မြန်မာ ၁ ဦးကို မလေးမှတ်ပုံတင် ထုတ်ပေးသည့်ကိစ္စ ရဲတပ်ဖွဲ့ စုံစမ်းနေ
society||3 MIN READ

မြန်မာ ၁ ဦးကို မလေးမှတ်ပုံတင် ထုတ်ပေးသည့်ကိစ္စ ရဲတပ်ဖွဲ့ စုံစမ်းနေ

DVB
SourceDVB

AI Summary

လူမှုကွန်ရက်တွင် မြန်မာနိုင်ငံသားတစ်ဦး မလေးရှားနိုင်ငံသား စိစစ်ရေးကတ်ပြား ရရှိသည်ဟုဆိုသော ဗီဒီယိုတစ်ခု ပျံ့နှံ့ခဲ့ရာ မလေးရှားရဲတပ်ဖွဲ့က အမျိုးသားမှတ်ပုံတင်ဌာနသို့ စိစစ်ရန် လွှဲပြောင်းပေးခဲ့သည်။ အဆိုပါဗီဒီယိုကို Na’am Ahmad အမည်ရှိ ဖေ့စ်ဘွတ်ခ်အကောင့်မှ စတင်မျှဝေခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံသားတစ်ဦး မလေးရှားနိုင်ငံသားများသာ ကိုင်ဆောင်ခွင့်ရှိသည့် အပြာရောင်မှတ်ပုံတင်ကတ်ကို မည်သို့ရရှိသည်ကို မေးခွန်းထုတ်ခဲ့သည်။ သို့သော် ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုများအရ ဗီဒီယိုသည် တတိယလူတစ်ဦးမှ ပြန်လည်ကူးယူဖော်ပြထားခြင်းဖြစ်ပြီး မြန်မာနိုင်ငံသားဟု ယူဆရသူ၏ မည်သည့်သက်သေခံအထောက်အထားကိုမျှ ပြသထားခြင်းမရှိကြောင်း တွေ့ရှိရသည်။ ရဲမှူးကြီး အိုင်ဒီရှမ်မိုဟာမက်က အခြေအမြစ်မရှိသော သတင်းအချက်အလက်များနှင့် သတင်းတုများကို ထပ်ဆင့်မျှဝေခြင်းသည် လူထုအတွင်း ရှုပ်ထွေးမှုများ ဖြစ်ပေါ်စေနိုင်ပြီး သက်ဆိုင်သူများ၏ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်ကြောင်း သတိပေးခဲ့သည်။ ထို့ကြောင့် အများပြည်သူအနေဖြင့် တရားဝင်ရင်းမြစ်များမှသာ သတင်းအချက်အလက်များကို ရယူရန်နှင့် သက်ဆိုင်ရာ အထောက်အထားများရှိပါက ရဲတပ်ဖွဲ့သို့ အကြောင်းကြားရန် တိုက်တွန်းထားသည်။

Photo: Malay Mail

မြန်မာနိုင်ငံသားတယောက်ကို မလေးရှားနိုင်ငံသား စိစစ်ရေးကတ်ပြား မှတ်ပုံတင် ထုတ်ပေးထားတယ်ဆိုပြီး လူမှုကွန်ရက်မီဒီယာပေါ်မှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုဖိုင်နဲ့ ပတ်သက်ပြီး စိစစ်ပေးဖို့ မလေးရှားရဲတပ်ဖွဲ့က အမျိုးသားမှတ်ပုံတင်ဌာနကို လွှဲပြောင်းထားတယ်လို့ Malay Mail သတင်းမှာ ဇွန် ၇ ရက်က ဖော်ပြပါတယ်။

ပူထရာဂျာယာ ရဲစခန်းမှူး ရဲမှူးကြီး အိုင်ဒီရှမ်မိုဟာမက်က ပြီးခဲ့တဲ့ ဇွန် ၅ ရက် မနက်ပိုင်းမှာ တိုင်ကြားချက်တခု လက်ခံရရှိခဲ့ပြီးနောက် အခုလို စုံစမ်းစစ်ဆေးမှုတွေ စတင်ခဲ့တာလို့ ပြောပါတယ်။

အခြေခံစုံစမ်းစစ်ဆေးချက်တွေအရ အဆိုပါဗီဒီယိုဖိုင်ကို Na’am Ahmad အမည်ရှိတဲ့ ဖေ့စ်ဘွတ်ခ် အကောင့်တခုကနေ စတင်ပြီးတော့ မျှဝေထားခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံကနေလာသူ တယောက်ဟာ မလေးရှားနိုင်ငံသားတွေသာ ကိုင်ဆောင်ခွင့်ရှိတဲ့ အပြာရောင် စိစစ်ရေးကတ်ပြား မှတ်ပုံတင်ကတ်ကို ဘယ်လိုမျိုး ကိုင်ဆောင်ခွင့်ရနေသလဲဆိုပြီး မေးခွန်းထုတ်ထားတာ ဖြစ်ပါတယ်။

ဒါပေမဲ့ ရဲတပ်ဖွဲ့ရဲ့ အသေးစိတ် ထပ်မံစစ်ဆေးချက်တွေအရ အဆိုပါဗီဒီယိုဟာ တတိယလူ တယောက်က ပြန်လည်ကူးယူ ဖော်ပြထားတာသာဖြစ်ပြီး ဗီဒီယိုဖိုင်တခုလုံးမှာ အဲဒီ မြန်မာနိုင်ငံသားလို့ ယူဆရသူရဲ့ ဘယ်လို သက်သေခံအထောက်အထားနဲ့ မှတ်ပုံတင်ကတ်ပြားကိုမှ ပြသထားခြင်း မရှိဘူးလို့ ဆိုပါတယ်။

ရဲမှူးကြီး အိုင်ဒီရှမ် ကတော့ အများပြည်သူအနေနဲ့ အခြေအမြစ်မရှိတဲ့ သတင်းအချက်အလက်တွေနဲ့ သတင်းတုတွေကို ထပ်ဆင့်မျှဝေတာမျိုး မလုပ်ကြဖို့ သတိပေးထားပြီး ဒီလိုလုပ်ရပ်တွေဟာ လူထုအတွင်း ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်စေနိုင်တဲ့အပြင် သက်ဆိုင်သူတွေရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေနိုင်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် သတင်းအချက်အလက်တွေကို တရားဝင် အရင်းအမြစ်တွေကနေသာ ရယူကြဖို့နဲ့ ပတ်သက်ဆက်နွှယ်တဲ့ အထောက်အထားတွေ ရှိရင်လည်း ရဲတပ်ဖွဲ့ဆီ အကြောင်းကြားပေးဖို့ တိုက်တွန်းထားပါတယ်။

Source: Malay Mail

ဆက်စပ်သတင်းများ

AI Curated
မြန်မာ ၁ ဦးကို မလေးမှတ်ပုံတင် ထုတ်ပေးသည့်ကိစ္စ ရဲတပ်ဖွဲ့ စုံစမ်းနေ | YGN Daily