
AI Summary
အက်သလက်တီကို အယ်လ်ဗာရက်ဇ်ကို လာမဲ့နွေ မရောင်း။ အာဆင်နယ်၊ ဘာစီလိုနာ လိုချင်။ အက်သလက်တီကို ကမ်းလှမ်းမှု မရှိ၊ ကောလာဟလဟု ပြော။
အာဆင်နယ်နဲ့ ဘာစီလိုနာတို့ စိတ်ဝင်စားနေတဲ့ တိုက်စစ်မှူး ဟူလီယန် အယ်လ်ဗာရက်ဇ်ကို လာမဲ့နွေရာသီမှာ လုံးဝရောင်းချသွားမှာ မဟုတ်ကြောင်း အက်သလက်တီကို မက်ဒရစ် အသင်းက ပြင်းပြင်းထန်ထန် သတိပေးလိုက်ပါတယ်။
အသက် ၂၆ နှစ်အရွယ် အာဂျင်တီးနားတိုက်စစ်မှူးကို ခေါ်ယူဖို့ အာဆင်နယ်က ဇန်နဝါရီကတည်းက ဒေတာတွေစုဆောင်းပြီး မျက်စိကျနေသလို ကစားသမားကိုယ်တိုင်ကလည်း စာချုပ်သစ်မချုပ်ဘဲ ဆုဖလားရယူနိုင်မဲ့ ဘာစီလိုနာဆီ ပြောင်းရွှေ့ချင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။
ဒါပေမဲ့ အက်သလက်တီကိုဘက်ကတော့ ဒါတွေဟာ အေးဂျင့်တွေရဲ့ ကောလာဟလ စကားတွေသာဖြစ်ပြီး အယ်လ်ဗာရက်ဇ်အတွက် ဘယ်ကမ်းလှမ်းမှုမှ ရောက်မလာသေးသလို ရောင်းဖို့လည်း အစီအစဉ်မရှိကြောင်း ငြင်းဆိုထားပါတယ်။
အယ်လ်ဗာရက်ဇ်မှာ စာချုပ်သက်တမ်း ၄ နှစ် ကျန်ရှိနေသေးပြီး စာချုပ်ဖျက်သိမ်းကြေး ယူရို သန်း ၅၀၀ ရှိနေပေမဲ့ တချို့သတင်းတွေမှာတော့ ပေါင် ၁၃၀ သန်းဝန်းကျင်ရရင် အက်သလက်တီကိုဘက်က လက်လွှတ်ဖွယ်ရှိတယ်လို့ ဖော်ပြနေကြပါတယ်။