ယုံကြည်ရဆုံး အားကိုးရဆုံးဟုဆိုကာ တရုတ်စီမံကိန်များလုံခြုံရေး စောင့်ရှောက်ပေးရန် ကိုယ့်ကိုယ်ကိုယ်ခန့် သမ္မတကို တရုတ်သမ္မတပြော
politics||6 MIN READ

ယုံကြည်ရဆုံး အားကိုးရဆုံးဟုဆိုကာ တရုတ်စီမံကိန်များလုံခြုံရေး စောင့်ရှောက်ပေးရန် ကိုယ့်ကိုယ်ကိုယ်ခန့် သမ္မတကို တရုတ်သမ္မတပြော

Back to News

AI Summary

မြန်မာနိုင်ငံ၏ ကိုယ့်ကိုယ်ကိုယ်ခန့် သမ္မတ ဦးမင်းအောင်လှိုင်သည် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံကာ နှစ်နိုင်ငံဆက်ဆံရေးနှင့် စီးပွားရေးကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။ တရုတ်သမ္မတက တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်းများအတွက် လုံခြုံရေးအာမခံချက်ပေးရန် တိုက်တွန်းခဲ့ပြီး ဦးမင်းအောင်လှိုင်က နယ်စပ်ကုန်သွယ်ရေးဂိတ်များ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် အကူအညီတောင်းခံခဲ့သည်။ ဤခရီးစဉ်အတွင်း နားလည်မှုစာချွန်လွှာ ၁၈ ခုကို လက်မှတ်ရေးထိုးခဲ့သော်လည်း ငွေကြေးဆိုင်ရာ တိကျသည့် အကူအညီများ မပါဝင်ပေ။ အဆိုပါစီမံကိန်းများ၏ လုံခြုံရေးနှင့် နယ်စပ်ဒေသ တည်ငြိမ်ရေးသည် နှစ်နိုင်ငံအတွက် အဓိကစိန်ခေါ်မှုဖြစ်နေသည်။ လက်ရှိတွင် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် တရားဥပဒေစိုးမိုးရေးကို ပူးပေါင်းဆောင်ရွက်ရန် နှစ်ဖက်စလုံးက သဘောထားရှိနေသည်။

ထင်ရှားသော ပြောကြားချက်များ

"မြန်မာနိုင်ငံသည် အယုံကြည်ရဆုံးမိတ်ဆွေ၊ အားအကိုးရဆုံး လက်တွဲဖက်"

"တရုတ်- မြန်မာစီးပွားရေးစင်္ကြံ အောင်မြင်စွာ အပြည့်အဝဆောင်ရွက်နိုင်ရန် နယ်စပ်ဒေသတည်ငြိမ်ရေး မဖြစ်မနေဆောင်ရွက် သွားရန်လိုသည်"

မြန်မာနိုင်ငံအတွင်းရှိ တရုတ်စီမံကိန်းများကို လုံခြုံရေးအာမခံချက်ပေးရန် ကိုယ့်ကိုယ်ကိုယ်ခန့် သမ္မတ တရုတ်နိုင်ငံသို့ရောက်ရှိနေစဉ် တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြောဆိုလိုက်ပြီး ဦးမင်းအောင်လှိုင်ကလည်း တရုတ်- မြန်မာနယ်စပ် ကုန်သွယ်ရေးဂိတ်များ ပြန်ဖွင့်နိုင်ရေး ကူညီပေးရန် တရုတ်သမ္မတကို တောင်းဆိုခဲ့သည်။

မြန်မာနိုင်ငံသည် အယုံကြည်ရဆုံးမိတ်ဆွေ၊ အားအကိုးရဆုံး လက်တွဲဖက်ဟု ရှီကျင့်ဖျင်က ဦးမင်းလှိုင်အောင်နှင့် ဇွန်လ ၁၆ ရက် တွေ့ဆုံစဉ် ရည်ညွှန်းပြောဆိုခဲ့ပြီး တရုတ်- မြန်မာ စီးပွားရေးစင်္ကြံ စီမံကိန်းသည် အထင်ကရစီမံကိန်းကြီးများဖြစ်ပြီး လုံခြုံရေးအာမခံချက်ပေးရန် တိုက်တွန်း ခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံမှ ဦးစီးဆောင်ရွက်နေသည့် ပိုးလမ်းမစီမံကိန်း (Belt and Road Initiative- BRI) တွင် ဒေသတွင်း တရုတ်- မြန်မာ စီးပွားရေးစင်္ကြံ (CMEC) စီမံကိန်းကို ရှီကျင့်ဖျင်က ရည်ညွှန်းပြောသွား  ခြင်းဖြစ်သည်။

