အိုင်ဗရီကို့စ်နှင့် ပွဲတွင် ဂျာမနီနိုင်မည်ဟု ဆင်ကလေး တာရက် ခန့်မှန်း
sports||2 MIN READ

အိုင်ဗရီကို့စ်နှင့် ပွဲတွင် ဂျာမနီနိုင်မည်ဟု ဆင်ကလေး တာရက် ခန့်မှန်း

DVB
SourceDVB
Back to News

AI Summary

ဂျာမနီနိုင်ငံ ကိုလုံးမြို့ရှိ တိရစ္ဆာန်ရုံမှ တာရက်အမည်ရှိ ဆင်ကလေးသည် အိုင်ဗရီကို့စ်အသင်းနှင့် ယှဉ်ပြိုင်မည့် ကမ္ဘာ့ဖလားပွဲစဉ်တွင် ဂျာမနီအသင်း အနိုင်ရရှိမည်ဟု ခန့်မှန်းပေးခဲ့သည်။ တိရစ္ဆာန်ရုံဝန်ထမ်းများက နိုင်ငံအလံများပါသော ဘောလုံးများကို ချထားပေးရာတွင် တာရက်က ဂျာမနီအလံပါဘောလုံးကို နင်းခြေခြင်းဖြင့် အနိုင်ရမည့်အသင်းကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ယခင်ကလည်း ကျူရာဆောင်းအသင်းနှင့်ပွဲတွင် ဂျာမနီအနိုင်ရမည်ဟု မှန်ကန်စွာ ခန့်မှန်းပေးခဲ့ဖူးသဖြင့် ယခုပွဲစဉ်အတွက်လည်း ပရိသတ်များက စိတ်ဝင်တစား စောင့်မျှော်နေကြသည်။ အသက် ၂၀ အရွယ်ရှိ အာရှဆင် တာရက်သည် နူးညံ့သိမ်မွေ့သော အပြုအမူရှိသူဖြစ်ပြီး ဂျာမနီနိုင်ငံ၏ ပွဲရလဒ်ခန့်မှန်းသူအဖြစ် လူသိများလာသည်။ ဤခန့်မှန်းချက်ကြောင့် ဂျာမနီပရိသတ်များအကြား အောင်ပွဲရရှိရန် မျှော်လင့်ချက်များ မြင့်တက်လျက်ရှိသည်။

ထင်ရှားသော ပြောကြားချက်များ

"တာရက်ဟာ ကြမ်းတမ်းမှုတွေမရှိဘဲ နူးညံ့တဲ့ အပြုအမူ ရှိတယ်လို့ တိရစ္ဆာန်ရုံ ဝန်ထမ်းတွေက ပြောပါတယ်။"

Photo: Reuters

အိုင်ဗရီကို့စ်နဲ့ ကစားမဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂျာမနီအသင်း အနိုင်ရမယ်လို့ ဂျာမနီနိုင်ငံ ကိုလုံးမြို့က ဆင်ကလေး တာရက်က ခန့်မှန်းပေးထားပါတယ်။

တိရစ္ဆာန်ရုံဝန်ထမ်းတွေဟာ ဂျာမနီအလံပါဘောလုံး၊ အိုင်ဗရီကို့စ်အလံပါဘောလုံးနဲ့ အလယ်မှာ အဖြူရောင်ဘောလုံးတလုံးကို ချထားခဲ့တာပါ။

ဆင်ကလေး တာရက်ဟာ အဲဒီဘောလုံးတွေနားကနေ ဖြတ်လျှောက်သွားခဲ့ပြီးမှ ပြန်လာပြီး ဂျာမနီအလံပုံပါ ဘောလုံးကို ခြေထောက်နဲ့ နင်းခြေခဲ့တာပါ။

အလယ်မှာထားတဲ့ ဘောလုံးအဖြူကိုတော့ ရေကန်ထဲ ကန်ချခဲ့ပြီး အိုင်ဗရီကို့စ်အလံပါ ဘောလုံးကိုတော့ နှာမောင်းနဲ့ ယူဆောင်ခဲ့ပါတယ်။

ဆင်ကလေး တာရက်ဟာ ကျူရာဆောင်းနဲ့ ကစားခဲ့တဲ့ပွဲမှာ ဂျာမနီအနိုင်ရမယ်လို့ ခန့်မှန်းပေးခဲ့ဖူးပြီး အဲဒီအဖွင့်ပွဲမှာ ဂျာမနီက (၇-၁) ဂိုးနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

အဲဒီတုန်းကလည်း ဂျာမနီအလံပါ ဘောလုံးကို ခြေထောက်နဲ့ နင်းချေခဲ့ပြီး အလယ်မှာရှိတဲ့ ဘောလုံးကို လွှင့်ပစ်ခဲ့ကာ ကျူရာဆောင်းအလံပါ ဘောလုံးကိုတော့ နှာမောင်းနဲ့ပတ်ပြီး ယူဆောင်သွားခဲ့ဖူးပါတယ်။

ပထမပွဲမှာလည်း ဆင်ကလေး တာရက် မှန်ခဲ့တာကြောင့် ဒုတိယပွဲလည်း မှန်မယ်လို့ ဂျာမနီပရိသတ်တွေက မျှော်လင့်နေပါတယ်။

အသက် ၂၀ အရွယ်ရှိ ဆင်ကလေး တာရက်ဟာ အာရှဆင် ဖြစ်ပြီး ၂၀၂၂ ခုနှစ်က ကိုလုံးမြို့ကို ရောက်ရှိလာသူ ဖြစ်ပါတယ်။

တာရက်ဟာ ကြမ်းတမ်းမှုတွေမရှိဘဲ နူးညံ့တဲ့ အပြုအမူ ရှိတယ်လို့ တိရစ္ဆာန်ရုံ ဝန်ထမ်းတွေက ပြောပါတယ်။

ယူရို ၂၀၀၈ နဲ့ ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲတို့မှာ ပွဲရလဒ်ခန့်မှန်းရာမှာ နာမည်ကြီးခဲ့တဲ့ ရေဘဝဲ ပေါလ်ကလည်း ဂျာမနီနိုင်ငံက ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

AI Curated