
ဒါရိုက်တာ မင်းထင်ကိုကိုကြီး၏ ဈာပန အခမ်းအနား ပြုလုပ်ပြီးစီး - BUR.MIZZIMA.COM
AI Summary
ရုပ်ရှင်ဒါရိုက်တာနှင့် နိုင်ငံရေးအကျဉ်းသားဟောင်း မင်းထင်ကိုကိုကြီးသည် အသက် ၆၄ နှစ်အရွယ်တွင် အသည်းကင်ဆာရောဂါဖြင့် ဇွန်လ ၂ ရက်နေ့ နံနက်ပိုင်းက ကွယ်လွန်သွားခဲ့သည်။ ၎င်း၏ ဈာပနကို ထိုနေ့ မွန်းလွဲပိုင်းတွင် ရေဝေး၌ ကျန်ရစ်သူမိသားစု၏ ဆန္ဒအရ ငြိမ်သက်စွာ ပြုလုပ်ပြီးစီးခဲ့ကြောင်း နီးစပ်သူများထံမှ သိရသည်။ ဒါရိုက်တာ မင်းထင်ကိုကိုကြီးသည် ရုပ်ရှင်ဖန်တီးသူ၊ ကဗျာဆရာ၊ လူ့အခွင့်အရေးဆိုင်ရာ မှတ်တမ်းရုပ်ရှင်များ ဖန်တီးသူအဖြစ် ထင်ရှားခဲ့ပြီး လူ့အခွင့်အရေး ရုပ်ရှင်ပွဲတော်ကိုလည်း ဦးဆောင်ခဲ့သူဖြစ်သည်။ ၎င်းသည် ၂၀၁၉ ခုနှစ်တွင် စစ်တပ်အား ဝေဖန်မှုကြောင့် ပုဒ်မနှစ်ခုဖြင့် ဖမ်းဆီးထောင်ချခံခဲ့ရဖူးပြီး၊ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်တွင်လည်း ပုဒ်မ ၅၀၅ (ခ) ဖြင့် ထပ်မံဖမ်းဆီးခံခဲ့ရကာ ၂၀၂၂ ခုနှစ် နိုဝင်ဘာလကမှ ပြန်လည်လွတ်မြောက်လာခဲ့သည်။ ၎င်း၏ ကွယ်လွန်မှုအပေါ် အနုပညာအသိုင်းအဝိုင်း၊ တပည့်များနှင့် ချစ်ခင်ရင်းနှီးသူများက လူမှုကွန်ရက်တွင် ဝမ်းနည်းကြောင်းနှင့် လွမ်းဆွတ်ကြောင်း ရေးသားဖော်ပြနေကြသည်။
ဓာတ်ပုံ – အသည်းကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့သည့် ဒါရိုက်တာ မင်းထင်ကိုကိုကြီး၏ ဈာပနကို ယနေ့ (ဇွန်လ ၂ ရက်)မွန်းလွဲပိုင်းတွင် ပြုလုပ်ပြီးစီးခဲ့ပြီဖြစ်ကြောင်း နီးစပ်သူများထံမှ သိရသည်။ နိုင်ငံရေးအကျဉ်းသားဟောင်းတဦးဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီးသည် ယနေ့ ဇွန်လ ၂ ရက်နေ့ နံနက်ပိုင်း ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။ ကွယ်လွန်ချိန်တွင် အသက် ၆၄ နှစ်အရွယ်ရှိပြီဖြစ်သည်။ (Thit Sar Ni)
ရောင်နီ (ဇွန်လ ၂ ရက်)
မဇ္ဈိမ။ ။ အသည်းကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့သည့် ဒါရိုက်တာ မင်းထင်ကိုကိုကြီး၏ ဈာပနကို ယနေ့ (ဇွန်လ ၂ ရက်)မွန်းလွဲပိုင်းတွင် ပြုလုပ်ပြီးစီးခဲ့ပြီဖြစ်ကြောင်း နီးစပ်သူများထံမှ သိရသည်။
“ ငြိမ်းချမ်းစွာ တိတ်ဆိတ်စွာ မင်းထင်ကိုကိုကြီးစျာပနကို ရေဝေးမှာပဲ ၁၂နာရီလောက်က ကျန်ရစ်သူမိသားစုရဲ့ဆန္ဒအရ အကျဥ်းချုံးပြီး ငြိမ်သက်စွာ တိတ်ဆိတ်စွာဆောင်ရွက်ပြီးစီးခဲ့ပါပြီ။ သူ့မိတ်ဆွေ ကဗျာဆရာ အနည်းငယ် နှုတ်ဆက်ပို့ဆောင်ခဲ့ကြပါတယ်။ “ ဟု စာရေးဆရာ သစ္စာနီက လူမှုကွန်ရက်တွင် ရေးသားထားသည်။
နိုင်ငံရေးအကျဉ်းသားဟောင်းတဦးဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီးသည် ယနေ့ ဇွန်လ ၂ ရက်နေ့ နံနက်ပိုင်း ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။ ကွယ်လွန်ချိန်တွင် အသက် ၆၄ နှစ်အရွယ်ရှိပြီဖြစ်သည်။
