ရေကြည်တွင် လိမ်လည်စည်းရုံးခံရသည့် စစ်မှုထမ်း လူငယ် ၁ ဦး သေဆုံး

ရေကြည်တွင် လိမ်လည်စည်းရုံးခံရသည့် စစ်မှုထမ်း လူငယ် ၁ ဦး သေဆုံး

DVB
SourceDVB

AI Summary

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်မှ ကိုကျော်ကျော်သည် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှမြင့်က စစ်မှုထမ်းပါက ကျပ်သိန်း ၁၀၀ ကျော်ရမည်ဟု လိမ်လည်စည်းရုံးခဲ့သောကြောင့် စစ်မှုထမ်းအပို့ခံခဲ့ရသည်။ အုပ်ချုပ်ရေးမှူးသည် ကိုကျော်ကျော်ကို သူဌေးသားတစ်ဦး၏နေရာတွင် အစားထိုးထည့်သွင်းခဲ့ပြီး မိသားစုအား ကတိပေးထားသည့်ငွေအစား ကျပ် ၇ သိန်းသာ ပေးခဲ့သည်။ စစ်မှုထမ်းသင်တန်းတက်ရောက်ပြီးနောက် မွန်ပြည်နယ်ဘက်သို့ ရှေ့တန်းအပို့ခံရသည့် ကိုကျော်ကျော်သည် ဧပြီလ စတုတ္ထအပတ်တွင် သေဆုံးခဲ့သည်။ ၎င်းသေဆုံးပြီးနောက် တစ်လခန့်အကြာ မေလ ၂၈ ရက်နေ့မှသာ စစ်တပ်ဘက်က မိသားစုထံ အကြောင်းကြားခဲ့သည်။ ဒေသခံများ၏ ပြောကြားချက်အရ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှမြင့်သည် အစားထိုးကြေးများကို ကိုယ်ကျိုးအတွက် အသုံးပြုခဲ့ပြီး ယခုကဲ့သို့ လိမ်လည်မှုများစွာ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းက စစ်မှုထမ်းလူငယ်များ။ (Photo: MOI)

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်မှာ ကျေးရွာအုပ်ချုပ်ရေးမှူးက စစ်မှုထမ်းကြေး ကျပ် သိန်း ၁၀၀ ကျော် ရမယ်လို့ လိမ်လည်စည်းရုံး ခေါ်ခံရပြီး စစ်မှုထမ်းအပို့ခံရတဲ့ လူငယ် သေဆုံးသွားတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

သေဆုံးသွားသူမှာ ရေကြည်မြို့နယ်၊ မယင်းကူးကျေးရွာက ကိုကျော်ကျော် ဖြစ်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှမြင့်က စစ်မှုထမ်းပါက ထောက်ပံ့ကြေး ကျပ်သိန်း ၁၀၀ ကျော် ရမယ်လို့ စည်းရုံးကာ စစ်မှုထမ်းထဲ ထည့်ခဲ့ပြီး မိသားစုတွေကို ငွေကျပ် ၇ သိန်းသာ ပေးခဲ့တယ်လို့ သိရပါတယ်။

စစ်မှုထမ်းထဲ အပို့ခံရတဲ့ ကိုကျော်ကျော်ဟာ စစ်မှုထမ်းသင်တန်း အပတ်စဉ် ၇ တက်ရောက်ခဲ့ရပြီးနောက် မွန်ပြည်နယ်ဘက်က ရှေ့တန်းအပို့ခံရပတယ်။ ဧပြီ စတုတ္ထအပတ်က သေဆုံးသွားပြီး မေ ၂၈ ရက်မှာ စစ်တပ်ဘက်က မိသားစုတွေဆီ အကြောင်းကြားခဲ့တာလို့ သိရပါတယ်။

မိသားစုနဲ့နီးစပ်သူက “မိသားစုတွေကို ငွေသိန်း ၁၀၀ ကျော် ပေးလိုက်မယ်ဆိုပြီး ကိုကျော်ကျော်ကို အုပ်ကြီးက သူဌေးတယောက်ရဲ့သားနေရာ အစားထိုး ထည့်လိုက်တာ။ မိသားစုတွေကို အုပ်ကြီးက ငွေ ၇ သိန်းပဲ ပေးတယ်။ ထပ်မပေးဘူး။ အခုတော့ လူက သေသွားရရှာပြီ” လို့ ပြောပါတယ်။

ကိုကျော်ကျော်ကို ငွေကျပ် သိန်း ၁၀၀ ရမယ်လို့ လိမ်လည်ကာ စစ်မှုထမ်းဖို့ထည့်လိုက်တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှမြင့်က အစားထိုးကြေးရတဲ့ငွေကို ကိုယ်ကျိုးအတွက်သုံး စွဲခဲ့တာလို့ သိရပါတယ်။

ဒေသခံ ပြည်သူတယောက်က “အုပ်ကြီးလှမြင့်က စစ်မှုထမ်းကြေးကောက်တယ်။ ကင်းကြေး ကောက်တယ်။ သူဌေးတွေရဲ့ သားတွေနေရာမှာ မရှိဆင်းရဲသားတွေနဲ့ အစားထိုးတယ်။ အစားထိုးကြေးကို ဖြတ်စားတယ်။ လှမြင့် သူ့ လုပ်ရပ်က ပြောမကုန်ဘူး''လို့ ပြောပါတယ်။

ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှမြင့်က လိမ်လည်စည်းရုံးပြီး စစ်မှုထမ်းထဲထည့်ခဲ့တဲ့ ကိုကျော်ကျော်ဟာ မိသားစုနဲ့ အဆက်အသွယ်ပြတ်တောက်ခဲ့ပြီး သေဆုံးသွားပေမဲ့ မိသားစုကို စစ်အာဏာရှင်တပ်ဘက်က အချိန်တလလောက်အကြာရောက်မှ အကြောင်းကြားခဲ့တာလို့ သိရပါတယ်။

ဆက်စပ်သတင်းများ

AI Curated
ရေကြည်တွင် လိမ်လည်စည်းရုံးခံရသည့် စစ်မှုထမ်း လူငယ် ၁ ဦး သေဆုံး | YGN Daily