
AI Summary
အာဏာသိမ်းစစ်တပ်သည် ရခိုင်-မကွေးကြားရှိ နတ်ရေကန်ဗျူဟာကုန်းကို ထိုးစစ်ဆင်ရာတွင် ထောက်ကူပေးနေသည့် ငဖဲမြို့နယ်၊ ဆုံကုန်းအမြောက်တပ် (မစခ ၉၀၅) သို့ အင်အား ၃၀၀ ခန့် ထပ်မံဖြည့်တင်းခဲ့သည်။ နတ်ရေကန်စစ်မျက်နှာတွင် စစ်တပ်က အကျအဆုံးများပြားနေပြီး "သက်ရှိသင်္ချိုင်း" ဟု တင်စားခံရသည်အထိ အထိနာနေသောကြောင့် ယခုကဲ့သို့ အင်အားဖြည့်တင်းခြင်းဖြစ်ကြောင်း စစ်ရေးရင်းမြစ်များက ပြောသည်။ လက်ရှိတွင် စစ်တပ်သည် နတ်ရေကန်သို့ မရောက်သေးဘဲ ဂုတ်ကြီးနှင့် ပဇီရွာများကိုပင် မကျော်နိုင်သေးဘဲ စစ်ကြောင်းထိုးလိုက်၊ နောက်ဆုတ်လိုက် ဖြစ်နေသည်။ အင်အားဖြည့်တင်းမှုသည် နတ်ရေကန်ကို ထိုးစစ်ဆင်ရန် ရည်ရွယ်သော်လည်း အခြေအနေမှာ မလွယ်ကူသေးကြောင်း သိရသည်။ ယခင်က တပ်မ ၈၈ နှင့် ၉၉ တို့ အထိနာခဲ့ပြီးနောက် ယခုအခါ စကခ ၁၇ တပ်များဖြင့် အာရက္ခတပ်တော်နှင့် တိုက်ခိုက်နေဆဲဖြစ်သည်။
နိရဉ္စရာ၊ ဇွန်၁၁/၂၀၂၆
ရခိုင်-မကွေးကြားမှရိုးမပေါ်ရှိ နတ်ရေကန်ဗျူဟာကုန်းကိုအဓိက ထိုးစစ်ဆင်ရာတွင် ထောက်ကူပေးနေသည့် နောက်တန်း အခြေစိုက် စခန်းတစ်ခုဖြစ်သည့် ငဖဲမြို့နယ်ထဲက ဆုံကုန်းအမြောက်တပ်မစခ(၉၀၅)ကိုအာဏာသိမ်းစစ်တပ်မှနောက်ထပ်အင်အား ၃၀၀ခန့်ထပ်မံအင်အား ဖြည့်တင်းလာခဲ့ကြောင်းသတင်း ရရှိသည်။
သက်ရှိသင်္ချိုင်းဟုတင်စားလေ့ရှိသော နတ်ရေကန်သို့ထိုးစစ်ဆင်ရာတွင် အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှအကျအဆုံးများနေသဖြင့် ပြုန်းတီးအင်အားများနေ၍ ဖြည့်တင်းပုံရသည့်ဟု တော်လှန်ရေး တပ်များနှင့် နီးစပ်သည့် စစ်ရေးရင်းမြစ်တစ်ခုက နိရဉ္စရာကို ပြောသည်။
" ဒီလ ၉ ရက်နေ့ ည ၅ နာရီလောက်မှာ ကားကြီး ၁၀စီး ကားငယ် ၂စီးနဲ့ဆုံကုန်း အမြောက်တပ်ကိုအင်အားထပ်ဖြည့်တာကိုတွေ့ရတယ်။ခန့်မှန်းအင်အားကအနည်းဆုံး ၃၀၀ကျော်လောက်ရှိနိုင်တယ်" ဟုပြောသည်။
ငဖဲမြို့မြို့နယ်အပိုင်၊ ပဒါန်းမြို့အနီးရှိ မစခ(၉၀၅) ဆုံကုန်းအမြောက်တပ်တွင်ထပ်မံပြီးအင်အား ဖြည့်တင်းလာသဖြင့် နတ်ရေကန်ဗျူဟာကုန်းကိုစစ်ကြောင်းထိုးရန်ရည်ရွယ်ပုံရသည်တစ်ခြားစစ်ရေးရင်းမြစ်တခုကလည်းနိရဉ္စရာကို ပြောသည်။
" လက်ရှိအချိန်ထိတော့စစ်တပ်ကနတ်ရေကန်ကို ရောက်ဖို့ထား။ ဂုတ်ကြီးနဲ့ပဇီရွာတွေကိုမကျော်နိုင်သေးဘူး။အကျအဆုံးများပြီး စစ်ကြောင်းထိုးလိုက် နောက်ဆုတ်လိုက်ဖြစ်နေတယ်။ အခုအင်အားဖြည့်တာကလည်း ဂုတ်ကြီးနဲ့ပဇီကိုကျော်ပြီးနတ်ရေကန်ဗျူဟာကို ထိုးစစ်ဆင်ဖို့ကြိုးစားနေတာ။ဒါပေမယ့် ထင်သလောက်တော့ မလွယ်နိုင်သေးဘူး" ဟု ပြောသည်။
နတ်ရေကန် စစ်မျက်နှာတွင်တပ်မ (၈၈)၊ တပ်မ (၉၉) တို့ အထိနာသွားခဲ့သည့်အတွက်၎င်းတပ်မများကို နောက်ဆုတ်ကာ အခုလက်ရှိ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(ရလခ) လက်အောက်ခံ စကခ (၁၇) တပ်များဖြင့်အခြေပြုပြီး အာရက္ခတပ်တော်နှင့် တိုက်ခိုက်နေခြင်း ဖြစ်ကြောင်း သိရှိရသည်။
နတ်ရေကန်ဒေသသည်မြန်မာစစ်မျက်နှာများအထဲတွင်စစ်ရေးအရအထင်ရှားဆုံး စစ်မျက်နှာမှာတစ်ခု ဖြစ်ပြီး ၂၀၂၄ ခုနှစ်နှောင်းပိုင်းကစတင်ပြီးစစ်မက်ပြင်းထန်ခဲ့သည်ဟု CDM ဗိုလ်ကြီး ဇင်ယော်က သုံးသပ်ပြောဆိုထားသည်။
၎င်းပြင်နတ်ရေကန်ကို စစ်သားများပို့ခံရပြီဆိုလျှင်ရှင်လျက်နှင့်သေနေရသလို ဘဝမျိုး ကိုရောက်သွားခဲ့ခြင်းကြောင့်“ပို့မယ်ဆိုတာနှင့်ပြေး၊ရောက်ပြီဆိုတာနှင့်ပြေး၊ လစ်ပြီဆိုတာနှင့်ပြေး ကြရခြင်း” တို့ကြောင့်နတ်ရေကန်ကို အကြမ်းဖက်စစ်တပ်လောကတွင်သက်ရှိသင်္ချိုင်း ဆိုပြီး တင်စားလေ့ ရှိပါသည်ဟုဗိုလ်ကြီးဇင်ယော်က ပြောဆိုသည်။