၎င်းသည် အသည်းကင်ဆာရောဂါကြောင့် ဆေးကုသမှုခံယူနေရသူဖြစ်ပြီး အဆိုပါ ရောဂါကြောင့်ပင် ကွယ်လွန်ခဲ့ရခြင်းဖြစ်ကြောင်း နီးစပ်သူများက ပြောသည်။
ဓာတ်ပုံ – အသည်းကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့သည့် ဒါရိုက်တာ မင်းထင်ကိုကိုကြီး၏ ဈာပနကို ယနေ့ (ဇွန်လ ၂ ရက်)မွန်းလွဲပိုင်းတွင် ပြုလုပ်ပြီးစီးခဲ့ပြီဖြစ်ကြောင်း နီးစပ်သူများထံမှ သိရသည်။ နိုင်ငံရေးအကျဉ်းသားဟောင်းတဦးဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီးသည် ယနေ့ ဇွန်လ ၂ ရက်နေ့ နံနက်ပိုင်း ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။ ကွယ်လွန်ချိန်တွင် အသက် ၆၄ နှစ်အရွယ်ရှိပြီဖြစ်သည်။ (Thit Sar Ni)
ဒါရိုက်တာ မင်းထင်ကိုကိုကြီးသည် ရုပ်ရှင်ဖန်တီးသူအဖြစ်သာမက ကဗျာဆရာ၊ လူ့အခွင့်အရေးဆိုင်ရာ မှတ်တမ်းရုပ်ရှင်များ ဖန်တီးရိုက်ကူးသူအဖြစ် ထင်ရှားကျော်ကြားခဲ့သူ ဖြစ်သည်။
အလားတူ လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော် (Human Rights Human Dignity International Film Festival) ကို ကျင်းပနိုင်ရန် ဦးဆောင်ခဲ့သူများထဲမှ တဦးဖြစ်သည်။
NLD အစိုးရလက်ထက် ၂၀၁၉ ခုနှစ်တွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်၍ စစ်တပ်အား ဝေဖန်မှုကြောင့် ပုဒ်မ နှစ်ခုဖြင့် ဖ်မ်းဆီးထောင်ချခံခဲ့ရသည်။
ထို့အပြင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းချိန်၌လည်း ပုဒ်မ ၅၀၅ (ခ) ဖြင့် ထပ်မံဖမ်းဆီးခံရကာ ထောင်ဒဏ်နှစ်နှစ် ချမှတ်ခံရပြီး ၂၀၂၂ ခုနှစ် နိုဝင်ဘာလကမှ ပြန်လည်လွတ်မြောက်လာခြင်း ဖြစ်သည်။
ဓာတ်ပုံ – အသည်းကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့သည့် ဒါရိုက်တာ မင်းထင်ကိုကိုကြီး၏ ဈာပနကို ယနေ့ (ဇွန်လ ၂ ရက်)မွန်းလွဲပိုင်းတွင် ပြုလုပ်ပြီးစီးခဲ့ပြီဖြစ်ကြောင်း နီးစပ်သူများထံမှ သိရသည်။ နိုင်ငံရေးအကျဉ်းသားဟောင်းတဦးဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီးသည် ယနေ့ ဇွန်လ ၂ ရက်နေ့ နံနက်ပိုင်း ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။ ကွယ်လွန်ချိန်တွင် အသက် ၆၄ နှစ်အရွယ်ရှိပြီဖြစ်သည်။ (Thit Sar Ni
“ ကျန်းမာရေးကြောင့် Facebook (လူမှုကွန်ရက်)နဲ့ ခဏဝေးနေခဲ့တယ်။ စိတ်မကောင်းစရာကောင်းတာက အဲ့ဒါကို သတိထားမိတဲ့သူ မရှိသလောက်ပါပဲ” လို့ ပြီးခဲ့သည့် မေလ ၁၇ ရက်နေ့တွင် ဒါရိုက်တာ မင်းထင်ကိုကိုကြီးက သူ့၏ လူမှုကွန်ရက်တွင် ပို့စ်တင်ရေးသား ထားခဲ့သည်။
ဒါရိုက်တာ မင်းထင်ကိုကိုကြီး ကွယ်လွန်ခဲ့သည့်အပေါ် အနုပညာအသိုင်းအဝိုင်း၊ ရုပ်ရှင်ပညာသင်ယူခဲ့ကြသည် တပည့်များနှင့် ချစ်ခင်ရင်းနှီးသူများက လူမှုကွန်ရက်တွင် ၀မ်းနည်းကြောင်း နှင့် လွမ်းဆွတ်တမ်းတကြောင်း စာများ ရေးသားနေကြသည်။
စာတည်း – သန့်ဇော်(သန်လျင်)