
AI Summary
နယူးကာဆယ်ဂန္ထဝင် ကစားသမားနှင့် နည်းပြဟောင်း ကီဗင်ကီဂန်သည် အသက် ၇၅ နှစ်အရွယ်တွင် အဆင့် ၄ အစာအိမ်ကင်ဆာ ဝေဒနာကို ခံစားနေရကြောင်း ပထမဆုံးအကြိမ် လူသိရှင်ကြား ဖွင့်ဟခဲ့သည်။ ၎င်းသည် ပြီးခဲ့သည့် ဒီဇင်ဘာလကတည်းက ကုသမှုခံယူနေပြီး ကားမတော်တဆမှုတစ်ခုကြောင့် ကင်ဆာရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ဘလွန်းဒီအောဆုရှင် ကီဂန်သည် လက်ရှိတွင် အကောင်းမြင်စိတ်ဖြင့် ရောဂါကို ရင်ဆိုင်နေသည်။ ၎င်းမကွယ်လွန်မီ စိန့်ဂျိမ်းစ်ပါ့ခ်ကွင်းသို့ ပြန်လာကာ နယူးကာဆယ်ပရိသတ်များကို ကောင်းမွန်စွာ နှုတ်ဆက်လိုကြောင်း ပြောကြားခဲ့သည်။ လာမည့်ရာသီတွင် ကီဂန်သည် ကွင်းအတွင်းဝင်ရောက်၍ ပရိသတ်များကို နှုတ်ဆက်သွားရန် စီစဉ်ထားသည်။

နယူးကာဆယ်ဂန္ထဝင် ကစားသမားနဲ့ နည်းပြဟောင်း အသက် ၇၅ နှစ်အရွယ် ကီဗင်ကီဂန်က အဆင့် ၄ အစာအိမ်ကင်ဆာ ဝေဒနာကို ခံစားနေရပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာကတည်းက ကုသမှုခံယူနေရကြောင်း ပထမဆုံးအကြိမ် လူသိရှင်ကြား ဖွင့်ဟခဲ့ပါတယ်။
သူဟာ ကားမတော်တဆ ဖြစ်ပွားရာကနေ ကင်ဆာရှိနေကြောင်း စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။
ဘလွန်းဒီအော အကောင်းဆုံးဘောလုံးသမားဆုရခဲ့ဖူးတဲ့ လီဗာပူးနဲ့ နယူးကာဆယ်ဂန္ထဝင် ကီဂန်က လက်ရှိမှာ အကောင်းမြင်စိတ်နဲ့ ရောဂါကို ရင်ဆိုင်နေပြီး၊ မိမိမကွယ်လွန်မီ စိန့်ဂျိမ်းစ်ပါ့ခ်ကွင်းကြီးဆီ နောက်တကြိမ် ပြန်လာကာ နယူးကာဆယ်ပရိသတ်တွေကို ကောင်းကောင်းမွန်မွန် နှုတ်ဆက်ချင်ကြောင်း ပြောပါတယ်။
လာမဲ့ရာသီမှာ ကီဂန်ဟာ ကွင်းအတွင်းဝင်ရောက်ပြီး ပရိသတ်တွေကို နှုတ်ဆက်သွားဖို့ ရှိနေပါတယ်။