ထိုစီမံကိန်းတွင် တရုတ်ပြည် ကူမင်းမြို့မှ မြန်မာနိုင်ငံ မူဆယ်- မန္တလေး- ကျောက်ဖြူအထိ ဖောက်လုပ်မည့် ရထားလမ်းစီမံကိန်း၊ ရခိုင်ပြည်နယ်မှ တရုတ်နိုင်ငံသို့ သွယ်တန်းထားသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းခြင်း၊ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းတည်ဆောက်ခြင်း အပါအဝင် အထူးစီးပွားရေးဇုန်များ တည်ဆောက်မည့် စီမံကိန်းများ ပါဝင်သည်။

အဆိုပါ စီမံကိန်းများအတွက် လုံခြုံရေးပေးရန် တရုတ်သမ္မတက ပြောဆိုခဲ့ရာ ဦးမင်းအောင်လှိုင် က တိကျသည့် ကတိကဝတ်မပေးဘဲ “တရုတ်- မြန်မာစီးပွားရေးစင်္ကြံ အောင်မြင်စွာ အပြည့်အဝဆောင်ရွက်နိုင်ရန် နယ်စပ်ဒေသတည်ငြိမ်ရေး မဖြစ်မနေဆောင်ရွက် သွားရန်လိုသည်” ဟု စစ်အုပ်စုထိန်းချုပ် သတင်းစာများတွင် ဖော်ပြသည်။

တရုတ်နှင့် မြန်မာနိုင်ငံတို့သည် အပြန်အလှန်ကူညီ ပံ့ပိုးရပ်တည်ပေးသည့် နိုင်ငံများဖြစ်သည်၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံကို ရေရှည်အတ္တကင်းစွာ ကူညီခဲ့သည်ဟု ကိုယ့်ကိုယ်ကိုယ်ခန့် သမ္မတက ပြန်လည်ပြောဆိုခဲ့သည်။

တရုတ်- မြန်မာနယ်စပ် ကုန်သွယ်ရေးဂိတ်များ ပြန်ဖွင့်နိုင်ရေး ကူညီပေးရန် ဦးမင်းအောင်လှိုင်က တရုတ်သမ္မတကို တောင်းဆိုခဲ့ပြီး နှစ်နိုင်ငံ ကုန်သွယ်မှုမြှင့်တင်ရာတွင် နယ်စပ်ဂိတ်များသည် အထူးအရေးကြီးပြီး နယ်စပ်ဂိတ်နှင့် ကုန်သွယ်မှုလမ်းကြောင်းများ ပြန်လည်ဖွင့်နိုင်ရန် နယ်စပ်ဒေသ တရားဥပဒေစိုးမိုးရန် ပူးပေါင်းဆောင်ရွက်လိုသည်ဟု ဆိုသည်။

တရုတ်- မြန်မာနယ်စပ်တွင် အရေးပါသည့် ကုန်သွယ်ရေးဂိတ်များတွင် တရုတ်နိုင်ငံ ရွှေလီမြို့ နှင့် မျက်နှာချင်းဆိုင် ရှမ်းပြည်နယ် မူဆယ်မြို့ရှိ နယ်စပ်ကုန်သွယ်ရေးဂိတ်၊ တရုတ်နိုင်ငံ လင်ချန်းမြို့နှင့် ထိစပ်နေသည့် ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးဂိတ်၊ တရုတ်နိုင်ငံ တိန်ချုန်းမြို့နှင့် ထိစပ်နေသည့် ချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ရှိ ကန်ပိုက်တီး နယ်စပ်ကုန်သွယ်ရေးဂိတ်၊ တရုတ်နိုင်ငံ လုံချန်းမြို့နှင့် ထိစပ်နေသည့် ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးဂိတ်တို့ ပါဝင်သည်။

