မြန်မာရှိ တိုင်ချန်းငွေလိမ်ဂိုဏ်းခွင်မှ ဒေါ်လာသန်း ၃၀ ကို FBI သိမ်းဆည်း - BUR.MIZZIMA.COM
society||3 MIN READ

မြန်မာရှိ တိုင်ချန်းငွေလိမ်ဂိုဏ်းခွင်မှ ဒေါ်လာသန်း ၃၀ ကို FBI သိမ်းဆည်း - BUR.MIZZIMA.COM

Back to News

AI Summary

မြန်မာနိုင်ငံရှိ တိုင်ချန်း (Tai Chang) ငွေလိမ်ဂိုဏ်းခွင်၏ ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံကို FBI က ဖြိုဖျက်ခဲ့ပြီး အမေရိကန်ဒေါ်လာ သန်း ၃၀ ခန့်တန်ဖိုးရှိ ခရစ်တိုငွေကြေးများကို သိမ်းဆည်းခဲ့သည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် ငွေလိမ်ဂိုဏ်းခွင်များ ပျံ့နှံ့လာခဲ့ပြီး ၎င်းတို့သည် ဝဘ်ဆိုက်များမှတစ်ဆင့် လူများကို လိမ်လည်ကာ ခရစ်တိုငွေကြေးများ ရယူခဲ့ကြသည်။ အဆိုပါဂိုဏ်းများ၏ လိမ်လည်မှုခံရသူများနှင့် အခြားသူများကို ပြန်လည်လိမ်လည်ရန် အတင်းအကျပ်ခိုင်းစေခံရသည့် လူကုန်ကူးခံရသူ အလုပ်သမားများ ထိခိုက်နစ်နာခဲ့ကြသည်။ FBI ၏ နှိမ်နင်းမှုကြောင့် ငွေကြေးများ သိမ်းဆည်းရမိခဲ့သော်လည်း ဂိုဏ်းခေါင်းဆောင်များသည် စီးနင်းမှုမတိုင်မီ သတိပေးချက်ရရှိခြင်း၊ အခြေခံအဆောက်အအုံများ မပျက်မစီးကျန်ရှိခြင်းနှင့် ဂိုဏ်းခွင်များ လျင်မြန်စွာ တိုးချဲ့ခြင်းတို့ကြောင့် စိန်ခေါ်မှုများ ဆက်လက်ရှိနေသည်။ FBI သည် ဂိုဏ်းခွင်တစ်ခုချင်းစီထက် ၎င်းတို့နောက်ကွယ်ရှိ ကွန်ရက်များ၊ လိမ်လည်မှုအက်ပ်ရေးဆွဲသူများနှင့် အလုပ်သမားများကို ကြွေးမြီဖြင့်ချည်နှောင်ကာ စည်းရုံးသွေးဆောင်သူများကို ပစ်မှတ်ထား နှိမ်နင်းလျက်ရှိသည်။ ထိုင်းနိုင်ငံသည် ဤလုပ်ငန်းစဉ်တွင် အရေးပါသော လုံခြုံရေးမိတ်ဖက်အဖြစ် ပါဝင်နေသည်။

MizziamEAE

မြန်မာနိုင်ငံရှိ တိုင်ချန်း (Tai Chang) ငွေလိမ်ဂိုဏ်းခွင်၏ ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံကို ဖြိုဖျက်ကာ အမေရိကန်ဒေါ်လာ သန်း ၃၀ ခန့်တန်ဖိုးရှိ ခရစ်တိုငွေကြေးများ (cryptocurrency)ကို သိမ်းဆည်းခဲ့ကြောင်း FBI ဒုတိယညွှန်ကြားရေးမှူးချုပ် အင်ဒရူးဘေလီ (Andrew Bailey) က ဇွန်လ ၁၀ ရက် ဘန်ကောက်မြို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် ဖွဲ့စည်းခဲ့သည့် FBI ၏ ငွေလိမ်ဂိုဏ်းနှိမ်နင်းရေးအထူးတပ်ဖွဲ့သည် သားကောင်များကို လိမ်လည်ရန်အသုံးပြုသည့် ဝဘ်ဆိုက်ကို ပိတ်သိမ်းကာ ဆက်စပ်ရာဇ၀တ်ဂိုဏ်းများထံမှ ခရစ်တိုငွေကြေးများကို ပြန်လည်သိမ်းဆည်းခဲ့ခြင်းဖြစ်ကြောင်း Bailey က ဆိုသည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတ၀န်းရှိ သံသယဖြစ်ဖွယ် ငွေလိမ်ဂိုဏ်းခွင် ၁၃၇ ခုကျော်ကို စောင့်ကြည့်ခဲ့သည့် Myanmar Witness အဖွဲ့၏ မေ ၂၉ ရက်ထုတ် အစီရင်ခံစာတွင်လည်း ယင်းပျံ့နှံ့မှုပုံစံကို ဖော်ပြထားသည်။

