
ကမ္ဘာ့ဖလားဆုဖလားကြီးကို ပြန်မြင်တွေ့ရသဖြင့် ကြက်သီးထမိဟု ရှဝန်းစတိုင်ဂါပြော
AI Summary
ဇွန်လ ၂ ရက်နေ့တွင် ၂၀၂၆ ကမ္ဘာ့ဖလား ဆုဖလားလှည့်လည်ပြသခြင်း အစီအစဉ်အရ နယူးယောက်မြို့ရှိ အမေရိကန် သဘာဝသမိုင်းပြတိုက်၌ ကမ္ဘာ့ဖလားဆုဖလားကြီးကို အများပြည်သူသို့ ဖွင့်လှစ်ပြသခဲ့သည်။ ဤပွဲသို့ ၂၀၁၄ ကမ္ဘာ့ဖလားဆုရှင် ဂျာမန်ကစားသမားဟောင်း ဘက်စတီယန် ရှဝန်းစတိုင်ဂါနှင့် နယူးယောက်မြို့တော်ဝန် ဇိုရန်မန်ဒါနီတို့ တက်ရောက်ခဲ့ကြသည်။ ရှဝန်းစတိုင်ဂါက ဆုဖလားကို ပြန်လည်မြင်တွေ့ရ၍ ကြက်သီးထမိကြောင်းနှင့် လူငယ်ကစားသမားများအတွက် အားကျအတုယူစရာ ဖြစ်စေမည်ဟု ပြောကြားခဲ့သည်။ နယူးယောက်/နယူးဂျာစီဒေသသည် ၂၀၂၆ ကမ္ဘာ့ဖလား ဗိုလ်လုပွဲအပါအဝင် ပွဲစဉ် ၈ ပွဲအထိ လက်ခံကျင်းပမည်ဖြစ်ရာ ပြိုင်ပွဲကြီးကို ကြိုဆိုရန် အဆင်သင့်ဖြစ်နေပြီဟု မြို့တော်ဝန် မန်ဒါနီက ဆိုသည်။ ဘောလုံးဝါသနာရှင်များစွာလည်း ဆုဖလားကို လာရောက်လေ့လာကြည့်ရှုကာ အမှတ်တရ ဓာတ်ပုံများ ရိုက်ခဲ့ကြသည်။

ကမ္ဘာ့ဖလားဆုဖလားကြီးကို ပြန်လည်မြင်တွေ့ရလို့ ကြက်သီးထမိရကြောင်းနဲ့ လူငယ်ကစားသမား တွေ အတွက် အားကျအတုယူစရာ ဖြစ်စေမှာပါလို့ ကမ္ဘာ့ဖလားဆုရှင် ဂျာမန်ကစားသမားဟောင်း ရှဝန်းစတိုင်ဂါက ပြောပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလား ဆုဖလားလှည့်လည်ပြသခြင်း အစီအစဉ်အရ ဇွန်လ ၂ ရက်က နယူးယောက်မြို့ရှိ အမေရိကန် သဘာဝသမိုင်းပြတိုက်မှာ ကမ္ဘာ့ဖလားဆုဖလားကြီးကို အများပြည်သူကို ဖွင့်လှစ်ပြသ ချိန်မှာ ပြောကြားလိုက်တာပါ။
ဒီပွဲမှာ ဂျာမနီအသင်းနဲ့ အတူ ၂၀၁၄ ကမ္ဘာ့ဖလားဆွတ်ခူးခဲ့တဲ့ ဘက်စတီယန် ရှဝန်းစတိုင်ဂါနဲ့အတူ နယူးယောက်မြို့တော်ဝန် ဇိုရန်မန်ဒါနီလည်း တက်ရောက်ခဲ့ပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲအပါအဝင် ပွဲစဉ် ၈ ပွဲအထိ အိမ်ရှင်အဖြစ် လက်ခံကျင်းပမဲ့ နယူးယောက်/ နယူးဂျာစီဒေသဟာ ပြိုင်ပွဲကြီးကို ကြိုဆိုဖို့ အဆင်သင့်ဖြစ်နေပြီလို့ မြို့တော်ဝန် မန်ဒါနီက ပြောပါတယ်။
ဘောလုံးဝါသနာရှင်တွေကလည်း ကမ္ဘာ့ဖလားဆုဖလားကြီးကို လာရောက်လေ့လာကြည့်ရှု အမှတ်တရ ဓာတ်ပုံတွေ ရိုက်ခဲ့ကြပါတယ်။