ဦးမင်းအောင်လှိုင်၏ ခရီးစဉ်အတွင်း တရုတ်သမ္မတနှင့် နားလည်မှု စာချွန်လွှာ ၁၈ ခုကို လက်မှတ်ထိုးခဲ့သည်။ ထိုစာချွန်လွှာများတွင် မြန်မာနိုင်ငံကို ငွေအလုံးအရင်းနှင့် တိကျသည့် အကူအညီပေးမှုများ မပါဝင်ပေ၊ ထိုစာချွန်လွှာများမှာ အောက်ပါအတိုင်းဖြစ်သည်။

စစ်အုပ်စု ထိန်းချုပ်ထားသည့် သတင်းမီဒီယာများတွင် ဖော်ပြချက်များအရ အထက်ပါ စာချွန်လွှာများကို အများဆုံး လက်မှတ်ထိုးခဲ့သူမှာ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနဝန်ကြီး ဒေါက်တာ ကံဇော်ဖြစ်သည်ကို တွေ့ရသည်။

ကိုယ့်ကိုယ်ကိုယ်ခန့် သမ္မတ၏ တရုတ်ပြည်ခရီးစဉ်တွင် သမ္မတရုံးဝန်ကြီး ဦးခင်မောင်ရီ၊ နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေ၊ စွမ်းအင်ဝန်ကြီး ဦးကိုကိုလွင်၊ စက်မှုဝန်ကြီး ဒေါက်တာချာလီသန်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးထွန်းအုံ၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးတို့ လိုက်ပါသွားကြသည်။

ဦးမင်းအောင်လှိုင်သည် ယခုလ ပထမပတ်အတွင်း အိန္ဒိယနိုင်ငံသို့ သွားရောက်ခဲ့ပြီး ထိုခရီးစဉ်တွင် ဦးခင်မောင်ရီ၊ ဦးတင်မောင်ဆွေ၊ ဒေါက်တာကံဇော်၊ ဦးမင်းနောင်(စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး)၊ ဒေါက်တာချာလီသန်း၊ ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦးတို့ လိုက်ပါသွားခဲ့သည်ကို တွေ့ရသည်။

ဦးမင်းအောင်လှိုင်၏ ခရီးစဉ်အတွင်း ပေါ်ထွက်လာသည့် ဓာတ်ပုံများတွင် မြန်မာနိုင်ငံ၏ ထိပ်တန်း စီးပွားရေးလုပ်ငန်းရှင်ကြီးများအနက် တစ်ဦးဖြစ်သည့် ကမ္ဘောဇအုပ်စုတည်ထောင်သူ ဦးအောင်ကိုဝင်းကိုလည်း တွေ့မြင်ရသည်။

မွမ်ဘိုင်းမြို့တွင် ဇွန်လ ၃ ရက်တွင် ကျင်းပခဲ့သည့် မြန်မာ- အိန္ဒိယ စီးပွားရေးဆွေးနွေးပွဲ (Myanmar- India Business Dialogue)သို့ ကိုယ့်ကိုယ်ကိုယ်ခန့် သမ္မတ၊ ဦးအောင်ကိုဝင်း၊ ဧရာဟင်္သာလုပ်ငန်းစု တည်ထောင်သူ ဦးဇော်ဝင်းရှိန်နှင့် 24 Hour Group တည်ထောင်သူ ဦးအောင်အောင်ဇော်လတ် အပါအဝင် အခြားထင်ရှားသည့် ခရိုနီကြီးများလည်း တက်ရောက်ခဲ့ကြသည်ကို တွေ့ရသည်။

ဦးမင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်အတွင်း စိုက်ပျိုးရေး၊ သစ်တောထွက်ပစ္စည်း၊ သတ္တုတွင်းထွက်များ၊ ရော်ဘာနှင့် အခြားကုန်ကြမ်းများ အိန္ဒိယသို့တင်ပို့နိုင်ရန်နှင့် သတင်းအချက်အလက်နည်းပညာနှင့် ဒီဂျစ်တယ်အခြေခံအဆောက်အဦ ကဏ္ဍ၊ ကျန်းမာရေးကဏ္ဍများတွင်လည်း ပူးပေါင်းဆောင်ရွက်ရန် အိန္ဒိယဝန်ကြီးချုပ် နရန်ဒြာမိုဒီ ကို တောင်းဆိုခဲ့သည်။

ဆက်စပ်သတင်းများ

AI Curated