျွန်တန်ဆိုရိုချန်နှင့် ပူးပေါင်းကာ ဤနည်းပညာကို အကောင်အထည်ဖော်နေပြီး ပြိုင်ပွဲကျင်းပမည့် ကွင်း ၁၆ ကွင်းအနက် အမိုးခုံးပါသော ၅ ကွင်းတွင် အသုံးပြုထားပြီးဖြစ်သည်။

Photo: Reuters

ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲတွေ ကျင်းပမဲ့ ကစားကွင်းတွေမှာ မြက်ခင်းတွေကို ဟိုက်ဘရစ် မြေလွှာနည်းပညာနဲ့ ဖီဖာက အသုံးပြုမှာ ဖြစ်ပါတယ်။

ဟိုက်ဘရစ် မြက်ခင်းမြေလွှာနည်းပညာဟာ မြက်ခင်း ၉၅ ရာခိုင်နှုန်းလောက်နဲ့ ဓာတုပစ္စည်း ၅ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းအထိ အသုံးပြုထားတဲ့ နည်းပညာ ဖြစ်ပါတယ်။

ဟိုက်ဘရစ် မြေလွှာနည်းပညာဟာ သဘာဝမြက်ခင်းတွေထက် ၃ ဆလောက် ခံနိုင်ရည် အားကောင်းတာ၊ ကစားသမားတွေ ဒဏ်ရာရမှုကို ကာကွယ်ပေးနိုင်တာနဲ့ ဘယ်လိုရာသီမျိုးမဆို ကစားလို့ အဆင်ပြေတဲ့ မျက်နှာပြင် ရှိတယ်လို့လည်း ဆိုပါတယ်။

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါနိုင်ငံတို့မှာ ကျင်းပမှာဖြစ်ပြီး မတူညီတဲ့ ရာသီဥတုတွေမှာရှိတဲ့ ကွင်းတွေရဲ့ မြက်ခင်းပြင်ကို တပုံစံတည်းဖြစ်အောင် ဖီဖာက ပြင်ဆင်ထားပါတယ်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာဟာ မြက်ခင်းမြေလွှာနဲ့ပတ်သက်ပြီး တန်နက်ဆီက တက္ကသိုလ် ပရော်ဖက်ဆာ ဂျွန်တန်ဆိုရိုချန်ကို ဆက်သွယ်ပြီး အကူအညီ တောင်းခံထားတာ ဖြစ်ပါတယ်။

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပမဲ့ ကွင်း ၁၆ ကွင်းမှာ ၅ ကွင်းက အမိုးခုံးပါတဲ့ကွင်းတွေ ဖြစ်ပြီး အဲဒီကွင်းတွေက မျက်ခင်းတွေကို ဟိုက်ဘရစ် မြေလွှာနည်းပညာ အသုံးပြုထားပါတယ်။

ဆိုရိုချန်က ဘောလုံးကွင်း မြက်ခင်းပြင်ဟာ သဲကို အောက်ခံပြုပြီး ရေနုတ်မြောင်းနဲ့ အောက်ဆီဂျင် စီးဆင်းမှုကောင်းအောင် လုပ်ဆောင်ရမယ်လို့ ပြောပါတယ်။

ဟိုက်ဘရစ် ဖိုက်ဘာမြက်ခင်းပြင်က ကစားသမားတွေ ဘောလုံးကစားချိန်မှာ မြက်ခင်းတွေ အဖုတ်လိုက် ကျွတ်ထွက်တာမျိုးကို ကာကွယ်ပေးတယ်လို့လည်း ဆိုပါတယ်။

ဆိုရိုချန်က “ဘောလုံးကစားတဲ့အချိန်မှာ ဟိုက်ဘရစ် မြေလွှာနည်းစနစ်က ကစားတဲ့သူတွေကို တွန်းအားတွေ ဖြစ်စေမှာပါ” လို့ ပြောပါတယ်။

ကွန်ကရစ်တွေထဲမှာ သံချောင်းတွေကို ထည့်ထားတဲ့ နည်းပညာပုံစံမျိုးလို ခိုင်ခန့်မှုရှိတယ်လို့ ဆိုရိုချန်က ရည်ရွယ်တာပါ။

လေဝင်လေထွက်ကောင်းမွန်တဲ့ စနစ်ကြောင့် မိုးသည်းတဲ့အချိန်တွေမှာတောင် ရေတင်တာမျိုး မရှိဘူးလို့လည်း အာမခံထားပါတယ်။

Source: Reuters

ဆက်စပ်သတင်းများ

AI Curated
ကမ္ဘာ့ဖလားပွဲကစားမည့်ကွင်း မြက်ခင်းကို ဟိုက်ဘရစ်မြေလွှာနည်းပညာ အသုံးပြုထား | YGN Daily