အဆိုပါအစီရင်ခံစာအရ ဂိုဏ်းခေါင်းဆောင်များသည် စီးနင်းမှုမတိုင်မီ ကြိုတင်သတိပေးချက်ရရှိခြင်း၊ ရှင်းလင်းပြီးဟုဆိုသော နေရာများ၌ အဓိကအခြေခံအဆောက်အအုံများ မပျက်မစီးဘဲ ကျန်ရှိနေခြင်းနှင့် မြဝတီအနီးရှိ ဂိုဏ်းခွင်တစ်ခုကို ရှင်းလင်းပြီးနောက် အနီးနားရှိ အခြားဂိုဏ်းခွင်တစ်ခု လျင်မြန်စွာတိုးချဲ့လာပြီး အဆောက်အအုံများမပြီးစီးမီ အမိုးပေါ်၌ စတားလင့်ခ် အင်တာနက်စက်ပစ္စည်းများ တပ်ဆင်ခဲ့ခြင်းတို့ကို တွေ့ရှိရသည်။

FBI အနေဖြင့် ငွေလိမ်ဂိုဏ်းခွင်တခုချင်းစီထက် ၎င်းတို့နောက်ကွယ်ရှိ ကွန်ရက်များကို ဦးစားပေးနှိမ်နင်းနေပြီး လိမ်လည်မှု အက်ပ် application ရေးဆွဲသူများနှင့် အလုပ်သမားများကို ကြွေးမြီဖြင့်ချည်နှောင်ကာ စည်းရုံးသွေးဆောင်သူများကို ပစ်မှတ်ထားနေကြောင်း Bailey က ပြောသည်။ ငွေလိမ်ဂိုဏ်းခွင်များအတွင်းရှိ အလုပ်သမားအများစုမှာ အခြားသူများကို ပြန်လည်လိမ်လည်ရန် အတင်းအကျပ်ခိုင်းစေခံရသည့် လူကုန်ကူးခံရသူများဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

Kings Roman Group၊ Prince Group နှင့် 14K Triad အပါအဝင် တရုတ်ရာဇဝတ်ဂိုဏ်းများသည် ဒေသတွင်းရှိ ငွေလိမ်ဂိုဏ်းခွင်များနှင့် ဆက်နွှယ်နေသော်လည်း တရုတ်အစိုးရက တိုက်ရိုက်ညွှန်ကြားလုပ်ဆောင်နေသည့် အထောက်အထားမျိုး FBI အနေဖြင့် မတွေ့ရှိရသေးကြောင်း ၄င်းက ဆိုသည်။

ထိုင်းနိုင်ငံသည် ငွေလိမ်ဂိုဏ်းများနှိမ်နင်းရေး တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုအတွက် “အရေးပါသော လုံခြုံရေးမိတ်ဖက်” နှင့် ဒေသတွင်းဗဟိုချက် ဖြစ်ကြောင်း FBI ဒုတိယညွှန်ကြားရေးမှူးချုပ် Bailey က ပြောကြားခဲ့သည်။

ဆက်စပ်သတင်းများ

AI Curated
မြန်မာရှိ တိုင်ချန်းငွေလိမ်ဂိုဏ်းခွင်မှ ဒေါ်လာသန်း ၃၀ ကို FBI သိမ်းဆည်း - BUR.MIZZIMA.COM | YGN Daily