အရှေ့အလယ်ပိုင်းစစ်ပွဲကိုထရမ့် အဆုံးသတ်ချင်ပေမယ့် အစ္စရေးနဲ့ အီရန်တို့အကြား တိုက်ခိုက်မှုတွေပြန်ဖြစ်
politics||2 MIN READ

အရှေ့အလယ်ပိုင်းစစ်ပွဲကိုထရမ့် အဆုံးသတ်ချင်ပေမယ့် အစ္စရေးနဲ့ အီရန်တို့အကြား တိုက်ခိုက်မှုတွေပြန်ဖြစ်

AI Summary

ဇွန်လ ၈ ရက် နံနက်အစောပိုင်းတွင် အစ္စရေးလေတပ်က အီရန်နိုင်ငံရှိ တီဟီရန်၊ တာဘရစ်ဇ်နှင့် အစ္စဖာဟန်မြို့များရှိ ပစ်မှတ်များကို တိုက်ခိုက်ခဲ့သည်။ အဆိုပါတိုက်ခိုက်မှုမှာ ဇွန်လ ၇ ရက်နေ့က အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့၏ တိုက်ခိုက်မှုအပေါ် အစ္စရေးဘက်မှ ပြန်လည်တုံ့ပြန်ခြင်းဖြစ်သည်။ တိုက်ခိုက်မှုများကြောင့် အီရန်မြို့တော်၏ လေကြောင်းခရီးစဉ်များ ရပ်ဆိုင်းသွားခဲ့ရပြီး အီရတ်နှင့် ဆီးရီးယားနိုင်ငံတို့ကလည်း ၎င်းတို့၏ လေပိုင်နက်ကို ယာယီပိတ်ထားခဲ့သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကမူ ယခုဖြစ်စဉ်သည် အမေရိကန်နှင့် အီရန်အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို သက်ရောက်မှုရှိမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ လက်ရှိတွင် အီရန်နိုင်ငံအတွင်း ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး လေကြောင်းသွားလာမှုများ ထိခိုက်လျက်ရှိသည်။

အစ္စရေးလေတပ်က အီရန်အနောက်ပိုင်းနဲ့ အလယ်ပိုင်းက ပစ်မှတ်တွေကို ဒီနေ့ ဇွန်လ ၈ ရက် နံနက်အစောပိုင်းမှာ တိုက်ခိုက်ခဲ့ပါတယ်။

အီရန်ရဲ့ အဓိကမြို့ကြီး ၃ မြို့ဖြစ်တဲ့ “တီဟီရန်၊ တာဘရစ်ဇ်နဲ့ အစ္စဖာဟန်မြို့တွေမှာ ပေါက်ကွဲမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ အီရန်အစိုးရရုပ်သံကလည်း ဇွန်လ ၈ ရက်မနက်မှာ ဖော်ပြခဲ့ပါတယ်။

အီရန်ရဲ့ အစ္စလာမ္မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) က အစ္စရေးမြောက်ပိုင်းကို မနေ့က ဇွန်လ ၇ ရက်မှာ အဆက်မပြတ် တိုက်ခိုက်ခဲ့ပြီးတဲ့နောက် အစ္စရေးဘက်က အခုလို ပြန်လည် တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ အစ္စရေးဘက်က ပြောပါတယ်။

ဒီကနေ့ ဖြစ်ပွားတဲ့ တိုက်ခိုက်မှုတွေမတိုင်ခင် နာရီပိုင်းအလိုမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အစ္စရေးနဲ့ အီရန်တို့ကြား အခုလို တကျော့ပြန် ဖြစ်ပွားတဲ့ တိုက်ခိုက်မှုတွေဟာ အမေရိကန်နဲ့ အီရန်တို့အကြား လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ဘာမှ သက်ရောက်မှု ရှိမှာမဟုတ်ဘူးလို့ ပြောခဲ့သလို၊ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုအနေနဲ့လည်း “အရာရာကို ဆုံးဖြတ်ပိုင်ခွင့်မရှိဘူး” လို့လည်း ထရမ့်က Financial Times သတင်းဌာနကို ပြောခဲ့ပါတယ်။

အခုပြန်လည်ဖြစ်ပွားလာတဲ့ တိုက်ခိုက်မှုတွေကြောင့် အီရန် မြို့တော်က လေဆိပ် အဝင်အထွက် လေကြောင်းခရီးစဉ်အားလုံးကို ဆိုင်းငံ့ထားတယ်လို့ အီရန်အစိုးရသတင်းဌာန IRNA က ကြေညာထားသလို အီရတ်နဲ့ ဆီးရီးယားနိုင်ငံတို့ကလည်း သူတို့ရဲ့ လေပိုင်နက်ကို ယာယီပိတ်ထားတယ်လို့ အစိုးရသတင်းဌာနတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

AI Curated
အရှေ့အလယ်ပိုင်းစစ်ပွဲကိုထရမ့် အဆုံးသတ်ချင်ပေမယ့် အစ္စရေးနဲ့ အီရန်တို့အကြား တိုက်ခိုက်မှုတွေပြန်ဖြစ် | YGN Daily